China
အာရှ အခြေခံအဆောက်အုံ ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ပန်ဒါငွေချေးစာချုပ် ယွမ် ၂ ဘီလီယံထုတ်ပြန်ရာ ဈေးကွက်တွင် တက်ကြွစွာဝယ်ယူကြ

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အာရှ အခြေခံအဆောက်အုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် မကြာသေးမီရက်ပိုင်းက ဘဏ်များအကြား ဈေးကွက်တွင် ယွမ် ၂ ဘီလီယံရှိသည့် ၂ နှစ်တာ ပန်ဒါငွေချေးစာချုပ် (Panda Bonds) အား ထုတ်ပြန်ခဲ့ရာ ငွေချေးစာချုပ်ပေါ်ပါ အတိုးနှုန်းမှာ ၁.၆၄ ရာခိုင်နှုန်းဖြစ်ပြီး ဈေးကွက်တွင် တက်ကြွစွာ ဝယ်ယူကြကြောင်း သိရသည်။
ယခုအကြိမ် ထုတ်ပြန်မှုတွင် စုစုပေါင်း ယွမ် ၆.၄ ဘီလီယံ ရှိသည့် ဝယ်ယူမှုအမှာစာ လက်ခံရရှိထားပြီး ပမာဏကျော်လွန်သည့် ဝယ်ယူမှု ၃.၂ ဆ ဖော်ဆောင်နိုင်ခဲ့ရာ ဝယ်ယူမှုအဆသည် AIIB ပန်ဒါငွေချေးစာချုပ် ထုတ်ပြန်မှု မှတ်တမ်းတင်ခဲ့ကြောင်း သတင်းထောက်က AIIB မှ သိရှိရသည်။ ယခုအကြိမ် အရောင်းအဝယ် ပြုလုပ်မှုသည် အဖွဲ့အစည်းပေါင်း ၃၀ ကျော် ပါဝင်ရန် ဆွဲဆောင်ခဲ့ပြီး AIIB ပန်ဒါငွေချေးစာချုပ် ထုတ်ပြန်မှုတွင် ပါဝင်သောအဖွဲ့အစည်း အရေအတွက် စံချိန်တင်ခဲ့ရာ ၎င်းအနက် အသစ်ရင်းနှီးမြှုပ်နှံသူ ၂ ဦး ပါဝင်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံသူများ ဖြန့်ကြက်တည်ရှိမှုအရ ကြည့်ပါက ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ၆၀ ရာခိုင်နှုန်းနီးပါးရှိပြီး ၎င်းအနက် AIIB အမေရိကန်ဒေါ်လာ ငွေချေးစာချုပ် ဝယ်ယူမှုတွင် ပါဝင်ခဲ့ဖူးသည့် ပြည်ပဗဟိုဘဏ်နှင့် အခြားအစိုးရအဖွဲ့အစည်းများစွာလည်း ပါဝင်သည်။
AIIB ဘဏ္ဍာရေးဌာန အကြီးအကဲ Domenico Nardelli က “AIIB ရဲ့ ယုံကြည်ခံရမှုက ပြည်တွင်းနဲ့ ပြည်ပမှာ အရောင်းအဝယ်ပြုလုပ်တဲ့ ယွမ်ဈေးကွက် တစ်နေ့တခြား အားကောင်းလာတယ်ဆိုတာကို ယခုအကြိမ်ထုတ်ပြန်မှုက ဖော်ပြနေပြီး AIIB က ရင်းနှီးမြှုပ်နှံသူများနဲ့ ချိတ်ဆက်မှု ယန္တရား တည်ဆောက်မှုနဲ့ အမျိုးစုံလင်သော ရင်းနှီးငွေ ထည့်ဝင်မှု လမ်းကြောင်း တိုးချဲ့မှုအပိုင်းမှာ ကြိုးပမ်းမှုတွေကို ထင်ဟပ်စေပါတယ်” ဟု ပြောကြားခဲ့သည်။
AIIB သည် တရုတ်နိုင်ငံမှ အဆိုပြု၍ နိုင်ငံပေါင်း ၅၇ နိုင်ငံမှ အတူတကွ စုစည်းထူထောင်ထားသော နိုင်ငံတကာ နိုင်ငံစုံ ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဖြစ်သည်။ ၎င်းကို ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး လက်ရှိတွင် တစ်ကမ္ဘာလုံး၌ အဖွဲ့ဝင်ပေါင်း ၁၁၀ ပိုင်ဆိုင်ထားသည်။ ပန်ဒါငွေချေးစာချုပ်ကို ၇ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စုစုပေါင်း ထုတ်ပြန်မှုပမာဏမှာ ယွမ် ၁၆.၅ ဘီလီယံရှိကြောင်း သိရသည်။
