Europe
ပြင်သစ်နိုင်ငံက စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဟု မက်ခရွန် ဆို

ပဲရစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပါလက်စတိုင်းနိုင်ငံအား တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာမည်ဟု ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဇူလိုင် ၂၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲကို အဆုံးသတ်ရန်နှင့် အရပ်သားပြည်သူများအား ကယ်တင်ရန်ဖြစ်ကြောင်း၊ ချက်ချင်းအပစ်ရပ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးခြင်းနှင့် ဂါဇာဒေသပြည်သူများထံ လူသားချင်းစာနာမှု အကူအညီ ပမာဏ အများအပြား ပံ့ပိုးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ စစ်ရေးမဖော်ဆောင်မှုနှင့် ဂါဇာကမ်းမြောင်ဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ပြန်လည်တည်ဆောက်မှုကို မဖြစ်မနေ အာမခံရမည်ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ပါလက်စတိုင်းနိုင်ငံ တည်ထောင်၍ ၎င်း၏ ရှင်သန်တည်ရှိနိုင်မှုစွမ်းရည်အား အာမခံရမည်ဖြစ်ကြောင်း၊ ထိုသို့အားဖြင့် ၎င်းတို့က စစ်ရေးမဖော်ဆောင်မှုအား လက်ခံ၍ အစ္စရေးအား ဘက်စုံအသိအမှတ်ပြုသည့် အခြေအနေတွင် အရှေ့အလယ်ပိုင်းဒေသ ဘုံလုံခြုံရေးကိစ္စရပ်များတွင် ပါဝင်စေရမည်ဖြစ်ကြောင်း ၎င်းက တစ်ချိန်တည်းတွင် ယူဆကြောင်း ဆိုသည်။
စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က ပြင်သစ်နိုင်ငံ၏ အဆိုပါလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ဆိုခဲ့သည်။ ၎င်းက လူမှုမီဒီယာတွင် ပို့စ်တင်၍ “ပြင်သစ်နိုင်ငံက စပိန်နဲ့ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုသည့် အခြားသော ဥရောပနိုင်ငံများစာရင်းမှာ ပါဝင်လာတဲ့အတွက် ကြိုဆိုပါတယ်” ဟု ဆိုခဲ့သည်။
“ကျွန်တော်တို့က “အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု” ဖျက်ဆီးဖို့ကြိုးပမ်းနေတဲ့ အရာအားလုံးကို အတူတကွ စောင့်ရှောက်ရပါမယ်” ၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” သည် ပါလက်စတိုင်းပြဿနာအား ဖြေရှင်းသည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း Pedro Sánchez က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားလာကတည်းက စပိန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဆလိုဗေးနီးယားနှင့် ဥရောပနှင့် အာဖရိကနိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။
မက်ခရွန်က ယခုနှစ် ဧပြီလတွင် အီဂျစ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ပြီးနောက် ပြင်သစ်နှင့် ဆော်ဒီအာရေဗျတို့သည် ဇွန်လတွင် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အကောင်အထည်ဖော်မှု တွန်းအားပေးရေးအတွက် ကုလသမဂ္ဂ အစည်းအဝေးအား အတူတကွကြီးမှူးကျင်းပရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံက ထိုအချိန်တွင် ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုနိုင်ကြောင်း ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါ အစည်းအဝေးသည် အစ္စရေးနှင့် အီရန်၏ ဇွန်လတွင် ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ (Xinhua)
——————–
(Chinese Version)
马克龙:法国将于9月承认巴勒斯坦国
新华社巴黎7月24日电(记者唐霁)法国总统马克龙24日在社交媒体发文说,法国将于今年9月召开的联合国大会上宣布正式承认巴勒斯坦国。
马克龙说,当务之急是结束在加沙地带的战争,拯救平民。必须立即停火,释放所有被扣押人员,并向加沙人民提供大规模人道主义援助。
他同时认为,必须确保巴勒斯坦伊斯兰抵抗运动(哈马斯)的非军事化,以及加沙地带的安全与重建。最终,必须建立巴勒斯坦国并确保其生存能力,使其在接受非军事化并全面承认以色列的前提下,参与中东地区共同安全事务。
西班牙首相桑切斯对法方此举表示欢迎,他在社交媒体上发文说:“欢迎法国加入到西班牙和其他承认巴勒斯坦国的欧洲国家的行列。”
桑切斯表示,“我们必须共同守护”以色列总理内塔尼亚胡“试图摧毁的一切”,“两国方案”是解决巴勒斯坦问题的唯一出路。
本轮巴以冲突2023年10月爆发后,西班牙、挪威、爱尔兰、斯洛文尼亚以及多个非欧洲国家宣布承认巴勒斯坦国。马克龙今年4月访问埃及后宣布,法国与沙特阿拉伯计划于6月共同主办推动落实“两国方案”的联合国会议。按照法媒说法,法国届时可能承认巴勒斯坦国。但这场会议因以色列与伊朗6月发生军事冲突而推迟。(完)
图说:2月11日,法国总统马克龙在法国巴黎大皇宫举行的人工智能行动峰会上致辞。新华社记者高静摄