Connect with us

China

၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဇူလိုင် ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မကြာမီတွင် ကျင်းပမည့် ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့ပြီး လက်ရှိ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးကို သုံးသပ်ခဲ့သည်။

ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့်နှစ်ဖြစ်သလို ကုလသမဂ္ဂထူထောင်ခြင်း နှစ် ၈၀ ပြည့်နှစ်လည်း ဖြစ်ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ ရာစုနှစ် အပြောင်းအလဲများသည် အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတကာအခြေအနေများသည်လည်း ကမောက်ကမနှင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျကြီးစိုးမှု လုပ်ရပ်များသည် နိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ရိုက်ခတ်နေရာ လူသားမျိုးနွယ် လူမှုအသိုင်းအဝိုင်းသည် အဓိကကျသော လမ်းဆုံလမ်းခွသို့ ထပ်မံရောက်ရှိနေကြောင်း၊ ဗဟုဝင်ရိုးအသွင်ပြောင်းလဲမှုအား တွန်းအားပေးသော အင်အားကြီး ၂ ရပ်၊ ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းလဲမှုအား ထောက်ခံအားပေးသော ဈေးကွက်ကြီး ၂ ခု၊ အမျိုးစုံလင်ကြွယ်ဝမှုကို အားပေးအဆိုပြုသော ယဉ်ကျေးမှုကြီး ၂ ရပ် အနေဖြင့် တရုတ်-ဥရောပသမဂ္ဂတို့ ယခုအကြိမ်ကျင်းပသော ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသည် အရေးပါသော အနက်အဓိပ္ပာယ်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ခံရကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

“ရာစုနှစ်ဝက် တစ်လျှောက်တွင် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးသည် အခက်အခဲများ ရင်ဆိုင်ကျော်လွှားခဲ့ပြီး တည်ငြိမ်ရင့်ကျက်မှုဆီ စဉ်ဆက်မပြတ် ဦးတည်လာခဲ့ရာ ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံး နှစ်ဖက်ဆက်ဆံရေးများအနက် တစ်ခုဖြစ်လာခဲ့တယ်။ တရုတ်-ဥရောပသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ကြွယ်ဝတဲ့အောင်မြင်မှုရလဒ်တွေ ရရှိခဲ့ရာ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစွာ ပံ့ပိုးပေးခဲ့တယ်။ ၂ ဘီလီယံ နီးပါးရှိတဲ့ တရုတ်-ဥရောပသမဂ္ဂ ပြည်သူတွေအတွက် အမှန်အကယ် ထင်သာမြင်သာရှိတဲ့ အကျိုးစီးပွားဆောင်ကြဉ်းပေးခဲ့သလို ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုအတွက် အရေးပါတဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်။ ဒါ့အပြင် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းတဲ့ ခေတ်မှာ အပြန်အလှန်အကျိုးပြုပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာတစ်ခုအဖြစ် ရပ်တည်ခဲ့တယ်။ နှစ်ဖက် နှစ်စဉ်ကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၂.၄ ဘီလီယံကနေ ၇၈၅.၈ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုမှာလည်း တိုးတက်မှုမရှိလုနီးပါးကနေ ကန်ဒေါ်လာ ၂၆၀ ဘီလီယံနီးပါးအထိ မြင့်မားလာခဲ့တယ်။ လူပုဂ္ဂိုလ်တွေရဲ့ ကူးလူးဆက်ဆံမှု တစ်နေ့တစ်ခြား ပိုမိုနီးကပ်လာခဲ့ပြီး ရာသီဥတုပြောင်းလဲမှုစတဲ့ ကဏ္ဍတွေမှာ ထိရောက်မှုကြွယ်ဝတဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်” ဟူ၍ ကောကျားခွန်းက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးသည်လည်း စိန်ခေါ်မှုတချို့နှင့် ရင်ဆိုင်နေရကြောင်း၊ ဥရောပဘက်မှ တချို့သောလူများသည် တရုတ်နှင့်ဆက်ဆံရေး “အနေအထား သုံးရပ်” ကို အဆက်မပြတ် အားကောင်းစေပြီး စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ တိကျသောပြဿနာများကို တစ်ဖက်စောင်းနင်း ချဲ့ကားဖော်ပြကာ ယူကရိန်းအရေးတွင် တရုတ်နိုင်ငံအား အကြောင်းမဲ့ အပြစ်တင်ခြင်းသည် တရုတ်-ဥရောပဆက်ဆံရေးကို မလိုအပ်သော အနှောင့်အယှက်များ ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နှစ် ၅၀ ကြာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက် တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေးသည် လုံလောက်တဲ့ အတွေ့အကြုံနဲ့ အပြုသဘောဆောင်တဲ့စွမ်းအားများ စုဆောင်းခဲ့ရာ အပြောင်းအလဲ၊ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပါပြီ” ဟူ၍ ကောကျားခွန်းက ပြောကြားခဲ့သည်။

၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအား မကြာမီတွင် ကျင်းပတော့မည်ဖြစ်ပြီး တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေး အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့ဆက်လက်လှမ်းချီမည့် အရေးကြီး အခိုက်အတန့်တွင် တည်ရှိနေကြောင်း၊ ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ လျှောက်လှမ်းကာ ဘက်စုံဖြစ်သော၊ ကျိုးကြောင်းဆင်ခြင်၍ အမှန်တရားကို ဆန်းစစ်ရှာဖွေသော၊ ဖွံ့ဖြိုးတိုးတက်သော အမြင်ဖြင့် တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေးကို ရှုမြင်ရန်၊ တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေး၏ လွန်ခဲ့သော နှစ် ၅၀ အတွေ့အကြုံလမ်းညွှန်မှုများကို နက်ရှိုင်းစွာ သုံးသပ်ပြီး ခေတ်ရေစီးကြောင်းနှင့် နှစ်ဖက်ပြည်သူ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်များနှင့်အညီ သဘောတူညီမှုများစုဆောင်းကာ ကွဲလွဲမှုများကို ကျော်လွှား၍ နောက်ထပ် နှစ် ၅၀ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွရေးဆွဲရန်၊ တရုတ်-ဥရောပသမဂ္ဂ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်သော အနာဂတ် အတူတကွ ဖန်တီးရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
外交部发言人谈中方对第二十五次中国—欧盟领导人会晤期待
新华社北京7月21日电(记者冯歆然、邵艺博)外交部发言人郭嘉昆21日在例行记者会上就即将举行的第二十五次中国—欧盟领导人会晤介绍了中方期待,并对当前中欧关系进行评价。
郭嘉昆说,今年是中国欧盟建交50周年,也是联合国成立80周年。当前,世界百年变局加速演进,国际形势变乱交织,单边主义、霸凌行径严重冲击国际秩序和国际规则,人类社会再次来到关键十字路口。作为推动多极化的两大力量、支持全球化的两大市场、倡导多样性的两大文明,中欧在此时举行领导人会晤,具有重要意义,国际社会广泛关注。
“半个世纪以来,中欧关系历经风雨,不断走向成熟稳定,已经成为世界上最具影响力的双边关系之一。中欧合作取得丰硕成果,有力支持彼此发展进步,为近20亿中欧人民带来实实在在的福祉,为促进世界和平与发展作出重要贡献,为经济全球化时代互利合作树立典范。双方年贸易额从24亿美元增长到7858亿美元,双向投资存量从几乎为零增长到近2600亿美元,人员往来日益密切,在应对气候变化等领域开展富有成效的协调合作。”郭嘉昆说,同时,中欧关系也面临一些挑战。欧方一些人不断强化对华关系“三重定位”,片面夸大经贸具体问题,在乌克兰问题上无端指责中方,给中欧关系造成不必要的干扰。
“中方始终相信,经过50年的发展,中欧关系积累了足够的经验和正能量,可以应对风云变幻、困难挑战。”郭嘉昆说,第二十五次中国—欧盟领导人会晤举行在即,中欧关系正处在承前启后、继往开来的重要时刻。中方期待欧方同中方相向而行,以全面、辩证、发展的眼光看待中欧关系,深入总结中欧关系过去50年的经验启示,顺应时代潮流和双方人民及国际社会共同期待,凝聚共识、超越分歧,共同规划下一个50年合作,携手开创中欧全面战略伙伴关系更加美好的未来。(完)