Connect with us

Europe

ရုရှား-ယူကရိန်းနှစ်ဖက်၏ စာချွန်လွှာမူကြမ်းတွင် ရပ်တည်ချက်များ လုံးဝကွဲလွဲနေဟု ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဆို

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း နှစ်နိုင်ငံပဋိပက္ခ ဖြေရှင်းရေးနည်းလမ်းအတွက် ရုရှားနှင့် ယူကရိန်းတို့က ကိုယ်စီတင်ပြသည့် စာချွန်လွှာမူကြမ်း အသီးသီးတွင် ရပ်တည်ချက်များ လုံးဝကွဲလွဲနေကြောင်း၊ အနာဂတ်တွင် သံတမန်ရေးလုပ်ငန်းများစွာ လုပ်ဆောင်ရန် ရှိသေးကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက ဇူလိုင် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ရုရှား-ယူကရိန်းနှစ်ဖက်သည် အဆိုပါ စာချွန်လွှာမူကြမ်း နှစ်ရပ်နှင့်စပ်လျဉ်း၍ သဘောထားအမြင်များ ဖလှယ်ကာ ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ “ဒါကြောင့် အနာဂတ်မှာ သံတမန်ရေးလုပ်ငန်း အများအပြား လုပ်ဆောင်ဖို့ ရှိပါသေးတယ်” ဟု Dmitry Peskov က ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားဘက်သို့ ယခုသီတင်းပတ်အတွင်း အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှု ကျင်းပရန် အဆိုပြုပြီးဖြစ်ကြောင်း ထိုမတိုင်မီသတင်းဖော်ပြမှုများရှိသည်။ ယင်းနှင့်စပ်လျဉ်း၍ ရုရှားအနေဖြင့် တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရန် သဘောတူကြောင်း၊ ကျင်းပမည့်ရက်အား နောက်ဆုံးအတည်ပြုပြီးသည်နှင့် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း Dmitry Peskov က ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ ဇူလိုင် ၂၀ ရက် ညသန်းခေါင်ယံမှ ၂၁ ရက် နံနက်ပိုင်းအထိ ရုရှားစစ်တပ်သည် “Dagger” အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် စသည်တို့ အပါအဝင် ပစ်မှတ်တိကျမှုမြင့်မားသော အဝေးမှထိန်းချုပ်သည့် ဝေဟင်အခြေပြု၊ မြေပြင်အခြေပြုနှင့် ပင်လယ်အခြေပြု လက်နက်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုကာ ယူကရိန်း စစ်ရေးစက်မှုလုပ်ငန်း ကုမ္ပဏီ၊ စစ်ဘက်သုံးလေဆိပ် အခြေခံအဆောက်အဦများကို အစုလိုက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ သတ်မှတ်ထားသော ပစ်မှတ်အားလုံး ထိမှန်သွားပြီး တိုက်ခိုက်သည့်ရည်ရွယ်ချက် အောင်မြင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်က ဇွန် ၂၇ ရက်တွင် ထိုမတိုင်မီ ယူကရိန်းနှင့် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရရှိထားသည့် သဘောတူညီချက် အကြောင်းအရာများအား အကောင်အထည်ဖော်ပြီးမှသာ ရုရှား-ယူကရိန်း နှစ်ဖက်သည် တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် ယင်းအတွက် ပြင်ဆင်မှု လုပ်ဆောင်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှု၏ အကြောင်းအရာသည် နှစ်နိုင်ငံပဋိပက္ခအား ဖြေရှင်းရေးနည်းလမ်းနှင့်စပ်လျဉ်း၍ စာချွန်လွှာ မူကြမ်းအား ဆွေးနွေးမှုဖြစ်ကြောင်း ရုရှားမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

ရုရှား-ယူကရိန်းနှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့သည်။ နှစ်ဖက်က “အားလုံးဖြင့် အားလုံးကိုလဲလှယ်ခြင်း” အခြေခံမူဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားသူနှင့် ရောဂါပြင်းထန်သူစစ်သုံ့ပန်းများ အားလုံးကို လဲလှယ်ရန်နှင့် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းနှင့် ကျဆုံးသွားသောစစ်သည် ရုပ်အလောင်းများကို ပမာဏ အများအပြား လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

——————-
(Chinese Version)
俄总统新闻秘书:俄乌双方备忘录草案立场截然相反
新华社莫斯科7月21日电(记者刘恺)塔斯社21日援引俄罗斯总统新闻秘书佩斯科夫的话报道说,俄方与乌克兰方面各自提交的关于解决两国冲突方案的备忘录草案立场截然相反,未来还有许多外交工作要做。
佩斯科夫说,俄乌双方需要就这两份备忘录草案交换意见并进行谈判,“因此未来还有很多外交工作要做”。
此前有报道称,乌方已向俄方提议本周举行新一轮谈判。佩斯科夫对此表示,俄方赞成举行第三轮谈判,一旦最终确定日期将会公之于众。
此外,俄国防部21日发布通报说,20日深夜至21日凌晨,俄军使用包括“匕首”高超音速导弹等高精度远程空基、陆基和海基武器以及攻击型无人机对乌克兰军工企业、军用机场基础设施实施了集群打击。所有预定目标均被击中,打击目的达成。
据俄罗斯媒体报道,俄总统普京6月27日表示,在落实完此前与乌克兰在土耳其伊斯坦布尔达成的协议内容后,俄乌双方将举行第三轮谈判,俄罗斯已为此做好准备。第三轮谈判的主题将是讨论关于解决两国冲突方案的备忘录草案。
俄乌两国代表团6月2日在伊斯坦布尔举行了第二轮直接谈判,双方同意以“全部换全部”原则交换所有重伤和重病战俘,并大规模交换25岁以下战俘和阵亡军人遗体。(完)
图说:这是4月24日在俄罗斯莫斯科拍摄的克里姆林宫。新华社发(亚历山大摄)