North America
အမေရိကန်အစိုးရနှင့် ကျေအေးရန်အတွက် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ပေးချေရန် ကိုလံဘီယာတက္ကသိုလ် သဘောတူ

နယူးယောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်က ဖက်ဒရယ်အစိုးရနှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ကာ ဖက်ဒရယ်အစိုးရ၏ ၎င်းတက္ကသိုလ်အပေါ် သိပ္ပံသုတေသန အသုံးစရိတ်ပံ့ပိုးမှု ပြန်လည်ရရှိရန်အတွက် ကျေအေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ပေးချေသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
ဖက်ဒရယ် စိစစ်စစ်ဆေးမှုနှင့် မသေချာမရေရာမှုများ အချိန်ကာလတစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အရေးကြီးတိုးတက်မှုကို အဆိုပါသဘောတူညီချက်က အမှတ်သင်္ကေတပြုနေကြောင်း၊ ကျေအေးမှု သဘောတူညီချက်အား အသေးစိတ်ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ကိုလံဘီယာတက္ကသိုလ်၏ အဓိကတန်ဖိုးအား ကာကွယ်၍ ကိုလံဘီယာတက္ကသိုလ်နှင့် ဖက်ဒရယ်အစိုးရအကြား အလွန်အရေးကြီးသည် သိပ္ပံသုတေသန ပူးပေါင်းဆောင်ရွက်မှုကို လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရေးအား ဖော်ဆောင်ရန် ရည်ရွယ်ကြောင်း ကိုလံဘီယာတက္ကသိုလ် ယာယီပါမောက္ခချုပ် Claire Shipman က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်အရ ကိုလံဘီယာတက္ကသိုလ်သည် ၃ နှစ်အတွင်း ဖက်ဒရယ်အစိုးရထံသို့ ကျေအေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ပေးချေရမည်ဖြစ်သည်။ ထို့ပြင် အမေရိကန် တန်းတူညီမျှ အလုပ်အကိုင် အခွင့်အလမ်း ကော်မရှင် (EEOC) က စတင်လုပ်ဆောင်သည့် စုံစမ်းစစ်ဆေးမှုအား အဆုံးသတ်ရန် အလို့ငှာ ကိုလံဘီယာတက္ကသိုလ်က ကန်ဒေါ်လာ ၂၁ သန်းလည်း ပေးချေသွားမည်ဖြစ်သည်။ သဘောတူညီချက်တွင် ကိုလံဘီယာတက္ကသိုလ်က အလုပ်ခေါ်မှု၊ ကျောင်းသား၊ ကျောင်းသူ ခေါ်ယူမှုနှင့် ပညာရပ်ဆိုင်ရာ ဆုံးဖြတ်ချက်မူဝါဒ စသည့်ကဏ္ဍများတွင် မိမိကိုယ်ပိုင်ရပ်တည်မှုအား ထိန်းသိမ်းထားကြောင်း သိရသည်။
ယခုနှစ် မတ်လတွင် ထရမ့်အစိုးရက ဖက်ဒရယ်အရင်းအနှီးငွေ ကန်ဒေါ်လာ သန်း ၄၀၀ ပံ့ပိုးပေးမှု ရပ်တန့်သွားမည်ဟူသော ခြိမ်းခြောက်မှုဖြင့် ကျောင်းတွင်း “ဂျူးမုန်းတီးရေးဝါဒ” အား သည်းခံထားသည်ဟု စွဲဆိုခံထားရသော ကိုလံဘီယာတက္ကသိုလ်အား “ပြင်ဆင်မှု” တောင်းဆိုချက်အား လက်ခံခိုင်းခဲ့သည်။
တက္ကသိုလ်ဘက်က သီတင်းပတ်အနည်းငယ်အကြာတွင် သဘောတူညီပေးခဲ့ရသည်။ ၎င်းတွင် ကျောင်းသား၊ ကျောင်းသူများ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အပြစ်ပေးမှု အစီအစဉ်အား လုံးဝပြုပြင်ပြောင်းလဲမှု၊ “ဂျူးမုန်းတီးရေးဝါဒ” အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ် အသုံးပြုမှုနှင့် အရှေ့အလယ်ပိုင်း သုတေသန စီမံကိန်းအား ဒုတိယပညာရေးစီမံခန့်ခွဲရေးအရာရှိ၏ ကြီးကြပ်မှုအောက်တွင် ထည့်သွင်းထားခြင်း စသည်တို့ပါဝင်သည်။
ဇူလိုင် ၂၂ ရက်တွင် ကိုလံဘီယာတက္ကသိုလ်က ပါလက်စတိုင်း ထောက်ခံရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သော ကျောင်းသား၊ ကျောင်းသူအချို့ကို အပြစ်ပေးမှုများ လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလတွင် ထရမ့်က အိမ်ဖြူတော်သို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာကတည်းက အမေရိကန်အစိုးရသည် ပြည်တွင်း ထိပ်တန်းအဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်းများစွာကို မူဝါဒများ ပြင်ဆင်ရန်၊ “ဂျူးမုန်းတီးရေးဝါဒ” ဟူသည် ကို အမြစ်ပြတ် ဖယ်ရှားရန်၊ လူနည်းစုလူမျိုးစုများအပေါ် အသားပေး၍ ကျောင်းသား၊ ကျောင်းသူ ခေါ်ယူသည့် မူဝါဒစသည့် အစီအမံများအား ပယ်ဖျက်ရန် တောင်းဆိုခဲ့ရာ တက္ကသိုလ်ကျောင်းများက မူဝါဒအား ပြင်ဆင်ခြင်းမရှိပါက အရင်းအနှီးငွေလျှော့ချခံရသည့် ရလဒ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်သည် ထရမ့်အစိုးရ ဖိအားပေးသည့် နာမည်ကျော် တက္ကသိုလ်ကျောင်းများအနက် တစ်ကျောင်းဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
哥大同意支付逾2亿美元与美国政府达成和解
新华社华盛顿7月23日电(记者熊茂伶)美国哥伦比亚大学23日发表声明说,已与联邦政府达成协议,将支付逾2亿美元和解金,以恢复联邦政府对该校的科研经费支持。
哥伦比亚大学代理校长克莱尔·希普曼在声明中说,这一协议标志着在经历一段持续联邦审查和不确定性后的重要进展。和解协议经过精心设计,旨在保护哥大核心价值观,并使哥大与联邦政府之间至关重要的科研合作得以重回正轨。
根据协议,哥大将在3年内向联邦政府支付2亿美元和解金。哥大还将支付2100万美元,以了结美国平等就业机会委员会发起的调查。协议保留了哥大在招聘、招生和学术决策方面的自主权。
今年3月,特朗普政府以停止提供4亿美元联邦资金相威胁,迫使被指控容忍校内“反犹主义”的哥大接受“整改”要求。校方几周后作出妥协,包括彻底改革学生纪律处分程序、使用“反犹主义”的新定义,以及将中东研究项目置于副教务长的监督之下等。7月22日,哥大还宣布处分一些参加支持巴勒斯坦示威活动的学生。
自今年1月特朗普再次入主白宫,美国政府要求国内多所顶尖高校调整政策,根除所谓的“反犹主义”,废除向少数族裔倾斜的招生政策等举措,高校如不调整政策将面临资金削减的后果。位于纽约的哥伦比亚大学是特朗普政府施压的名校之一。(完)
图说:这是2024年4月26日在美国纽约的哥伦比亚大学拍摄的“声援加沙营地”抗议活动现场。新华社记者刘亚南摄