Connect with us

North America

အမေရိကန်က UNESCO မှ နုတ်ထွက်ကြောင်း တတိယအကြိမ်ကြေညာ၊ UNESCO က “များစွာဝမ်းနည်းကြောင်း” ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန်လွှတ်တော် အဆောက်အဦအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်/ပဲရစ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ နုတ်ထွက်သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tammy Bruce က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းသည် အမေရိကန်က အဆိုပါအဖွဲ့မှ နုတ်ထွက်မည်ဟု တတိယအကြိမ် ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ထို့နောက် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် “များစွာဝမ်းနည်းမိ” ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည် “နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အခြေခံမူအား ချိုးဖောက်နေကြောင်း” ပြောကြားခဲ့သည်။

Tammy Bruve ထုတ်ပြန်သည့် ကြေညာချက်တစ်ခုအရ အမေရိကန်က အထက်ပါဆုံးဖြတ်ချက် လုပ်ဆောင်ရသည့် အကြောင်းပြချက်များတွင် “UNESCO အဖွဲ့သည် ပြိုကွဲစေသည့် လူမှုအသိုက်အဝန်းနှင့် ယဉ်ကျေးမှုလုပ်ငန်းအား တွန်းအားပေးဖော်ဆောင်ခြင်း၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အား အလွန်အကျွံ ဂရုပြုခြင်း၊ အမေရိကန်ဦးစားပေး နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီမှုမရှိခြင်း” တို့ ပါဝင်ကြောင်း သိရသည်။
UNESCO အဖွဲ့၏ သက်ဆိုင်ရာ သတ်မှတ်ချက်အရ ယခုအကြိမ် အဆိုပါအဖွဲ့မှ အမေရိကန် နုတ်ထွက်မှုသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြထားသည်။

Audrey Azoulay က ကြေညာချက်တွင် “အမေရိကန်က UNESCO အဖွဲ့ကနေ နုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နောက်ထပ်တစ်ကြိမ် ဆုံးဖြတ်မှုအပေါ် ကျွန်မ များစွာဝမ်းနည်းမိပါတယ်။ ဒီဆုံးဖြတ်ချက်က နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒရဲ့ အခြေခံမူကို ချိုးဖောက်ရာကျပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါသတင်းသည် ဝမ်းနည်းဖွယ်ဖြစ်သော်လည်း မျှော်မှန်းထားပြီးသားဖြစ်ကြောင်း၊ UNESCO အဖွဲ့အနေဖြင့်လည်း ထိုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း Audrey Azoulay က ပြောကြားခဲ့သည်။ “လတ်တလောနှစ်အတွင်းမှာ ကျွန်မတို့က ကြီးမားတဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး အရင်းအနှီးရရှိမှု အရင်းအမြစ်ကို အသွင်အမျိုးမျိုး ဖော်ဆောင်ခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ၂၀၁၈ ခုနှစ်ကတည်းက ကြိုးပမ်းမှု အကျိုးကြောင့် အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျိုးထမ်းဆောင်မှု ကျဆင်းခြင်းရဲ့ သက်ရောက်မှုကို ပယ်ဖျက်နိုင်ခဲ့ပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်ကလည်း ဇူလိုင် ၂၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ UNESCO အဖွဲ့အပေါ် “ခိုင်မြဲစွာ မမှိတ်မသုန် ထောက်ခံအားပေးမှု” ကို ဖော်ပြခဲ့သည်။ UNESCO အဖွဲ့သည် သိပ္ပံပညာ၊ ပင်လယ်သမုဒ္ဒရာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုနေ့တွင် သတင်းကြေညာချက်ထုတ်ပြန်၍ UNESCO အဖွဲ့မှ အမေရိကန် နုတ်ထွက်မည့်ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံအနေ‌ဖြင့် Audrey Azoulay ၏ ၂၀၁၈ ခုနှစ်တကည်းက ဖော်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးကြောင်း၊ အဆိုပါ ပြုပြင်ပြောင်းလဲမှု အစီအမံများက အဆိုပါအဖွဲ့အစည်း၏ အတွင်းပိုင်း သဘောတူညီချက်ကို အားဖြည့်မြှင့်တင်ပေးလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်က ထိုမတိုင်မီ UNESCO အဖွဲ့မှ နှစ်ကြိမ်တိုင် နုတ်ထွက်ခဲ့ဖူးသည်။ ၁၉၈၄ ခုနှစ်တွင် အမေရိကန်က UNESCO အဖွဲ့တွင် အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲမှုရှုပ်ထွေးမှု စသည့်ပြဿနာများရှိသည် ဟူသော အကြောင်းပြချက်ဖြင့် အဆိုပါအဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ သို့သော် ၂၀၀၃ ခုနှစ်တွင် အဖွဲ့၌ ပြန်လည်ပါဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်က UNESCO အဖွဲ့မှ နုတ်ထွက်ရန် ထပ်မံဆုံးဖြတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်က အဆိုပါအဖွဲ့၌ ထပ်မံ ပြန်လည်ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
美国第三次宣布退出 联合国教科文组织“深表遗憾”
新华社华盛顿/巴黎7月22日电 美国国务院发言人塔米·布鲁斯22日宣布,美国将退出联合国教科文组织。这是美国第三次宣布退出该组织。联合国教科文组织总干事阿祖莱随后发表声明,对美方决定“深表遗憾”,表示这一决定“违背多边主义的基本原则”。
根据布鲁斯发布的一份声明,美国做出上述决定的理由包括,“联合国教科文组织推进分裂性的社会和文化事业,过度关注联合国可持续发展目标,不符合美国优先的外交政策”。
声明说,根据联合国教科文组织有关规定,美国这次退出该组织将于2026年12月31日生效。
阿祖莱在声明中说:“我对唐纳德·特朗普总统再次决定美国退出联合国教科文组织深表遗憾。这一决定违背多边主义的基本原则。”
阿祖莱说,这一消息尽管令人遗憾,但在意料之中,联合国教科文组织也已为此做好准备。“近年来,我们进行了重大结构性改革,并实现了资金来源多元化。得益于本组织自2018年以来的努力,美国财政贡献下降趋势的影响已被抵消。”
法国总统马克龙22日在社交媒体上发文,表达对联合国教科文组织“坚定不移的支持”。他说,联合国教科文组织是科学、海洋、教育、文化和世界遗产的全球性保护者。
法国外交部当天也发表新闻公报,对美国退出联合国教科文组织的决定表示遗憾。公报说,法国支持阿祖莱自2018年以来实施的改革,这些改革措施加强了该组织内部的共识。
美国此前曾两次退出联合国教科文组织。1984年,美国曾以教科文组织存在腐败和管理混乱等问题为由,宣布退出该组织,但在2003年重新加入。2017年10月,美国再次决定退出教科文组织。2023年,美国又重返该组织。(完)
图说:Photo taken on July 3, 2025 shows the U.S. Capitol building in Washington, D.C., the United States. (Xinhua/Hu Yousong)