Asia
ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံအမတ်အား ပြန်လည်ခေါ်ယူ၊ ယင်းနှင့်ပတ်သက်၍ ကမ္ဘောဒီးယားဘက်က တုံ့ပြန်မှုမပြုသေး

ဘန်ကောက်/ ဖနွမ်းပင်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ကမ္ဘောဒီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအဆင့်လျှော့ချရန်၊ ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံအမတ်ကြီး အား ပြန်ခေါ်ယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားသံအမတ်ကြီးအား နှင်ထုတ်ရန် အမိန့်ပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံဘက်က ယခုအချိန်ထိ တုံ့ပြန်မှုမပြုသေးပေ။
ထိုင်းစစ်သည်တစ်ဦးသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ကင်းလှည့်စဉ် မြေမြှုပ်မိုင်းနင်းမိ၍ ၎င်း၏ ညာဘက်ခြေထောက်ပြတ်သွားသည်ကို အဆိုပါနေ့ စစ်တပ် အစီရင်ခံတင်ပြချက်အရ သိရှိရကြောင်း၊ လက်ရှိတွင် အစိုးရအနေဖြင့် စစ်တပ်၏ အကြံပြုချက်ကို လက်ခံကာ ထိုင်းနိုင်ငံ ကြည်းတပ် အမှတ် ၂ စစ်ဒေသလက်အောက်ရှိ နယ်စပ်ဂိတ်အားလုံးကို ပိတ်သိမ်းရန်၊ ခရီးသွားဧည့်သည်များ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ တားမြစ်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေးအဆင့်ကို လျှော့ချရန်၊ ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံအမတ်ကြီးအား ပြန်ခေါ်ယူရန်၊ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားသံအမတ်ကြီးအား နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် အခြေအနေပေါ်မူတည်၍ နှစ်နိုင်ငံဆက်ဆံရေးအဆင့်ကို တစ်ဆင့်တိုး အကဲဖြတ်သွားမည်ဖြစ်ကြောင်း Phumtham က ပြောကြားခဲ့သည်။
ထို့အပြင် Phumtham က ကမ္ဘောဒီးယားသို့ ကန့်ကွက်စာပေးပို့ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးထားပြီးဖြစ်ကြောင်း၊ အတည်ပြုချက်များအရ ယခင်ကင်းလှည့်မှုများတွင် ဤကဲ့သို့သော မြေမြှုပ်မိုင်း တစ်ခါမှမကြုံတွေ့ခဲ့ဖူးရာ ယခုအကြိမ်ဖြစ်ရပ်သည် အသစ်မြှုပ်နှံထားသော မိုင်းများပါဝင်ကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် အသင့်တော်ဆုံးဖြစ်သော တန်ပြန်အဆင့်မြှင့်တင်ထားသည့် အစီအမံများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုင်းကင်းလှည့်တပ်ဖွဲ့သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ကင်းလှည့်စဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၁ ဦးမှာ မိုင်းပေါ်နင်းမိပြီး ညာဘက်ခြေထောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံကြည်းတပ်၏ ဇူလိုင် ၂၃ ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘောဒီးယားဘက်၏ နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းများမြှုပ်နှံထားမှုကို ထိုင်းနိုင်ငံကြည်းတပ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကမ္ဘောဒီးယားအား ဤဖြစ်ရပ်အတွက် တာဝန်ယူရန် တောင်းဆိုခဲ့သည်။
