Connect with us

Asia

ဘင်္ဂလားဒေ့ရှ် လေတပ်လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် သေဆုံးသူ ၂၇ ဦး အထိ တိုးမြင့်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် လေ့ကျင့်ရေးလေယာဉ်ပျက်ကျရာနေရာ၌ မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့သည့် လေတပ်လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် သေဆုံးသူဦးရေ ၂၇ ဦးအထိ တိုးလာကြောင်း အဆိုပါနိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး၏ ကျန်းမာရေးနှင့် မိသားစုဖူလုံရေး ဝန်ကြီးဌာနဆိုင်ရာ အထူးလက်ထောက် Md Sayedur Rahman က ဇူလိုင် ၂၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သေဆုံးသူများတွင် ၂၅ ဦးမှာ ကလေးငယ်များဖြစ်ပြီး ယင်းအနက် အများအပြားမှာ အသက် ၁၂ နှစ်အောက်များဖြစ်ကာ ကျန်နှစ်ဦးမှာ လေယာဉ်မှူးနှင့် ဆရာမဖြစ်ကြောင်း၊ လက်ရှိတွင် ဒဏ်ရာရသူ အနည်းဆုံး ၇၈ ဦးသည် ဆေးရုံအများအပြားတွင် ကုသမှုခံယူနေဆဲဖြစ်ပြီး ဒဏ်ရာရသူ အချို့မှာ အရေးပေါ်အခြေအနေတွင်ရှိကြောင်း Sayedur က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ဇူလိုင် ၂၂ ရက်ကို နိုင်ငံအဆင့် ဝမ်းနည်းအောက်မေ့ဖွယ်ရာနေ့အဖြစ် နိုင်ငံတစ်ဝန်းရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ ထောက်ပံ့မှုနှင့် မကင်းသောအဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ စသည်တို့နှင့် ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံခြားသံရုံးများတွင် အလံများကို တိုင်တစ်ဝက်သို့ လွှင့်ထူထားရန် ဇူလိုင် ၂၁ ရက်က ကြေညာခဲ့သည်။

ယင်းလေ့ကျင့်ရေးလေယာဉ်သည် ဒေသစံတော်ချိန် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် ဒါကာမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုမှ ပျံသန်း၍ ပုံမှန်လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ၎င်းဒေသရှိ နှစ်ထပ် ကျောင်းဆောင်တစ်ခုပေါ်သို့ ပျက်ကျခဲ့ကြောင်း Inter Services Public Relations (ISPR) က ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် လေ့ကျင့်ရေးလေယာဉ်ပျက်ကျရာနေရာ၌ မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် လေ့ကျင့်ရေးလေယာဉ်ပျက်ကျရာနေရာ၌ မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် လေ့ကျင့်ရေးလေယာဉ်ပျက်ကျရာနေရာ၌ မီးသတ်သမားများ လုပ်ငန်းဆောင်ရွက်နေသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် လေယာဉ်ဝန်ထမ်းအား လေ့ကျင့်ရေးလေယာဉ်ပျက်ကျရာနေရာမှ ဆေးကုသမှုခံယူရန် ပို့ဆောင်သွားသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
孟加拉国空军教练机坠毁事故死亡人数升至27人
新华社达卡7月22日电(记者孙楠)孟加拉国临时政府首席顾问卫生与家庭福利特别助理穆罕默德·赛义杜尔·拉赫曼22日在新闻发布会上说,该国21日发生的空军教练机坠毁事故死亡人数升至27人。
赛义杜尔说,遇难者中有25人是儿童,其中许多不足12岁,另外两人分别为飞行员和女教师。目前仍有至少78名伤者在多家医院接受治疗,部分伤者伤情危急。
孟政府21日宣布22日为全国哀悼日,全国所有政府机构、半官方机构、教育机构及私营机构等,以及孟加拉国驻外使团,降半旗致哀。
孟三军公共关系局发布声明说,这架教练机于当地时间21日下午1时6分从一个位于达卡的空军基地起飞进行常规训练,数分钟后坠入当地一所学校的两层教学楼。(完)
图说1-4:7月21日,在孟加拉国首都达卡,消防人员在教练机坠毁现场工作。新华社发(哈比卜·拉赫曼摄)
图说5:7月21日,在孟加拉国首都达卡,人们将飞行员从教练机坠毁现场送去接受救治。新华社发