Connect with us

International Organizations

ဆင်တုပ်ကွေးရောဂါ အများအပြားဖြစ်ပွားလာမှုကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင် သတိပေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ်၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်အား ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပညာရှင်က ခြင်မှတစ်ဆင့် ကူးစက်သည့် ဆင်တုပ်ကွေးရောဂါ (Chikungunya) နှင့် စပ်လျဉ်း၍ ဇူလိုင် ၂၂ ရက်တွင် သတိပေးပြောကြားခဲ့ရာ ကူးစက်ရောဂါ ပမာဏအများအပြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာမှုကို ရှောင်ကြဉ်နိုင်ရေးအတွက် နိုင်ငံအသီးသီးအနေဖြင့် ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားရန် သတိပေးခဲ့သည်။

လက်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၁၉ ခု၌ ဆင်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေကို တွေ့ရှိရကြောင်း၊ လူပေါင်း ၅.၅ သန်းခန့်သည် ဤကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်၏ အန္တရာယ်ကို ရင်ဆိုင်နေရပြီး ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ကာ ကျန်းမာရေးစနစ်ကို ဖိအားဖြစ်စေနိုင်ကြောင်း ယင်းနေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ဆိုင်ရာအဖွဲ့ တာဝန်ခံ Diana Rojas Alvarez က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က ဆင်တုပ်ကွေးကူးစက်ရောဂါသည် အိန္ဒိယသမုဒ္ဒရာဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကွဲဖြစ်ပွားခဲ့ဖူးရာ လူပေါင်း ၅ သိန်းခန့်ကို သက်ရောက်မှု ရှိခဲ့သည်။ ကူးစက်သူများတွင် အများအားဖြင့် ကိုယ်အပူချိန်မြင့်မားခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့် ရုတ်ခြည်းလက္ခဏာများ ဖြစ်ပေါ်တတ်ပြီး သေဆုံးနိုင်မှုအခြေအနေ အလွန်နည်းပါးကြောင်း Diana Rojas Alvarez ၏ မိတ်ဆက် ပြောကြားချက်များအရ သိရသည်။

ယခုနှစ်မှစ၍ အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်နယ်မြေဖြစ်သော Réunion ကျွန်းတွင် လူဦးရေ သုံးပုံတစ်ပုံခန့်က ဆင်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခဲ့ကြောင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် စသည့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ဆင်တုပ်ကွေးဗိုင်းရပ်စ် ပြန့်ပွားနေမှုကို တွေ့ရှိရကြောင်း၊ ထို့အပြင် ပြင်သစ်၊ အီတလီ စသည့် ဥရောပနိုင်ငံများကလည်း မကြာသေးမီရက်ပိုင်းက ကူးစက်သူ ဝင်ရောက်ကြောင်းနှင့် ဒေသတွင်းကူးစက်သူ တွေ့ရှိသည်ကို အစီရင်ခံခဲ့ကြောင်း Diana Rojas Alvarez က ဆိုသည်။

ဆင်တုပ်ကွေးဗိုင်းရပ်စ် သယ်ဆောင်သည့် ခြင်များသည် အပူပိုင်းဒေသနိုင်ငံ အများအပြားတွင် ပေါက်ဖွားလေ့ရှိကြကြောင်း Diana Rojas Alvarez က ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို ဓာတ်ခွဲခန်းရောဂါရှာဖွေရေးနည်းလမ်းများ သုတေသနပြုလုပ်ဆောင်ရန်၊ လူပုဂ္ဂိုလ်များအား မွမ်းမံသင်တန်းပေးရန်၊ ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားဖြည့်ရန်၊ ဆင်တုပ်ကွေး ကူးစက်မှုအခြေအနေကို ခြေရာခံရန်နှင့် ထိန်းချုပ်ရန်အတွက် စစ်ဆေးစမ်းသပ်သည့် အတိုင်းအတာကို တိုးချဲ့ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
世卫专家提醒防范基孔肯雅热暴发
新华社日内瓦7月22日电(记者王其冰)世界卫生组织专家22日就蚊媒传播疾病基孔肯雅热发出警报,提醒各国做好应对准备,避免疫情大规模暴发。
当天在日内瓦举行的新闻发布会上,世卫组织虫媒病毒小组负责人迪亚娜·阿尔瓦雷斯说,目前已有119个国家和地区发现基孔肯雅病毒传播情况,约550万人面临这种蚊媒病毒的风险,而且可能出现大范围疫情,给卫生系统带来压力。
据阿尔瓦雷斯介绍,大约20年前,基孔肯雅热疫情曾在印度洋区域大规模暴发,影响约50万人。感染者大多出现高烧、关节疼痛、疲劳等急性症状,极少情况下可能死亡。
阿尔瓦雷斯说,今年以来,法国在印度洋的属地留尼汪岛估计有大约三分之一人口感染了基孔肯雅病毒;在印度以及孟加拉国等东南亚国家也出现基孔肯雅病毒传播。此外,法国、意大利等欧洲国家近日报告输入性病例,并发现本土传播病例。
阿尔瓦雷斯说,携带基孔肯雅病毒的蚊子在大多数热带国家存在。世卫组织正支持成员国研发实验室诊断方法、培训人员、加强医疗保健系统,并扩大监测范围以追踪和控制基孔肯雅热疫情。(完)
1. 这是2023年4月6日在瑞士日内瓦世界卫生组织总部拍摄的世卫组织标识。新华社记者连漪摄