Connect with us

China

ဘက်အသီးသီးနှင့်အတူ ဆက်လက်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့်အတူတကွတည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဇူလိုင် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်သို့ ရောက်ရှိပြီကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ ဆက်လက်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့်အတူတကွတည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၂၂ ရက်က ပြောကြားခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အောက်ရှိ စီမံကိန်းတန်ဖိုးပမာဏသည် ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံး၏ စီမံကိန်းစုစုပေါင်းတန်ဖိုးထက် ကျော်လွန်ခဲ့ရာ နှစ်ဝက်စီမံကိန်းစုစုပေါင်းတန်ဖိုး၏ အမြင့်ဆုံးစံချိန်တင်ခဲ့သည်ဟု မကြာသေးမီရက်က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်မှတစ်ဆင့် အတူတကွတည်ဆောက်သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့်လုပ်ဆောင်ချက်နှင့် အမေရိကန်က ကုန်သွယ်ရေးမိတ်ဖက်များအပေါ် တန်ဖိုးမြင့်စည်းကြပ်ခွန်များ ကောက်ခံခြင်းသည် ထင်ရှားသော ကွာခြားမှုကို ဖြစ်ပေါ်စေပြီး နိုင်ငံအများအပြားသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား နက်ရှိုင်းစေသည့် အခွင့်အရေးအဖြစ်ရှုမြင်ကြသည်ဟု မီဒီယာများနှင့် ပညာရှင်များက သုံးသပ်ပြောကြားခဲ့ကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်ကို ရောက်ရှိနေပါပြီ” ဟူ၍ ကောကျားခွန်းက ပြောကြားခဲ့သည်။
ယူရေးရှားကုန်းမြေမှ အာဖရိက၊ လက်တင်အမေရိကအထိ၊ အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများ (hard connectivity) မှ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းဆိုင်ရာ ချိတ်ဆက်မှုများ (soft connectivity)၊ စိတ်နှလုံးသားချင်း ချိတ်ဆက်မှုအထိ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်မှုရလဒ်များသည် နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ ပြည်သူများအား အကျိုးပြုလျက်ရှိကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား၏ ခရီးသည်ပို့ဆောင်မှုပမာဏမှာ အကြိမ်ရေ ဆယ်သန်းကျော်ရှိပြီး တရုတ်-ဥရောပ ရထားလိုင်း စုစုပေါင်း ၁၁၀,၀၀၀ စင်းကျော် ပြေးဆွဲခဲ့ကြောင်း၊ “ချန်ကေး(Chancay)-ရှန်ဟိုင်း” တရုတ်-လက်တင်အမေရိက ကုန်းလမ်း-ပင်လယ်ရေလမ်းကြောင်းသစ်သည် နှစ်လမ်းသွား ချိတ်ဆက်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောက်လုပ်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ တပ်ဆင်နိုင်စွမ်းသည် ၁.၅ (GW) ဂဂ္ဂါဝပ်ကျော်ရှိကြောင်း၊ လူပန်းအလုပ်ရုံ၊ မှိုမြက်နည်းပညာစသည့် “သေးငယ်သော်လည်း အကျိုးရှိသည့်” စီမံကိန်းများသည် အိမ်ထောင်စု၊ မိသားစုပေါင်း ထောင်သောင်းချီကို ချမ်းသာကြွယ်ဝမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ကူညီပေးခဲ့ကြောင်း၊ ဆယ်နှစ်ကျော်ကြာဖွံ့ဖြိုးတိုးတက်ပြီးနောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းသည် အပြန်အလှန်ချိတ်ဆက်မှုကို အခြေခံသော မြှင့်တင်မှုတွင် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းအဖြစ် တိုးချဲ့ဖြစ်ပေါ်လာရာ ပိုမိုများပြားသော နိုင်ငံများအား နိုင်ငံတကာစက်မှုလုပ်ငန်းကွင်းဆက်တွင် ပေါင်းစည်းကာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုနှင့် ခံနိုင်ရည်အားကို အတူတကွထိန်းသိမ်းရန် ကူညီပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းသည် အတူတိုင်ပင်ဆွေးနွေးမှု၊ အတူတည်ဆောက်မှု၊ အတူမျှဝေခံစားမှု၊ တံခါးဖွင့်လှစ်မှု၊ အစိမ်းရောင်၊ သန့်စင်မှု၊ မြင့်မားသောစံနှုန်းများဖြင့် ပြည်သူ့ဘဝ အကျိုးပြုသော၊ ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုအခြေခံမူများကို အခိုင်အမာထိန်းသိမ်းလျက် နိုင်ငံအသီးသီး ခေတ်မီအသွင်ပြောင်းရေး အတူတကွ အကောင်အထည်ဖော်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ ဆက်လက်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့်အတူတကွတည်ဆောက်ခြင်းကို နက်ရှိုင်းခိုင်မြဲလာစေရန်၊ ဖွံ့ဖြိုးတိုးတက်မှု အတူတကွမြှင့်တင်ရန်၊ ဘုံအကျိုးဖြစ်ထွန်းသော အနာဂတ် အတူတကွ ဖန်တီးရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
外交部:愿继续同各方一道,推动高质量共建“一带一路”走深走实
新华社北京7月22日电(记者邵艺博、刘杨)外交部发言人郭嘉昆22日表示,共建“一带一路”进入高质量发展新阶段。中方愿继续同各方一道,推动高质量共建“一带一路”走深走实。
当日例行记者会上,有记者问:近日发布的一份报告显示,今年上半年中国“一带一路”倡议下的项目金额超过2024年全年项目总额,创造了半年项目总额最高纪录。有媒体和学者评论称,中国通过“一带一路”倡议加强与共建国家合作的做法与美国对贸易伙伴征收高额关税形成鲜明对比,许多国家将“一带一路”合作视为深化对华关系的机会。发言人对此有何评论?
“共建‘一带一路’进入高质量发展新阶段。”郭嘉昆说,从亚欧大陆到非洲、拉美,从硬联通到软联通、心联通,合作成果惠及150多个国家的人民。雅万高铁客运量超千万人次,中欧班列累计开行突破11万列,“钱凯—上海”中拉陆海新通道实现双向贯通,中非合作建设的光伏电站装机容量超过1.5吉瓦,鲁班工坊、菌草技术等“小而美”项目帮助千家万户走上致富路。经过十多年发展,共建“一带一路”在推进互联互通基础上,拓展成为贸易和产业合作平台,助力更多国家融入国际产业链,共同维护全球供应链的稳定强韧。
郭嘉昆表示,共建“一带一路”坚持共商共建共享、开放绿色廉洁、高标准惠民生可持续的合作原则,致力于推动各国共同实现现代化。中方愿继续同各方一道,推动高质量共建“一带一路”走深走实,共促发展、共赢未来。(完)