China
လီချန်က ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နှင့်အတူ ၂၅ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲ ကြီးမှူးကျင်းပ

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နှင့်အတူ ၂၅ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူးကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ် လီချန်က တရုတ်-အီးယူ သံတမန်ချစ်ကြည်ရေး ထူထောင်သည့် နှစ် ၅၀ တာကာလတစ်လျှောက်တွင် နှစ်ဖက်ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက် ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် ဥက္ကဋ္ဌနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တရုတ်-အီးယူ ဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းစေရေးနှင့် စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီးယူနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေး၏ ဦးဆောင်မှုအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်လျက် မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု အားကောင်းစေရန်နှင့် တရုတ်-အီးယူ ဆက်ဆံရေး၏ တည်ငြိမ်မှု၊ အပြုသဘောဆောင်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာအသွင်ဖြစ်မှု စဉ်ဆက်မပြတ် မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်-အီးယူ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် တံခါးဖွင့်မှု ရရှိနိုင်ချိန်တိုင်းတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် အဆင်ပြေချောမွေ့၍ နှစ်ဦးနှစ်ဖက်လုံး အကျိုးဖြစ်ထွန်းခဲ့ကြပြီး တရုတ်-အီးယူကြားတွင် နားလည်မှုလွဲမှားများပေါ်ပေါက်ပြီး ဆက်ဆံရေးအနှောင့်အယှက်ခံရသည့်အခါတိုင်းတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အဟန့်အတားဖြစ်ကာ နှစ်ဦးနှစ်ဖက်လုံး ထိခိုက်ဆုံးရှုံးရကြောင်း သမိုင်းကြောင်းက အထပ်ထပ်အခါခါ သက်သေပြုခဲ့သည်ဟု လီချန်က ထောက်ပြခဲ့သည်။
တရုတ်-အီးယူတွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားရှိပြီး အခြေခံအကျိုးစီးပွားပဋိပက္ခမရှိကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်-အီးယူဆက်ဆံရေး၏ အဓိကအခြေခံဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီးယူနှင့်အတူ ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရည်အသွေး၊ အဆင့်မြှင့်တင်မှုကို တွန်းအားပေးရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု စသည့် သမားရိုးကျကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ နက်ရှိုင်းစေရန်၊ ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက် စသည့် ထွန်းသစ်စ ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တိုးချဲ့ကာ ပိုမိုများပြားသော အောင်မြင်မှုရလဒ်များရရှိရန် ဆန္ဒရှိကြောင်း၊ တရုတ်-အီးယူ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို သေချာစေရန် နှစ်ဘက်စလုံးသည် တရုတ်-အီးယူ ပို့ကုန်ထိန်းချုပ်ရေး ဆွေးနွေးပွဲယန္တရား “အဆင့်မြှင့်ထားသောဗားရှင်း” ကို ဖန်တီးနိုင်ကြောင်း၊ နှစ်ဘက်လုံးသည် တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းရေး၊ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတို့မှ တစ်ဆင့် သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများကို ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အီးယူအနေဖြင့် စျေးကွက်အခြေခံမူများကို အခိုင်အမာလက်ကိုင်ထားကာ ဥရောပသို့ သွားရောက်ရင်းနှီးမြှုပ်နှံသော တရုတ်ကုမ္ပဏီလုပ်ငန်းများအတွက် တရားမျှတသော၊ သမာသမတ်ကျသော၊ ခွဲခြားမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ ရှုပ်ထွေးပြောင်းလဲနေသည့် နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင်ရာတွင် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီး နှစ်ရပ်၊ ဈေးကွက်ကြီး နှစ်ခု