North America
အမေရိကန်နှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း ထရမ့် ကြေညာ

ဝါရှင်တန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ မားကို့စ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၂ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြ၍ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်အပေါ် ဈေးကွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှမူ ဖိလစ်ပိုင်မှ တင်သွင်းသည့် ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ထရမ့်က ဆိုခဲ့သည်။
ထရမ့်သည် အဆိုပါနေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ မားကို့စ်နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သတင်းထုတ်ပြန်ချိန်အထိ အိမ်ဖြူတော်က အဆိုပါကုန်သွယ်ရေးသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။
ထရမ့်သည် ဇူလိုင် ၉ ရက်တွင် မားကို့စ်ထံ စာပေးပို့ခဲ့ပြီး ဩဂုတ် ၁ ရက်မှစ၍ ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းစည်းကြပ်ခွန်များကို ဧပြီလဆန်းတွင် ကြေညာခဲ့သော ၁၇ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
特朗普宣布美国与菲律宾达成贸易协议
新华社华盛顿7月22日电 美国总统特朗普22日在社交媒体发文,宣布与到访的菲律宾总统马科斯达成贸易协议。特朗普称,菲律宾将对美国开放市场并实施零关税,而美国将对菲律宾进口商品征收19%的关税。
特朗普当日上午在白宫与马科斯举行双边会谈。截至发稿时,白宫尚未公布美菲贸易协议的更多细节。
特朗普9日致信马科斯,称将从8月1日起将菲律宾输美产品关税从4月初宣布的17%上调至20%。(完)
图说1:7月22日,美国总统特朗普(左)在华盛顿白宫欢迎到访的菲律宾总统马科斯。新华社记者 胡友松 摄