Connect with us

Europe

ခရီးသည်တင်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းမှာ မြင်တွေ့နိုင်မှု အတိုင်းအတာအားနည်းခြင်း၊ လုပ်ဆောင်ချက် မှားယွင်းခြင်းကြောင့်ဖြစ်နိုင်ဟု ရုရှားကယ်ဆယ်ရေးဌာန ဆို

ဗလာဒီဗော့စ်တော့ခ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ကနဦးစုံစမ်းစစ်ဆေးချက်များအရ ခရီးသည်တင်လေယာဉ်က ဆင်းသက်ချိန်တွင် မြင်တွေ့နိုင်မှု အတိုင်းအတာအားနည်းခြင်း၊ လေယာဉ်ဝန်ထမ်းများ လုပ်ဆောင်ချက် မှားယွင်းခြင်းတို့သည် ဇူလိုင် ၂၄ ရက်၌ An-24 ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရသည့် အကြောင်းရင်းဖြစ်နိုင်ကြောင်း ရုရှားကယ်ဆယ်ရေးဌာန၏ သတင်းကိုကိုးကား၍ TASS သတင်းဌာနက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
ထို့ပြင် ပျက်ကျခဲ့သည့် An-24 ခရီးသည်တင်လေယာဉ်သည် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Amur ဒေသ Tynda မြို့နှင့် ၁၅ ကီလိုမီတာအကွာရှိ တောင်ကုန်းပေါ်တွင် ပျက်ကျပျက်စီးခဲ့ခြင်းဖြစ်ရာ ကနဦးအတည်ပြုချက်အရ အသက်ရှင်ကျန်သူ မရှိကြောင်း Rossiya Segodnya သတင်းဌာနက ရုရှားကယ်ဆယ်ရေးဌာန၏ သတင်းကို ကိုးကား၍ ဖော်ပြခဲ့သည်။ (Xinhua)

———————
(Chinese Version)
俄救援部门:客机失事原因可能是能见度差、操作失误
新华社符拉迪沃斯托克7月24日电(记者陈畅)塔斯社24日援引俄罗斯救援部门的消息报道说,初步调查显示,降落时能见度较差、机组人员操作失误可能是导致当天一架安-24客机失事的原因。
另据今日俄罗斯通讯社援引俄救援部门消息报道,失事的安-24客机坠毁在距俄远东阿穆尔州滕达市15公里的山坡上,初步判断无人生还。(完)