Asia
ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခကြောင့် ထိုင်းအရပ်သားပြည်သူ ၉ ဦး သေဆုံးဟု ထိုင်းစစ်တပ်က ဆို

ဘန်ကောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခကြောင့် ထိုင်းနိုင်ငံတွင် အရပ်သားပြည်သူ ၉ ဦး သေဆုံး၍ အရပ်သားပြည်သူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ Sisaket ပြည်နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် အနီးတွင် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ Surin ပြည်နယ်တွင် လူ ၂ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ Ubon Ratchathani ပြည်နယ်တွင် ၁ ဦးသေဆုံး၍ ၁ ဦး ဒဏ်ရာရှိခဲ့ကြောင်း၊ Buri Ram ပြည်နယ်တွင် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးအစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် အသင့်ပြင်ပြီးဖြစ်ကြောင်းလည်း ထိုင်းကြည်းတပ်က ဆိုသည်။ (Xinhua)

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ထိုင်းနိုင်ငံ Surin ပြည်နယ်တွင် ဒုက္ခသည်များအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ထိုင်းနိုင်ငံ Surin ပြည်နယ်တွင် ဘေးလွတ်ရာသို့ ထွက်ခွာတိမ်းရှောင်နေကြသော လူထုအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
泰国军方称泰柬边境冲突已致9名泰平民死亡
新华社曼谷7月24日电(记者陈倩慈 夏康静)泰国陆军24日通报说,泰柬边境冲突已经造成泰国9名平民死亡、14名平民受伤。
初步报告显示,泰国四色菊府一处加油站附近有6名平民死亡、10人受伤;素林府有2人死亡、2人受伤;乌汶府有1人死亡、1人受伤;武里南府有1人受伤。
泰国陆军还称,已准备好采取军事行动。(完)
1. 这是7月24日在泰柬边境的泰国素林府拍摄的受损房屋。新华社发
2. 这是7月24日在泰柬边境的泰国素林府拍摄的避难民众。新华社发
3. 7月24日,在泰柬边境的泰国素林府,民众准备撤离。新华社发