China
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများ ဆန့်ကျင်ရန်၊ နိုင်ငံစုံ ကုန်သွယ်မှုစနစ်အား အတူတကွထိန်းသိမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

ဂျီနီဗာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၅ ခုနှစ် တတိယအကြိမ်မြောက် အထွေထွေကောင်စီ အစည်းအဝေးကို ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံဘက်က အစည်းအဝေးဆိုင်ရာ အစီအစဉ်ကို တက်ကြွစွာ သတ်မှတ်ခဲ့ပြီး “လက်ရှိအခြေအနေအောက်တွင် နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို ထောက်ခံအားပေးသော အကြံပြုချက်” စာလွှာ အဆိုပြုချက်ကို တင်သွင်းခဲ့ပြီး တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများ ဆန့်ကျင်ရန်၊ နိုင်ငံစုံ ကုန်သွယ်မှုစနစ်အား အတူတကွထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။
လက်ရှိကမ္ဘာ့ကုန်သွယ်ရေး ကမောက်ကမဖြစ်မှုဆိုးရွားလာပြီး မသေချာမှုနှင့် အစိတ်စိတ်အမွှာမွှာဖြစ်မှု အန္တရာယ် စဉ်ဆက်မပြတ်မြင့်တက်လျက်ရှိကြောင်း၊ ပြီးခဲ့သော လအနည်းငယ်တွင် တစ်ဖက်သတ်စည်းကြပ်ခွန်အစီအမံများ အဆက်မပြတ် ချမှတ်ဖော်ဆောင်လျက်ရှိရာ ကုန်သွယ်မှုအကန့်အသတ်အစီအမံ သက်ရောက်မှုခံရသော ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၂.၇ ထရီလီယံအထိရှိပြီး ယင်းမှာ ၂၀၀၉ ခုနှစ် တွက်ချက်မှတ်တမ်းယူစဉ်မှစ၍ တန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်း၊ ယင်းနောက်ခံအခြေအနေတွင် WTO အဖွဲ့ဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ပိုမိုထိထိရောက်ရောက်ထောက်ခံအားပေးရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။
ယင်းမတိုင်မီ တရုတ်နိုင်ငံက “တည်ငြိမ်ရေးကို ဦးစားပေးအဖြစ်၊ ဖွံ့ဖြိုးရေးကို ဦးတည်ချက်အဖြစ်၊ ပြုပြင်ပြောင်းလဲရေးကို လမ်းကြောင်းအဖြစ်” ဟူသော WTO လုပ်ငန်းတွေးခေါ်မှုကို အခြေခံကာ တိကျသော လုပ်ငန်းပိုင်းဆိုင်ရာ အကြံပြုချက်များကို တစ်ဆင့်တိုး ရှင်းလင်းတင်ပြခဲ့သည်။ ယင်းတို့တွင် အထူးခံစားခွင့်ရှိ နိုင်ငံများ ဆက်ဆံရေး (Most-Favoured Nation – MFN) ၊ ခွဲခြားဆက်ဆံမှုမရှိရေး စသည့် WTO အခြေခံမူများကို အတူတကွ ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံအဖွဲ့ဝင်များ နိုင်ငံစုံကုန်သွယ်ရေးစနစ်တွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ရေးကို ထောက်ခံအားပေးရန်၊ ဆုံးဖြတ်ချက်ချသည့်ယန္တရားကို အောင်မြင်မှုအဖြစ် WTO ၏ နက်နက်ရှိုင်းရှိုင်း ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်ရန် စသည်တို့ ပါဝင်သည်။
