North America
အီရန်နျူကလီးယားအဆောက်အဦများကို လိုအပ်ပါက ထပ်မံတိုက်ခိုက်သွားမည်ဟု ထရမ့် ဆို

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် အီရန်နျူကလီးယားအဆောက်အဦများကို လိုအပ်ပါက ထပ်မံတိုက်ခိုက်သွားမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုမတိုင်မီ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်နျူကလီးယားအဆောက်အဦများ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပြင်းပြင်းထန်ထန်ပျက်စီးခဲ့သည်ကို ဝန်ခံခဲ့သော်လည်း ယူရေနီယံသန့်စင်ရေး အစီအစဉ်ကိုမူ စွန့်လွှတ်မည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။
Abbas Araghchi ၏ နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်းသည့် သဘောထားကို တုံ့ပြန်ရန် ထရမ့်က ယင်းနေ့တွင် “Truth Social” လူမှုကွန်ရက်စာမျက်နှာ၌ ပို့စ်တင်ဖော်ပြခဲ့သည်။ “ကျုပ်ပြောသလိုပဲ အကယ်၍လိုအပ်မယ်ဆိုရင် ကျုပ်တို့ နောက်ထပ်တစ်ကြိမ်လုပ်ပါလိမ့်မယ်” ဟု ထရမ့်က ရေးသားခဲ့ခြင်း ဖြစ်သည်။
အီရန်နျူကလီးယား အဆောက်အဦများ တိုက်ခိုက်ခံရပြီးနောက် ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း၊ သို့သော် “ကျွန်တော်တို့အနေနဲ့ ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်လို့မရဘူးဆိုတာ သိသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အီရန် သိပ္ပံပညာရှင်တွေ ရရှိခဲ့တဲ့အောင်မြင်မှုဖြစ်လို့ပါ” ဟု Abbas Araghchi က ဇူလိုင် ၂၁ ရက် အစောပိုင်းတွင် အမေရိကန်မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံရာတွင် ပြောကြားခဲ့သည်။
အနာဂတ် မည်သည့်နျူကလီးယားသဘောတူညီချက်မဆို ယူရေနီယံသန့်စင်သည့် အခွင့်အရေးနှင့် အကျိုးစီးပွား မဖြစ်မနေပါဝင်ရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
သန့်စင်ယူရေနီယံများကို လေကြောင်းတိုက်စဉ်အတွင်း ထိန်းသိမ်းနိုင်ခဲ့ပါသလောဟု မေးမြန်းရာတွင် Abbas Araghchi က ၎င်းတွင် “အသေးစိတ် အချက်အလက်များ မရှိကြောင်း”၊ အီရန်အဏုမြူစွမ်းအင်အဖွဲ့၏ အကဲဖြတ်သုံးသပ်ချက် လိုအပ်သေးကြောင်း ပြောကြားခဲ့သည်။
ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် အီရန်ကို အစ္စရေးက လေကြောင်းဖြင့် အကြီးအကျယ်တိုက်ခိုက်ခဲ့ရာ ထို့နောက်မကြာမီတွင်ပင် အစ္စရေး-အီရန် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇွန် ၂၁ ရက်တွင် ထရမ့်က အမေရိကန်အနေဖြင့် အီရန် နျူကလီးယား အဆောက်အဦ နေရာသုံးခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ အီရန်နျူကလီးယားအဆောက်အဦများ “အပြည့်အဝ ဖျက်ဆီးခံလိုက်ရကြောင်း” ထရမ့်က ကြိမ်ပေါင်းများစွာ ကြေညာခဲ့သော်လည်း တိုက်ခိုက်သည့် ထိရောက်မှု မည်သို့ရှိသည်မှာ တောက်လျှောက် အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ (Xinhua)
—————-
(Chinese Version)
特朗普:如有必要将再次打击伊朗核设施
新华社华盛顿7月21日电 美国总统特朗普21日表示,如有必要,美国将再次打击伊朗核设施。此前,伊朗外长阿拉格齐承认伊朗核设施遭空袭后受损严重,但强调不会放弃铀浓缩计划。
特朗普当天在社交媒体平台“真实社交”上发文,回应阿拉格齐关于核计划的表态。特朗普写到:“就像我说的,如果有必要,我们会再来一次!”
21日早些时候,阿拉格齐接受美国媒体采访时说,伊朗核设施遭袭后受损严重,但“我们显然不能放弃铀浓缩计划,因为这是伊朗科学家取得的成就”。他强调,未来的任何核协议都必须包含铀浓缩的权利。当被问及是否有浓缩铀在空袭中得以保存时,阿拉格齐表示,他“没有详细信息”,尚需伊朗原子能组织评估。
以色列6月13日凌晨对伊朗实施大规模空袭,以伊随后互相发动多轮袭击。美国东部时间6月21日,特朗普宣布美军空袭了伊朗三处核设施。特朗普多次称伊朗核设施已被“完全摧毁”。不过,打击效果如何一直存在争议。(完)
1. 7月15日,美国总统特朗普在华盛顿白宫回答记者提问。新华社记者 胡友松 摄