Asia
ထိုင်းနိုင်ငံက နယ်စပ်ပဋိပက္ခအတွင်း ကလပ်စ်တာဗုံးများ အသုံးပြုခဲ့သည် ဟု ကမ္ဘောဒီးယား ဆို

ဖနွမ်းပင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း နိုင်ငံတကာ ပိတ်ပင်ထားသော ကလပ်စ်တာဗုံး (cluster munitions) ကို အသုံးပြုခဲ့သည်ဟု ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးနှင့် နစ်နာသူများအား ကူညီစောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့ (CMAA) က ဇူလိုင် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ပြည်နယ်တွင် အသုံးပြုခဲ့သော ကလပ်စ်တာဗုံးများက အရပ်သားပြည်သူများ၊ မိုင်းရှင်းလင်းရေးသမားများနှင့် လူနေရပ်ကွက်အား “တိုက်ရိုက်နှင့် ခွဲခြားမှုမရှိသော” ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ “ဒီလုပ်ရပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အရပ်သားပြည်သူများ နေထိုင်သည့် နယ်စပ်ဒေသ သို့မဟုတ် အနီးနားတွင် ကလပ်စ်တာဗုံးများ အသုံးပြုခြင်းသည် လက်ခံနိုင်ဖွယ် မရှိသော “အရှိန်မြှင့်တင်သည့် အပြုအမူ” ဖြစ်ကြောင်း၊ “လူ့အသက်၊ လူသားချင်း စာနာထောက်ထားမှု အခြေခံမူများနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို လုံးဝ လျစ်လျူရှုခြင်းဖြစ်တယ်” ဟု ကမ္ဘောဒီးယား CMAA အကြီးတန်း အရာရှိ Ly Thuch က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးကို အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၅ ရက်၌ ကျင်းပမည်ဖြစ်သည်။ (Xinhua)
…………………
(Chinese Version)
柬埔寨称泰国在边境冲突中使用集束弹药
新华社金边7月25日电(记者吴长伟)柬埔寨排雷行动和援助受害者管理局25日发表声明说,泰国军队在柬埔寨境内的边境地区使用了国际禁用的集束弹药。
声明说,泰军在柬埔寨柏威夏省使用的集束弹药对平民、排雷人员和社区构成“直接且无差别”的威胁。“这一行为严重违反了国际人道主义准则”。
柬埔寨排雷行动和援助受害者管理局高级官员利图表示,在平民居住的边境地区或附近使用集束弹药是不可接受的“升级行为”,“完全无视人类生命、人道主义原则和地区和平”。
柬埔寨和泰国24日和25日在边境地区发生冲突,双方互相指责对方违反国际法。联合国安理会将于美国东部时间25日就泰柬边境冲突召开闭门会议。(完)
图说:这是7月24日拍摄的柬埔寨奥多棉吉省边境地区正在撤离的民众。新华社发(帕尔林摄)