Asia
ထိုင်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအား အနိမ့်ဆုံးအဆင့်သို့ လျှော့ချရန် ကမ္ဘောဒီးယား ဆုံးဖြတ်

ဖနွမ်းပင်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအား အနိမ့်ဆုံးအဆင့်သို့ လျှော့ချရန်နှင့် ဘန်ကောက်အခြေစိုက် သံတမန်ဝန်ထမ်းများအား ပြန်လည်ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် မီဒီယာများအား ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချရန်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်လည်ဆင့်ခေါ်ပြီး ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီယား သံအမတ်ကြီးကို နှင်ထုတ်ရန် ဇူလိုင် ၂၃ ရက်တွင် အမိန့်ချခဲ့သည်။ (Xinhua)
——————–
(Chinese Version)
柬埔寨决定将与泰国的外交关系降至最低级别
新华社金边7月24日电(记者吴长伟)柬埔寨外交部发言人宗松里24日凌晨对媒体表示,柬埔寨决定将与泰国的外交关系降至最低级别,并召回驻曼谷的外交人员。
泰国代理总理普坦23日下令降低泰国与柬埔寨外交关系等级,召回泰国驻柬埔寨大使,并驱逐柬埔寨驻泰国大使。(完)
1. 这是6月8日在柬埔寨班迭棉吉省波贝市拍摄的位于柬泰边境的波贝检查站。新华社发(棉吉摄)