Connect with us

North America

မာတင်လူသာကင်း (Martin Luther King) လုပ်ကြံခံရမှုဆိုင်ရာ ဖိုင်များ ထရမ့်အစိုးရက အများပြည်သူသိရှိရန် ထုတ်ပြန်

အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ရဟတ်ယာဉ်ဖြင့် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရှိရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ထရမ့်အစိုးရသည် စာရွက် ၂၃,၀၀၀ ကျော်ရှိသော ပြည်သူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်း (Martin Luther King) လုပ်ကြံခံရမှုဆိုင်ရာ ဖိုင်များကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် Tulsi Gabbard က ဇူလိုင် ၂၁ ရက်တွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။“လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးကာလမှာ မာတင်လူသာကင်း လုပ်ကြံခံရမှုနဲ့ စပ်လျဉ်းတဲ့ မေးခွန်းမျိုးစုံက အဖြေမရှိဘဲ ကျန်ရစ်နေရာ ဒီကနေ့တော့ စာရွက်ရေ ၂၃၀,၀၀၀ ရှိတဲ့ သက်ဆိုင်ရာဖိုင်ကို အများပြည်သူသိရှိဖို့ ကျွန်မတို့ ထုတ်ပြန်လိုက်ပါပြီ” ဟု Tulsi Gabbard က အဆိုပါနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ထိုဖိုင်စာရွက်စာတမ်းများကို အမေရိကန်အမျိုးသားမော်ကွန်းတိုက်၏ ဝက်ဘ်ဆိုက်တွင် ရှာဖွေကြည့်ရှုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဤစာရွက်စာတမ်းများတွင် FBI ၏ ထိုအမှုအတွက် စုံစမ်းစစ်ဆေးမှုအသေးစိတ်များ၊ ဥပမာ- ဖြစ်နိုင်ခြေရှိသော သဲလွန်စများအပေါ် ဆွေးနွေးမှုများနှင့် အမှုတိုးတက်မှု မှတ်တမ်းတင်ထားသော FBI ဌာနတွင်း မှတ်စုတိုများ စသည့် အချက်အလက်များ ပါဝင်ကြောင်း တရားဝင် ကြေညာချက်အရ သိရသည်။

ဇန်နဝါရီ ၂၃ ရက်တွင် အမေရိကန်သမ္မတ ထရမ့်က အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီနှင့် ၎င်း၏ ညီဖြစ်သူ အထက်လွှတ်တော်အမတ် ရောဘတ် အက်ဖ် ကနေဒီ၊ လူမဲ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်းတို့ လုပ်ကြံခံရမှုဆိုင်ရာ ကျန်ရှိနေသော မှတ်တမ်းအားလုံး၏ လျှို့ဝှက်ချက်ကို ရှင်းလင်းသည့် ညွှန်ကြားချက် အမိန့်ကြေညာစာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

မာတင်လူသာကင်းသည် ၁၉၆၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ မန်ဖစ်မြို့တွင် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည်။ ၎င်းက လူမျိုးရေး တန်းတူညီမျှမှု၊ တရားမျှတ၍ သမာသမတ်ကျမှုတို့အတွက် တစ်သက်တာ ကြိုးပမ်းခဲ့ပြီး နာမည်ကျော် မိန့်ခွန်း “I Have a Dream” ကို ပြောကြားခဲ့ဖူးသည်။ (Xinhua)
…………………………………
(Chinese Version)
特朗普政府公开马丁·路德·金遇刺案档案
新华社华盛顿7月21日电(记者熊茂伶)美国国家情报总监图尔茜·加巴德21日在社交媒体上宣布,特朗普政府已公开超过23万页的民权领袖马丁·路德·金遇刺案相关档案。
加巴德当天在社交媒体上发文称,“近60年来,关于马丁·路德·金遇刺案的种种疑问悬而未决,今天我们终于公开了23万页的相关档案”。她表示,档案文件可在美国国家档案馆的网站上查询。
根据官方声明,这些文件包含联邦调查局对该案的调查细节,如对潜在线索的讨论以及记录案件进展的联邦调查局内部备忘录等信息。
1月23日,美国总统特朗普曾签署行政令,指示解密美国前总统约翰·F·肯尼迪及其参议员弟弟罗伯特·F·肯尼迪和黑人民权运动领袖马丁·路德·金遇刺案的全部剩余档案。
马丁·路德·金于1968年在美国孟菲斯市遇刺身亡。他为种族平等、公平公正奔走一生,曾发表著名演说《我有一个梦想》。(完)
图说:7月13日,美国总统特朗普乘直升机返抵华盛顿白宫。新华社记者胡友松摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.