China
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ကျင်းပရာ ခန်းမသို့ သွားရောက်ခြင်း

ကျိန့်ကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ကျင်းပလျက်ရှိသည်။ ထိပ်သီးအစည်းအဝေး ခေါင်းစဉ်မှာ “‘ရှန်ဟိုင်းစိတ်ဓာတ်’ မြှင့်တင်ခြင်းဖြင့် သာယာလှပသော မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ခြင်း” ဖြစ်သည်။ အစည်းအဝေးသို့ SCO အဖွဲ့ဝင်နိုင်ငံ ၂၆ နိုင်ငံမှ ပင်မမီဒီယာ၊ နာမည်ကျော် တတ်သိပညာရှင်အဖွဲ့၊ အစိုးရအဖွဲ့အစည်း ၁၅၆ ခု နှင့် ကုလသမဂ္ဂ၊ SCO အတွင်းရေးမှူးချုပ်ရုံး စသည့် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ခန်းမပြင်ပတွင် အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်များက အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ခန်းမပြင်ပတွင် အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်များက ထိုက်ကျိသိုင်းပညာ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုနေသည်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ကျင်းပရာ ကျိန့်ကျိုး နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ SCO မီဒီယာနှင့် တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး ကြော်ငြာပေါ်ထွက်လာသည်ကို ဇူလိုင် ၂၃ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
新华全媒+丨走进上海合作组织媒体智库峰会会场
新华社照片,郑州,2025年7月24日
上海合作组织媒体智库峰会于7月23日至27日在河南郑州举行。峰会主题为“弘扬‘上海精神’,共建美好家园”。来自上海合作组织26个国家的156家主流媒体、知名智库、政府机构以及联合国、上海合作组织秘书处等国际和地区组织的400多名代表参会。
1、2:7月24日,在河南郑州举行的上海合作组织媒体智库峰会会场外,与会代表合影留念。新华社记者 伍婧丹 摄
3:月24日,在河南郑州举行的上海合作组织媒体智库峰会会场,与会代表观看太极拳表演。新华社记者 白雪骐 摄
4:7月23日晚,郑州国际会展中心旁的千玺广场主楼亮灯宣传上海合作组织媒体智库峰会(无人机照片)。郑州国际会展中心是峰会举办地。新华社发(付锐 摄)