လတ်တလောနှစ်ပိုင်းတွင် ပန်ဒါငွေချေးစာချုပ်ဈေးကွက်၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုသည် စဉ်ဆက်မပြတ် တိုးချဲ့လာလျက်ရှိသည်။ လက်ရှိအထိ ပန်ဒါငွေချေးစာချုပ်၏ စုစုပေါင်းထုတ်ပြန်မှုပမာဏသည် ယွမ် ၁ ထရီလီယံထက် ကျော်လွန်ခဲ့ပြီးဖြစ်ကာ ထုတ်ပြန်ရောင်းချထားသည့် အဖွဲ့အစည်းပေါင်း ၉၀ ကျော်ရှိပြီ ဖြစ်သည်။
ယခုနှစ်အတွင်း AIIB ၊ New Development Bank (NDB) ၊ အာဖရိက ပို့ကုန်သွင်းကုန်ဘဏ်၊ Mercedez-Benz ၊ Bayer စသည့် အဖွဲ့အစည်းများက ပန်ဒါငွေချေးစာချုပ်များ ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ရာ ဟန်ဂေရီအစိုးရ၊ Morgan Stanley တို့က မှတ်ပုံတင်မှုပမာဏ ယွမ် ၅ ဘီလီယံ၊ ယွမ် ၁၀ ဘီလီယံ အသီးသီး ရရှိထားခဲ့ပြီး မကြာမီကာလအတွင်း ထုတ်ပြန်သွားမည်ဖြစ်သောကြောင့် ၎င်းတို့က တရုတ်ဘဏ္ဍာရေးဈေးကွက်တွင် ပါဝင်လိုသည့် ခိုင်မြဲသည့်ယုံကြည်ချက်အား ထင်ဟပ်နေပေသည်။
ပန်ဒါငွေချေးစာချုပ်သည် ရင်းနှီးမြှုပ်နှံသူများအတွက် အရည်အသွေးကောင်းမွန်သော ယွမ်ပိုင်ဆိုင်မှု ပံ့ပိုးပေးနိုင်ကြောင်း၊ ဝင်ငွေအကျိုးအမြတ်တည်ငြိမ်မှု၊ အမျိုးစုံလင်သော ပိုင်ဆိုင်မှုလိုအပ်ချက်အား ဖြည့်ဆည်းနိုင်မှု စသည့်ထူးခြားချက်များကြောင့် ပန်ဒါငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံသူများ၏ ပါဝင်ဖွဲ့စည်းမှုသည် အဆက်မပြတ် အမျိုးစုံလင်ပြည့်ဝလာလျက်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။ (Xinhua)
———————
(Chinese Version)
亚投行成功发行20亿元熊猫债,市场认购踊跃
新华社北京7月22日电(记者任军、吴雨)亚洲基础设施投资银行(亚投行)近日在银行间市场发行20亿元2年期熊猫债,票面利率1.64%,市场认购踊跃。
记者从亚投行了解到,本次发行共获得64亿元人民币的认购订单,实现3.2倍超额认购,认购倍数创亚投行熊猫债发行纪录。此次交易吸引超30家机构参与,创下亚投行熊猫债发行参与机构数量纪录,其中包括12家新投资者。从投资者分布来看,境外投资者占比近六成,包括多家曾参与认购亚投行美元债的境外央行及其他官方机构。
“此次发行显示亚投行信用在离岸和在岸人民币市场日益增强,体现了亚投行在建设投资者沟通机制和拓展多元化融资渠道方面作出的努力。”亚投行司库长诺德礼表示。
亚投行是由中国倡议发起、57国共同筹建的国际多边开发银行,于2016年开始运营,目前在全球拥有110个成员,已先后发行7笔熊猫债,累计发行规模165亿元。
近年来,熊猫债市场的深度和广度持续拓展。截至目前,熊猫债累计发行规模突破1万亿元,发行机构超90家。今年以来,亚投行、新开发银行、非洲进出口银行、奔驰、拜耳等机构先后发行熊猫债,匈牙利政府、摩根士丹利已分别获得50亿元、100亿元注册额度,并拟于近期发行,反映出其参与中国金融市场的坚定信心。
专家表示,熊猫债可为投资者提供优质的人民币资产,收益稳定、满足多元化资产配置需求等特点正推动熊猫债投资者结构不断丰富。(完)
图说:这是2025年6月11日拍摄的位于北京市朝阳区天辰东路的亚洲基础设施投资银行总部外景。新华社记者 李鑫 摄