Africa & Middle East
နိုင်ငံများစွာ၏ ပူးတွဲကြေညာချက်ကို လက်ခံရန် ငြင်းပယ်ခြင်းက “လက်တွေ့နှင့် ကင်းကွာနေခြင်း” ကြောင့် ဟု အစ္စရေး ဆို

ဂျေရုဆလမ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဂါဇာအခြေအနေနှင့်စပ်လျဉ်းသည့် နိုင်ငံများစွာ၏ ပူးတွဲကြေညာချက်ကို လက်ခံရန် ငြင်းပယ်ကြောင်း၊ ယင်းမှာ “လက်တွေ့နှင့် ကင်းကွာနေကြောင်း” အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အနေဖြင့် အပစ်ရပ်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ လွတ်မြောက်ရေး သဘောတူညီချက် မရရှိမှုအတွက် တာဝန်ခံသင့်ကြောင်း အဆိုပါကြေညာချက်တွင် ပြောကြားခဲ့သည်။
နိုင်ငံများစွာ၏ ပူးတွဲကြေညာချက်က ဟားမက်စ်ကို ဖိအားမပေးဘဲ ဟားမက်စ်ကို “မှားယွင်းသည့် သတင်းစကားပါး” ခဲ့ကြောင်း ကြေညာချက်က ပြစ်တင်ဝေဖန်ခဲ့သည်။
လက်ရှိအပစ်ရပ်ရေးအဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဘက်က ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း ဟားမက်စ်က “ငြင်းပယ်” ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုအနေ့အစောပိုင်းတွင်ပင် ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသတိုက်ပွဲအား ချက်ချင်း အဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး အစ္စရေးက နိုင်ငံတကာ လူသားချင်းထောက်ထားစာနာမှု ဥပဒေတွင် သတ်မှတ်ထားသော တာဝန်ဝတ္တရားများကို လိုက်နာရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံပစ္စည်းများအပေါ် ကန့်သတ်ချက်အား ချက်ချင်း ပယ်ဖျက်ပေးရန် တိုက်တွန်းခဲ့သည်။ ဥရောပကော်မရှင်၏ အရေးပေါ်ပြင်ဆင်ရေး၊ အကျပ်အတည်း စီမံခန့်ခွဲရေးနှင့် တန်းတူညီမျှရေးဆိုင်ရာ ကော်မရှင်နာများကလည်း အဆိုပါကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)
——————
(Chinese Version)
以色列拒绝接受多国联署声明 称其“脱离现实”
新华社耶路撒冷7月21日电 以色列外交部21日发表声明,拒绝接受多国有关加沙局势的联署声明,称其“脱离现实”。
声明说,巴勒斯坦伊斯兰抵抗运动(哈马斯)应为未能达成停火和被扣押人员获释协议承担责任。声明批评多国联署声明未对哈马斯施加压力,向哈马斯传递了“错误信息”。声明称,以方多次表示接受现有停火提案,但哈马斯“拒绝”。
同日早些时候,包括英国、澳大利亚、加拿大、日本、法国在内的20多个国家的外交部长发表联署声明,要求立即结束加沙地带战争,敦促以色列遵守国际人道主义法规定的义务,立即解除对人道主义援助物资的限制。欧盟委员会负责应急准备、危机管理和平等事务的委员也在声明上签字。(完)
1. 7月21日,巴勒斯坦民众在加沙城的一所医院悼念以军袭击中的遇难者。新华社发(马哈茂德·扎基摄)