အနေဖြင့် တရုတ်-အီးယူသည် နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နီးကပ်စေပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ကာ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆန့်ကျင်သင့်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ကုလသမဂ္ဂ၏ အဓိကကျသော အနေအထားကို အခိုင်အမာ ထောက်ခံအားပေးကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲ၍ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးသလို နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားစည်းစနစ်ကို ကာကွယ်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေး၊ သာယာဝပြောရေးကို အတူတကွ မြှင့်တင်သင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။
ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာနှင့် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့က အီးယူ-တရုတ်တို့သည် ကမ္ဘာကြီး၏ အရေးပါသော စီးပွားရေးအုပ်စုဖြစ်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောမှု၊ တည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်လာသော နှစ် ၅၀ ကာလတစ်လျှောက်တွင် အီးယူ-တရုတ်၏ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍ ကူးလူးဖလှယ်မှုသည် တစ်နေ့တစ်ခြား ပိုမိုနီးကပ်လာပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်မှုရလဒ်ကြွယ်ဝကာ နှစ်ဖက်ပြည်သူများအတွက် အကျိုးစီးပွားများဆောင်ကြဉ်းပေးကြောင်း၊ အီးယူအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရေရှည်တည်ငြိမ်မှုရှိသော မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက် နက်ရှိုင်းစေရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်စီ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရန် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုကို အားကောင်းစေကာ အပြန်အလှန်နားလည်မှုကို တိုးတက်စေပြီး တစ်ဦး၏ စိုးရိမ်သော ကိစ္စရပ်များကို တစ်ဦးက ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ အီးယူ-တရုတ် ပို့ကုန်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေပြီး ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ကာ WTO ၏ နိုင်ငံတကာ ကုန်သွယ်စီးပွားရေး ဆက်ဆံရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံအားပေးပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွထိန်းသိမ်းသွားလိုကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
တွေ့ဆုံမှုအပြီး နှစ်ဖက်သည် “ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ တရုတ်-အီးယူခေါင်းဆောင်များ ပူးတွဲကြေညာချက်” ကို အတူတကွ ထုတ်ပြန်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝူကျိန့်လုံလည်း တက်ရောက်ခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
李强同欧洲理事会主席科斯塔、欧盟委员会主席冯德莱恩共同主持第二十五次中国-欧盟领导人会晤
新华社北京7月24日电(记者冯歆然)7月24日下午,国务院总理李强在北京人民大会堂同欧洲理事会主席科斯塔、欧盟委员会主席冯德莱恩共同主持第二十五次中国-欧盟领导人会晤。
李强表示,中欧建交50年来,双边关系总体稳健发展,取得丰硕成果。今天上午,习近平主席同两位主席举行了会见,就进一步深化中欧关系达成重要共识。中方愿同欧方继续发挥高层交往的引领作用,加强战略沟通,不断提升中欧关系的稳定性、建设性、互惠性、全球性。
李强指出,历史反复证明,每当中欧能够相互尊重、相互理解、相互开放,双方合作就很顺畅,彼此就都受益;每当中欧之间出现隔阂、关系受到干扰,双方合作就会遭遇阻碍,彼此就都受损。中欧有着广泛共同利益,没有根本利害冲突。无论国际风云如何变化,合作都应当是中欧关系的主基调。中方愿同欧方推动经贸合作提质升级,巩固深化贸易、投资等传统领域合作,积极拓展人工智能、数字经济、绿色发展等新兴领域合作,取得更多成果。双方可以打造“升级版”中欧出口管制对话机制,保证中欧产供链稳定。双方要坚持通过对话磋商、深化合作,妥善解决分歧摩擦。希望欧方坚持市场原则,为中国企业赴欧投资提供公平、公正、非歧视的营商环境。
李强表示,面对当前变乱交织的国际形势,中欧作为全球的两大力量、两大市场,应当进一步密切多边协作,共同维护多边主义和自由贸易,抵制单边主义、保护主义,坚定支持联合国在全球治理中的核心地位,支持世贸组织改革发展,捍卫国际公平正义和全球经贸秩序,共促世界和平稳定繁荣。
科斯塔和冯德莱恩表示,欧中都是世界重要经济体,双方合作关乎全球繁荣稳定。建交50年来,欧中经贸合作及人文等各领域交流日益密切,务实合作富有成果,为双方人民带来福祉。欧方致力于同中国发展深化长期稳定的伙伴关系,愿同中方加强对话沟通,增进相互理解,妥处彼此关切,促进贸易、投资等领域合作,加强欧中出口管制合作,共同维护产供链稳定,更好促进各自发展。欧方愿同中方携手应对气候变化、保护生物多样性等全球性挑战,支持世贸组织在国际经贸关系中发挥核心作用,共同维护多边主义。
会晤后,双方共同发表《中欧领导人关于应对气候变化的联合声明》。
吴政隆出席会晤。(完)
7月24日下午,国务院总理李强在北京人民大会堂同欧洲理事会主席科斯塔、欧盟委员会主席冯德莱恩共同主持第二十五次中国-欧盟领导人会晤。 新华社记者 饶爱民 摄