Connect with us

China

၁၅၅ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ စတင်

ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်တရားဥပဒေစိုးမိုးရေးရေယာဉ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲတပ်ဖွဲ့ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ ရေကြောင်းကင်းလှည့်ရေးရဲတပ်ဖွဲ့ချုပ်)

ကူမင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခန့်တွင် တရုတ်ဘက်၏ ၅၃၁၀၅၊ ၅၃၁၀၇ နှင့် ၅၃၁၀၈ ရေယာဉ်များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲဘက်ဆိုင်ရာဆိပ်ကမ်းမှ ဟွန်းသံမြည်ကာ စတင်ထွက်ခွာသည်နှင့်အတူ မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ တရားဝင် စတင်လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤလှုပ်ရှားမှုတွင် ပါဝင်သည့် လာအို၊ မြန်မာ တရားဥပဒေစိုးမိုးရေး ရေယာဉ်များသည် လာအိုနိုင်ငံ Muang Mo ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းတို့မှ အသီးသီး တစ်ပြိုင်တည်း ထွက်ခွာလာခဲ့ကြပြီး ကြိုတင်သတ်မှတ်ထားသော ရေပြင်နယ်နိမိတ်တွင် တွေ့ဆုံပြီးနောက် ပူးတွဲ ကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများကို အတူတကွ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုအကြိမ်လှုပ်ရှားမှုတွင် တရုတ်ရေယာဉ် ၅၃၁၀၇ ကို ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ကွပ်ကဲရေးဌာနအဖြစ် သတ်မှတ်ပြီး တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံမှ ကွပ်ကဲရေးမှူးများက လှုပ်ရှားမှုကို အတူတကွ ကွပ်ကဲကြမည်ဖြစ်သည်။ ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေးအဖွဲ့သည် မဲခေါင်မြစ်ပေါ်ရှိ ပန်ရှန်ကော် စသည့် အဓိကရေနယ်နိမိတ်များတွင် ရေလမ်း၊ ကုန်းလမ်း ပူးတွဲစစ်ဆေးခြင်း၊ ပူးတွဲလေ့ကျင့်ခြင်းစသည့် ပူးတွဲ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး၊ လိမ်လည်မှု၊ မှောင်ခိုမှုနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအမျိုးမျိုးကို ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်သည်။

ယခုအကြိမ်လှုပ်ရှားမှုသည် ၄ ရက် ၃ ညကြာမြင့်မည်ဟု ခန့်မှန်းထားပြီး တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ဦးကျော်စေလွှတ်ပြီး တရုတ်-လာအို-မြန်မာ သုံးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးရေယာဉ်စုစုပေါင်း ၇ စင်း ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လှုပ်ရှားမှုကာလအတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံမှ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးဌာနများသည် ထိုင်းနိုင်ငံ ချင်းဆန်မြို့တွင် နိုင်ငံစုံသတင်းအချက်အလက်ဖလှယ်ရေးအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ၏ လက်ရှိ လုံခြုံရေးအခြေအနေ၊ မှုခင်းသဲလွန်စ စသည်တို့စပ်လျဉ်း၍ သုံးသပ်နှီးနှောကာ နောက်တစ်ဆင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကအချက်များကို အတူညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုဆိုင်ရာ ကွပ်ကဲရေးမှူး၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ (Xinhua)
………………………….
(Chinese Version)
第155次中老缅泰湄公河联合巡逻执法行动启动
新华社昆明7月22日电(记者王研、胡了然)7月22日上午9时许,随着中方53105艇、53107艇、53108艇从云南省西双版纳傣族自治州景哈警务码头鸣笛启航,第155次中老缅泰湄公河联合巡逻执法行动正式启动。与此同时,参与行动的老挝、缅甸执法艇分别从老挝孟莫、缅甸万崩码头同步启航,在预定水域会合后,将共同开展联合巡逻执法行动。
本次行动以中方53107艇为联合巡逻执法编队指挥所,由中老缅泰四方指挥长共同指挥行动。联合巡逻执法编队将在湄公河班相果等重点水域开展水陆联合查缉、联合驻训等联合执法行动,合力打击涉毒、涉诈、走私、偷渡等各类跨境违法犯罪行为。
据联合巡逻执法行动指挥员介绍,此次行动预计用时4天3夜,中老缅泰四方共派出执法队员100余人,中老缅三方共派出执法艇7艘参与行动。行动期间,中老缅泰四国有关执法部门还将在泰国清盛召开多边信息交流会,就当前澜湄流域安全形势、案件线索等进行分析交流,共商下一步执法合作重点。(完)
图说:7月22日,参加行动的中方执法艇从云南西双版纳景哈警务码头启航。(云南省公安厅水上巡逻总队供图)