Connect with us

Africa & Middle East

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၎င်း၏ဂါဇာအခြေစိုက်ရုံး တိုက်ခိုက်ခံရမှုအတွက် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ

ဂါဇာကမ်းမြောင်ဒေသ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများ တက်လာသည်ကို ဂါဇာဒေသနယ်စပ် အစ္စရေးဘက်ခြမ်းမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ၎င်းအဖွဲ့အစည်း၏ ဂါဇာကမ်းမြောင်ဒေသရှိ ဝန်ထမ်းများ နေထိုင်ရာနေရာ တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ အစ္စရေးဘက်က ထိန်းသိမ်းထားသော ၎င်း၏ဝန်ထမ်းများအား ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း WHO ပြောခွင့်ရပုဂ္ဂိုလ် Tarik Jasarevic က ဇူလိုင် ၂၂ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

WHO အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir al-Balah ရှိ WHO ဝန်ထမ်းများ နေထိုင်ရာနေရာအား တိုက်ခိုက်မှု၊ အဆိုပါနေထိုင်ရာနေရာအတွင်းရှိ ဒုက္ခသည်များအား နှိပ်စက်မှုနှင့် ၎င်း၏ဂိုထောင်အား ဖျက်ဆီးမှု လုပ်ရပ်များအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း Tarik Jasarevic က ပြောကြားခဲ့သည်။

အစ္စရေးဘက်က ထိန်းသိမ်းထားသော WHO ဝန်ထမ်းများအား ချက်ချင်းပြန်လွှတ်ပေးရန်၊ အဆိုပါ အဖွဲ့အစည်းက ဂါဇာကမ်းမြောင်ဒေသရှိ ဝန်ထမ်းအားလုံးနှင့် နေအိမ်များဘေးကင်းလုံခြုံမှုကို အာမခံပေးရန် WHO အနေဖြင့် တိုက်တွန်းလိုကြောင်း၊ တစ်ချိန်တည်းတွင် WHO အဖွဲ့ဝင်နိုင်ငံများက ဆေးကုသရေးပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသသို့ စဉ်ဆက်မပြတ် ပို့ဆောင်မှုကို ကူညီအာမခံပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဇူလိုင် ၂၁ ရက်တွင် WHO ၏ Deir al-Balah ရှိ ဝန်ထမ်းများ နေထိုင်ရာနေရာနှင့် ဂိုထောင်အား အကြိမ်များစွာ တိုက်ခိုက်ခဲ့ပြီး ဝန်ထမ်းများအား ရွှေ့ပြောင်းရန် အတင်းအဓမ္မ အမိန့်ပေးညွှန်ကြားခဲ့ကြောင်း WHO က ထိုနေ့တွင် ၎င်းတရားဝင်ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် WHO ဝန်ထမ်းများ နေထိုင်ရာနေရာသို့ ဝင်ရောက်ပြီးနောက် “အမျိုးသမီးနဲ့ ကလေးငယ်များကို ပဋိပက္ခဇုန်အတွင်း လမ်းလျှောက်လူစုခွဲရန် အတင်းအဓမ္မ လုပ်ဆောင်ခိုင်းခြင်း” ၊ “အမျိုးသားဝန်ထမ်းနှင့် ၎င်းတို့၏မိသားစုဝင်များကို လက်ထိပ်ခတ်၊ အင်္ကျီချွတ်ခိုင်း၍ ထိုနေရာတွင်ပင် စစ်ဆေးမှုခံယူခိုင်းကာ သေနတ်ပြောင်းဝအောက်တွင် စစ်ဆေးခံခိုင်းခြင်း” တို့ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအနက် ဝန်ထမ်းနှစ်ဦးနှင့် မိသားစုဝင်နှစ်ဦး ထိန်းသိမ်းခံရပြီး ထို့နောက် သုံးဦး ပြန်လွှတ်ခြင်းခံရကာ ဝန်ထမ်းတစ်ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် WHO ဂိုထောင်တိုက်ခိုက်ခံရပြီးနောက် ပေါက်ကွဲမှုနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း၊ လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ ဆေးကုသရေးအဖွဲ့အစည်းများထံသို့ အကူအညီပစ္စည်းများ ပံ့ပိုးပေးရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံတွင် ပါလက်စတိုင်းပြည်သူများက အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားများအတွက် ဝမ်းနည်းအောက်မေ့နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
世卫组织强烈谴责其加沙驻地遭袭
新华社日内瓦7月22日电(记者王其冰)世界卫生组织发言人塔里克·亚沙雷维奇22日在日内瓦举行的新闻发布会上表示,世卫组织强烈谴责对该组织在加沙地带工作人员住所的袭击,呼吁立即释放其被以色列方面拘押的工作人员。
亚沙雷维奇说,世卫组织强烈谴责对位于加沙地带中部代尔拜拉赫的世卫组织工作人员住所的袭击、虐待住所内的避难人员,以及破坏其仓库的行为。世卫组织呼吁立即释放被以方拘押的世卫组织工作人员,确保该组织在加沙地带的所有工作人员和房舍的安全。同时,世卫组织成员国应协助确保医疗物资持续运往加沙地带。
世卫组织21日通过其官网和社交媒体发布消息说,以军当天多次袭击其位于代尔拜拉赫的工作人员住所及仓库并强令人员转移。以军进入世卫组织工作人员住所后,“强迫妇女儿童在冲突区徒步疏散”,“给男性工作人员及其家属戴上手铐,脱光衣服,当场接受审讯,并在枪口下接受检查”。其中,两名工作人员和两名家属被拘押,随后三人被释放,一名工作人员仍被拘押。此外,世卫组织仓库遭袭后发生爆炸和火灾,损坏严重,目前难以向加沙地带医疗机构提供物资支持。(完)
图说1:这是7月10日从加沙边境以色列一侧拍摄的加沙地带遭空袭后升起浓烟。新华社记者 陈君清 摄
图说2:7月21日,巴勒斯坦民众在加沙城的一所医院悼念以军袭击中的遇难者。新华社发(马哈茂德·扎基摄)