China
တရုတ်နိုင်ငံ၏ ပထမဆုံး “ပျံသန်းရန်သင့်လျော်သည့် အသိအမှတ်ပြု လက်မှတ် ၃ မျိုး” ရရှိထားသော တန်ချိန်အဆင့် eVTOL ယာဉ်ပျံကို လွှဲပြောင်းပေးအပ်ခဲ့

ရှန်ဟိုင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ AutoFlight ကုမ္ပဏီက Helichuangxing Intelligent ကုမ္ပဏီထံ တရုတ်နိုင်ငံ၏ ပထမဆုံး “ပျံသန်းရန်သင့်လျော်သည့် အသိအမှတ်ပြု လက်မှတ် ၃ မျိုး”(TC၊ PC နှင့် AC) ရရှိထားသော တန်ချိန်အဆင့် eVTOL (လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့်) ယာဉ်ပျံ V2000CG CarryAll ကို ဇူလိုင် ၂၂ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ယင်းမှာ တန်ချိန်အဆင့် eVTOL သည် နည်းပညာနှင့် ပျံသန်းရန် သင့်လျော်သည့်အသိအမှတ်မှုတွင် အောင်မြင်မှုရရှိခဲ့သည့် အမှတ်သင်္ကေတဖြစ်ကြောင်း၊ ကြီးမားသော eVTOL များ ဝေဟင်နိမ့်လုပ်ငန်းများကို စီးပွားဖြစ်လုပ်ဆောင်ရန်အတွက် ခိုင်မာသောခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းလှမ်းနိုင်ခဲ့ပြီး ဝေဟင်နိမ့်စီးပွားရေးအသုံးပြုမှုကို အရှိန်မြှင့် လက်တွေ့ဖော်ဆောင်ရာတွင် တွန်းအားပေးနိုင်ခဲ့ကြောင်း သိရသည်။
V2000CG CarryAll သည် AutoFlight ၏ ကိုယ်ပိုင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကာ အမြင့်ဆုံး လေယာဉ်ပျံတက်ချိန် အလေးချိန် ၂ တန်၊ အများဆုံးကုန်တင်ဝန် ၄၀၀ ကီလိုဂရမ်၊ လှည့်လည်ပျံသန်းမှု အမြန်နှုန်း တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ၊ ပျံသန်းရန် သင့်လျော်သည့် အကွာအဝေး ၂၀၀ ကီလိုမီတာရှိပြီး ယင်းကို အဓိကအားဖြင့် ဝေဟင်နိမ့် ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ်ထောက်ပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည်။ (Xinhua)

ပျံသန်းမှု စမ်းသပ်ရေးအခြေစိုက်စခန်းတွင် သရုပ်ပြပျံသန်းနေသော V2000CG CarryAll လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့် ယာဉ်ပျံကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………
(Chinese Version)
新华全媒+ 丨 我国首架“适航三证”吨级以上eVTOL航空器交付
新华社照片,上海,2025年7月22日
7月22日,峰飞航空科技向合利创兴智能交付我国首架获颁“适航三证”(TC、PC和AC)的吨级以上eVTOL(电动垂直起降)航空器V2000CG凯瑞鸥,标志着吨级以上eVTOL在技术与适航认证上实现突破,大型eVTOL向低空运营商业化闭环迈出坚实的一步,助推低空经济应用加速落地。 V2000CG凯瑞鸥由峰飞航空自主研发,最大起飞重量2吨,最大商载400公斤,巡航速度最高200公里每小时,适用航程200公里,主要用于低空物流、紧急物资运输和应急救援。
图说1:这是在交付仪式现场展示的V2000CG凯瑞鸥电动垂直起降航空器(7月22日摄)。 新华社记者 方喆 摄
图说2:这是在飞行测试基地进行飞行演示的V2000CG凯瑞鸥电动垂直起降航空器(7月22日摄)。新华社记者 方喆 摄