Europe
ရုရှားနိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့က ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ကြေညာ

ဗလာဒီဗော့စ်တော့ခ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့က ဇူလိုင် ၂၅ ရက်မှစ၍ An-24 ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ဇူလိုင် ၂၄ ရက်က ကြေညာခဲ့သည်။
Amur ဒေသ အုပ်ချုပ်ရေးမှူး Vasily Orlov က ဇူလိုင် ၂၄ ရက်တွင် လူမှုမီဒီယာ၌ ၎င်းတို့ဒေသတစ်ခုလုံးသည် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ Amur ဒေသရှိ နေရာအားလုံးတွင် အလံအား တိုင်ဝက်လွှင့်ထူမည်ဖြစ်ပြီး ဖျော်ဖြေရေးလှုပ်ရှားမှု အားလုံး ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Khabarovsk နယ်စပ်ဒေသ အုပ်ချုပ်ရေးမှူး Dmitry Demeshin ကလည်း ဇူလိုင် ၂၄ ရက်တွင် လူမှုမီဒီယာ၌ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။ Khabarovsk နယ်စပ်ဒေသသည် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ အလံအား တိုင်ဝက်လွှင့်ထူသွားမည်ဟု ၎င်းက ဆိုသည်။
ရုရှားနိုင်ငံ သမ္မတ ပူတင်က ဇူလိုင် ၂၄ ရက်တွင် Arkhangelsk ပြည်နယ်၌ စစ်ရေးအစည်းအဝေး မကျင်းပမီ လေယာဉ်ပျက်မှုကြောင့် သေဆုံးသူ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်သူအားလုံး သေဆုံးသူများအတွက် တစ်မိနစ်ငြိမ်သက်ခြင်းဖြင့် ဂါရဝပြုရန် ကြေညာခဲ့သည်။
ရုရှားနိုင်ငံ Angara လေကြောင်းလိုင်းမှ ပြေးဆွဲလျက်ရှိသည့် An-24 ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၄ ရက်တွင် ရုရှားနိုင်ငံ Amur ဒေသ Tynda မြို့အစွန်နေရာ၌ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး အားလုံး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Khabarvosk မြို့မှ စတင်ပျံသန်းခဲ့ပြီး Blagoveshchensk မြို့တွင်ရပ်နားကာ Tynda မြို့သို့ ပျံသန်းခဲ့ခြင်းဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
俄阿穆尔州和哈巴罗夫斯克边疆区宣布为客机失事遇难者哀悼三天
新华社符拉迪沃斯托克7月25日电(记者陈畅)俄罗斯阿穆尔州和哈巴罗夫斯克边疆区24日宣布,25日起为安-24客机失事遇难者哀悼三天。
阿穆尔州州长奥尔洛夫24日在社交媒体上说,全州将为遇难者哀悼三天。25日至27日,阿穆尔州所有地区降半旗,取消娱乐活动。
哈巴罗夫斯克边疆区行政长官杰梅申24日在社交媒体上宣布为遇难者哀悼三天。他说,哈巴罗夫斯克边疆区自25日至27日降半旗。
俄总统普京24日在阿尔汉格尔斯克州召开军事会议前,向坠机事件遇难者家属表示慰问,并宣布全体与会人员为遇难者默哀一分钟。
一架由俄罗斯安加拉航空公司运营的安-24客机24日在阿穆尔州滕达市郊坠毁,机上43名乘客和6名机组人员全部遇难。这架客机从远东城市哈巴罗夫斯克起飞,经停布拉戈维申斯克飞往滕达市。(完)
图说:这是俄罗斯远东交通检察院7月24日发布的俄远东阿穆尔州坠机现场照片。新华社发(俄罗斯远东交通检察院供图)