China
ထျန်းကျင်းမြို့ နွေရာသီကာလ အပျော်စီးသင်္ဘောခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ

ထျန်းကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
Adora Mediterranea အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောသည် ဇူလိုင် ၂၃ ရက်တွင် ခရီးသည် ၁,၆၀၀ ဦးခန့်တင်ဆောင်လျက် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောပင်မဆိပ်ကမ်းသို့ ဖြေးညှင်းစွာ ဆိုက်ကပ်ခဲ့သည်။ ယင်းနောက် ခရီးသည် ၁,၅၀၀ ကျော်ကို တင်ဆောင်လျက် တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးနှင့် ဂျပန်နိုင်ငံ ဆာဆဲဘိုးသို့ ဦးတည်ထွက်ခွာခဲ့ရာ ၆ ရက် ၅ ည အပျော်စီးသင်္ဘောခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဇူလိုင်လမှစတင်၍ ထျန်းကျင်း အပျော်စီးသင်္ဘောဆိပ်ကမ်းတွင် နယ်စပ်ဖြတ်ကျော်ခရီးသွားလာသူ အကြိမ်ရေ စုစုပေါင်း ၄၀,၀၀၀ နီးပါးနှင့် အပျော်စီးသင်္ဘော အကြိမ်ရေ ၁၆ စင်းကို စစ်ဆေးခဲ့ရပြီး ယခင်နှစ်ကာလနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှ ၁၇ ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း သတင်းထောက်က ထျန်းကျင်းနယ်စပ်စစ်ဆေးရေးစခန်းချုပ် တုန်းကျန်းနယ်စပ်စစ်ဆေးရေးစခန်းမှ သိရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောပင်မဆိပ်ကမ်း၌ ခရီးသည်များ Check in ဝင်ရန် လုပ်ဆောင်နေသည်ကို ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
天津暑期邮轮旅游客流旺
新华社照片,天津,2025年7月23日
当日,“爱达·地中海”号国际邮轮搭载着约1600名旅客缓缓靠泊天津国际邮轮母港,随后搭载1500余名旅客离港驶向韩国济州、日本佐世保,开启六天五晚的邮轮游。
记者从天津边检总站东疆边检站了解到,今年7月以来,天津邮轮口岸累计查验出入境人员近4万人次,邮轮16艘次,较去年同期均增长了17%。
图说1:这是7月23日拍摄的靠泊在天津国际邮轮母港的“爱达·地中海”号国际邮轮。新华社记者 孙凡越 摄
图说2:7月23日,旅客在天津国际邮轮母港准备办理登船手续。新华社记者 孙凡越 摄