ယခုလ ၁၆ ရက်က ထိုင်းစစ်သည် ၃ ဦးသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ဖူးပြီး ယင်းမိုင်းများမှာ ကမ္ဘောဒီးယားဘက်မှ မကြာသေးမီက အသစ်မြှုပ်ထားခြင်းဖြစ်ရာ “အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထိုင်းဘက်က စုံစမ်းစစ်ဆေးမှုပြီးနောက် အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံဘက်၏ ၎င်းစစ်သည် ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း အသစ်ဖောက်ထားသော ကင်းလှည့်လမ်းကြောင်း၌ မိုင်းထိ၍ ဒဏ်ရာရရှိခဲ့မှုနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားအပေါ် စွပ်စွဲပြောဆိုမှုကို အခိုင်အမာ ငြင်းဆိုကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန undersecretary of state နှင့် ပြောခွင့်ရပုဂ္ဂိုလ် Maly Socheata က ဇူလိုင် ၂၀ ရက်က ပြောကြားခဲ့သည်။ အဆိုပါ ထိုင်းစစ်သည်မှာ ကမ္ဘောဒီးယားအချုပ်အခြာအာဏာပိုင်နယ်မြေတွင် ခွင့်ပြုချက်မရှိဘဲ ကင်းလှည့်ခဲ့ပြီး နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် စစ်ကာလအတွင်း ကျန်ရစ်သော မြေမြှုပ်မိုင်း ထိမှန်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားက ထိုင်းနိုင်ငံအား ၂၀၀၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာကို တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန်နှင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများကို တားဆီးရန်အတွက် နိုင်ငံတကာ တရားရုံးအပါအဝင် နိုင်ငံတကာ တရားဥပဒေယန္တရားများကို အပြည့်အဝအသုံးချ၍ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။
ဇူလိုင် ၂၃ ရက်တွင် ထိုင်းစစ်သည် နောက်တစ်ကြိမ် မိုင်းမိ၍ ထိခိုက်ခဲ့မှုအပေါ် ယခုအချိန်ထိ ကမ္ဘောဒီးယားဘက်က တုံ့ပြန်မှုမရှိသေးပေ။ (Xinhua)
…………………………..
(Chinese Version)
泰国召回驻柬大使 柬埔寨尚未对此回应
新华社曼谷/金边7月23日电(记者陈倩慈 吴长伟)泰国总理府23日发布声明说,泰国代理总理普坦当日下令降低泰国与柬埔寨外交关系等级,召回泰国驻柬埔寨大使,并驱逐柬埔寨驻泰国大使。柬埔寨截至目前尚未对此事作出回应。
普坦说,当日从军方报告获悉一名泰国士兵在泰柬边境巡逻时踩中地雷致使其右腿被炸断,政府现已采纳军方建议,下令关闭泰国陆军第二军区所辖的所有边境检查站,严禁游客入境,并决定降低泰柬外交关系等级,召回泰国驻柬埔寨大使,同时驱逐柬埔寨驻泰国大使,后续将视情况进一步评估两国关系的层级。
普坦还说,他已责令泰国外交部向柬方递交抗议信,指出经证实以往巡逻从未出现此类地雷,此次事件涉及新埋设的地雷,因此泰方已采取了最为适当的反制升级措施。
另据泰国陆军23日发布的通报,泰方巡逻队当日下午在泰柬边境地区巡逻时遭遇地雷爆炸,造成5名士兵受伤,其中1人因踩中地雷右腿受重伤。泰国陆军严正谴责柬方在两国边境地区埋设地雷的行为,并要求柬方对事件负责。
本月16日,有3名泰国士兵在泰柬边境地区被地雷炸伤,泰方经调查后认定地雷为柬埔寨方面新近埋设,违反了《渥太华禁雷公约》。
柬埔寨国防部副国务秘书兼发言人马莉·淑洁达20日表示,坚决驳斥泰国方面就其士兵在柬埔寨领土新开辟巡逻路线上触雷受伤一事对柬埔寨提出的指控。柬埔寨国防部说,泰方士兵未经允许进入了柬埔寨主权区域进行巡逻,最终不幸触及战争遗留地雷。
柬埔寨敦促泰方严格遵守两国2000年签订的谅解备忘录,并充分利用包括国际法院在内的国际法律机制解决两国边界争端,以实现持久和平,防止无辜平民伤亡。
针对23日泰国士兵再次触雷受伤一事,截至目前,柬埔寨还没有作出回应。(完)
图说:7月3日,普坦(前)抵达位于泰国曼谷的总理府。新华社发(泰国总理府供图)