Africa & Middle East
ယူကရိန်း တတိယအကြိမ်မြောက် တိုက်ရိုက်စေ့စပ်ညှိနှိုင်းပွဲက အဓိကအကြောင်းအရာများတွင် အောင်မြင်မှုမရရှိ

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တတိယအကြိမ်မြောက် တိုက်ရိုက်စေ့စပ်ညှိနှိုင်းပွဲ ကျင်းပခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် တွေ့ဆုံဆွေးနွေးရန်၊ အပစ်အခတ်ရပ်စဲရန် စသည့် အဓိကအကြောင်းအရာများတွင် အောင်မြင်မှုမရရှိခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာတွင် တိုးတက်မှုရရှိခဲ့ပြီး ဖမ်းဆီးထားခံရသူများကို လဲလှယ်ရန် သဘောတူညီခဲ့သည်။
ရုရှား-ယူကရိန်း ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် အချိန်မကျသေးကြောင်း ရုရှားစေ့စပ်ညှိနှိုင်းမှုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ရုရှားသမ္မတလက်ထောက် Vladimir Meginsky က အဆိုပါနေ့ စေ့စပ်ညှိနှိုင်းမှုအပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုမပြုခင် နှစ်ဖက်အနေဖြင့် သက်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိသင့်ကြောင်း၊ သို့မဟုတ်ပါက တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု အခြေခံရှိတော့မည်မဟုတ်ဟု ၎င်းက ဆိုခဲ့သည်။
ရုရှား-ယူကရိန်း နှစ်ဖက်သည် ဖမ်းဆီးထားခံရသူ အနည်းဆုံး ၁,၂၀၀ ခန့်ကို ဆက်လက်လဲလှယ်ရန် သဘောတူညီခဲ့ပြီး ရုရှားက လက်ရှိတွင် ယူကရိန်းစစ်သည် ရုပ်အလောင်း ၇,၀၀၀ ကို ပြန်ပေးခဲ့ပြီး ဆက်လက်၍ ရုပ်အလောင်း ၃,၀၀၀ ကျော် ပြန်ပေးရန် ပြင်ဆင်နေကြောင်း Meginsky က ပြောကြားခဲ့သည်။
ဒဏ်ရာရသူများအား ကယ်ဆယ်ကုသမှုပေးရန်နှင့် စစ်သည်ရုပ်အလောင်းများ စီမံရန်အတွက် ရုရှားဘက်က ယူကရိန်းဘက်နှင့် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲမှု သဘောတူညီမှုရရှိရန် အကြုံပြုခဲ့ကြောင်း၊ ထို့အပြင် ရုရှားဖက်က နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များ အသီးသီး ဖြေရှင်းရန် ယူကရိန်းနှင့် အွန်လိုင်းလုပ်ငန်းအဖွဲ့ ၃ ခု ဖွဲ့ရန် အဆိုပြုခဲ့ကြောင်းလည်း Meginsky က ပြောကြားခဲ့သည်။
ယခုအကြိမ် ယူကရိန်း-ရုရှား စေ့စပ်ညှိနှိုင်းမှုသည် အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီမှုမရရှိခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်တွင် တိုးတက်မှုတချို့ရရှိခဲ့ကြောင်း ယူကရိန်းစေ့စပ်ညှိနှိုင်းမှုကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Umerov က အခြားသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့ ဩဂုတ်လနှောင်းပိုင်း မတိုင်မီ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ယူကရိန်းဘက်က အဆိုပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်စေ့စပ်ညှိနှိုင်းမှုကို တူကီယဲနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan နှင့် တူကီယဲနိုင်ငံ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (MİT) အကြီးအကဲ İbrahim Kalın တို့ ပူးတွဲ၍ ကြီးမှူးကျင်းပခဲ့သည်။ ရုရှား-ယူကရိန်း နှစ်ဖက်၏ ပဋိပက္ခပြဿနာများအား ဖြေရှင်းရေးနှင့် စပ်လျဉ်းသည့် ရှေ့နှစ်ကြိမ် တိုက်ရိုက်စေ့စပ်ပွဲကို အစ္စတန်ဘူလ်မြို့၌ ယခုနှစ် မေလနှင့် ဇွန်လတွင် အသီးသီးကျင်းပခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
俄乌第三轮直接谈判未在核心议题取得突破
新华社伊斯坦布尔7月23日电(记者王腾飞 许万虎)俄罗斯和乌克兰两国代表团23日晚间在土耳其城市伊斯坦布尔进行第三轮直接谈判。谈判持续约1小时,双方未在两国首脑会面、停火等核心议题上实现突破,但在人道主义议题上取得进展,同意继续交换被俘人员。
俄罗斯谈判代表团团长、俄总统助理梅金斯基当天在谈判结束后举行的新闻发布会上表示,俄乌首脑会面的时机并不成熟。他说,在两国领导人直接会谈前,双方应就相关问题达成协议,否则就缺少直接会谈的基础。
梅金斯基说,俄乌双方同意将继续交换至少1200名被俘人员,俄方目前已向乌方归还了7000具乌军士兵遗体,并准备继续归还3000具遗体。
梅金斯基还说,俄方建议与乌方达成24小时或48小时的停火协议,以对伤员进行救治并处理士兵遗体。此外,俄方提议与乌方设立3个线上工作小组,分别处理政治、人道主义和军事方面的问题。
乌克兰谈判代表团团长、乌国家安全与国防委员会秘书乌梅罗夫在另一场新闻发布会上表示,乌俄双方此次谈判未就停火达成一致,但在人道主义问题上取得一些进展。他表示,乌克兰提议两国领导人在8月底前进行直接会谈。
本轮谈判由土耳其外长菲丹和土国家情报局局长易卜拉欣·卡林共同主持。俄乌双方前两轮关于解决冲突问题的直接谈判分别于今年5月和6月在伊斯坦布尔举行。(完)
图说:7月23日,俄罗斯和乌克兰第三轮直接谈判在土耳其伊斯坦布尔举行。新华社发(土耳其外交部供图)