Connect with us

Africa & Middle East

အီရန်အနေဖြင့် IAEA နည်းပညာ ကိုယ်စားလှယ်အဖွဲ့လာရောက်မှုအား သဘောတူကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆို

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အစ္စရေးက အီရန် နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မှု အရေးကိစ္စနှင့်စပ်လျဉ်း၍ အထူးအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ - ဗီယင်နာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ နည်းပညာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ လာရောက်မှုအား လက်ခံရန် သဘောတူပြီးဖြစ်ကြောင်း၊ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် လာမည့် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Kazem Gharibabadi က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် အီရန်နိုင်ငံသို့ သွားရောက်၍ နျူကလီးယား သဘောတူညီချက် ရရှိရန် နည်းလမ်းအား ဆွေးနွေးသွားမည်ဖြစ်ကာ နျူကလီးယား အဆောက်အဦသို့ သွားရောက်မည် မဟုတ်ကြောင်း၊ အီရန်အနေဖြင့် နျူကလီးယား အဆောက်အဦ၏ ပျက်စီးမှုအခြေအနေအား အကဲဖြတ်နေဆဲဖြစ်ကြောင်း Kazem Gharibabadi သည် ထိုနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့က အသစ်တစ်ကြိမ်‌ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ပါက ဆွေးနွေးညှိနှိုင်းမှုကို ကြားခံပုံစံဖြင့် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်ကို လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်ပြီးနောက် အစ္စရေး-အီရန် နှစ်ဖက် အပြန်အလှန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။

အမေရိကန်နိုင်ငံက အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အီရန်ရှိ နျူကလီးယားအဆောက်အဦနေရာ ၃ ခုအား တိုက်ခိုက်ခဲ့ရာ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၂၃ ရက်တွင် ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အမေရိကန်ဘက်က ကြေညာသည့် အချိန်ဇယားအရ အစ္စရေး-အီရန် အပစ်ရပ်ခဲ့သည်။ အီရန်လွှတ်တော်က ဇွန် ၂၅ ရက်တွင် ဥပဒေတစ်ရပ်ကို အတည်ပြုပြီး အီရန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။ (Xinhua)

——————-
(Chinese Version)
伊朗副外长:伊朗同意接待国际原子能机构技术代表团
新华社联合国7月23日电(记者潘云召)伊朗外交部副部长卡泽姆·加里布阿巴迪23日表示,伊朗已同意接待国际原子能机构的一个技术代表团,该代表团将在两到三周内访问伊朗。
加里布阿巴迪当天在纽约联合国总部举行的记者会上说,该代表团将前往伊朗讨论核协议的达成方式,而不是前往核设施。伊朗仍在评估核设施的受损情况。他同时表示,如果伊朗和美国举行新一轮谈判,谈判将以间接形式进行。
以色列6月13日凌晨对伊朗实施大规模空袭后,以伊互相发动多轮袭击。美国于美东时间6月21日空袭伊朗三处核设施,伊朗6月23日向美国驻卡塔尔的乌代德空军基地发起导弹袭击。6月24日,根据美方宣布的时间表,以伊停火。伊朗议会6月25日通过法案,暂停伊朗与国际原子能机构的合作。(完)
图说:这是6月16日在奥地利维也纳拍摄的国际原子能机构就以色列袭击伊朗核设施问题举行的特别会议现场。新华社发(中国常驻维也纳联合国代表团供图)