သက်ဆိုင်ရာ အဖွဲ့ဝင်များ၏ ကုန်သွယ်ရေးတင်းမာမှု ပြေလျော့ရန် နှစ်ဖက် သဘောတူညီမှု ရယူခြင်း သို့မဟုတ် သက်ဆိုင်ရာ အစီအမံများဖော်ဆောင်ခြင်းသည် WTO ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိပြီး ယင်းသည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အနေဖြင့် WTO တွင် အကြောင်းကြားခြင်းတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက အလေးအနက် ပြောကြားခဲ့သည်။
WTO အတွင်းရေးမှူးရုံးအနေဖြင့် တစ်ဖက်သတ်အစီအမံများနှင့် နှစ်ဖက်သဘောတူညီမှု၏ ကြီးကြပ်မှု၊ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အားဖြည့်ဆောင်ရွက်ပြီး အထူးသဖြင့် တတိယနိုင်ငံအပေါ် အပျက်သဘောဆောင်သော ယိုဖိတ်မှုဆိုင်ရာ သက်ရောက်မှုများ ဖြစ်နိုင်ဖွယ်ရှိသောအခါတွင် သက်ဆိုင်ရာ သဘောတူညီချက်များနှင့် အစီအမံသက်ရောက်မှုများကို အဖွဲ့ဝင်များထံ အချိန်မီအကြောင်းကြားရန် တရုတ်နိုင်ငံက အကြံပြုခဲ့သည်။
ကုန်သွယ်ရေးကမောက်ကမဖြစ်မှု ပိုမိုဆိုးရွားလာခြင်းသည် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့် မကိုက်ညီကြောင်း၊ တစ်ဖက်သတ်စည်းကြပ်ခွန်အစီအမံများသည် ဘက်ပေါင်းစုံစည်းမျဉ်းစည်းကမ်းများ၏ အခြေခံကို အားနည်းစေပြီး ကုမ္ပဏီလုပ်ငန်းများနှင့် စားသုံးသူများ၏ ကုန်ကျစရိတ်ကို သိသိသာသာတိုးစေကာ အထူးသဖြင့် အားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုးရေးကို ထိခိုက်စေကြောင်း ဘရာဇီး၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ရုရှားနှင့် ဗင်နီဇွဲလား စသည့်အဖွဲ့ဝင်နိုင်ငံများက ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းရန်မှာ မည်သည့်အချိန်ထက်မဆို ပိုမိုအရေးကြီးကြောင်း၊ ဘက်အသီးသီးအနေဖြင့် ပြုပြင်ပြောင်းလဲမှုများဖြင့် WTO ၏ စည်းမျဉ်းများကို အဆင့်မြှင့်တင်ကာ တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပြီး နိုင်ငံတကာကုန်သွယ်ရေးစည်းစနစ် တည်ငြိမ်စေရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
中方在世贸组织呼吁反对单边关税措施 共同维护多边贸易体制
新华社日内瓦7月23日电(记者焦倩)世界贸易组织22日至23日在瑞士日内瓦召开总理事会2025年度第三次会议。中方主动设置议程并提交《关于当前形势下支持多边贸易体制的建议》书面提案,呼吁反对单边关税措施,共同维护多边贸易体制。
中方表示,当前全球贸易动荡加剧,不确定性和碎片化风险持续上升。过去几个月,新的单边关税措施仍在不断推出,受贸易限制措施影响的贸易额达到2.7万亿美元,是自2009年有统计以来的最高值。在此背景下,中方呼吁世贸组织成员加强团结合作,更加有效地支持多边贸易体制。
中方在此前提出“稳字当先、发展当头、改革当道”的世贸组织工作思路基础上,进一步阐述具体工作建议,包括共同维护最惠国待遇、非歧视等世贸组织基本原则,支持发展中成员更好融入多边贸易体制,以决策机制为突破口推进世贸组织深层次改革等。中方强调,有关成员为缓解贸易紧张局势达成的双边协议或采取的相关措施须符合世贸组织规则,属于自由贸易协定的应在世贸组织履行通报义务。中方建议,世贸组织秘书处加强对单边措施及双边协议的监督分析,及时向成员通报有关协议和措施的影响,特别是对第三方成员可能产生的负面溢出效应。
巴西、欧盟、澳大利亚、新西兰、韩国、马来西亚、柬埔寨、俄罗斯、委内瑞拉等成员发言表示,贸易动荡加剧不符合成员共同利益,单边关税措施削弱多边规则基础,显著增加企业和消费者成本,尤其会影响脆弱发展中成员经济增长和社会发展。当前形势下,维护多边贸易体制比以往任何时候都更加重要。各方应通过改革更新世贸组织规则,创造公平竞争环境,维护国际贸易秩序稳定。(完)