Connect with us

Sino-Myanmar

တရုတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) က “နှလုံးသားမှ ပိုးလမ်းမ” အနာဂတ်များအား ချစ်ခင်ကြင်နာခြင်း လှူဒါန်းအခမ်းအနားကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) သည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် One Heart ဖောင်ဒေးရှင်း၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းနှင့် ပူးတွဲ၍ “နှလုံးသားမှ ပိုးလမ်းမ” အနာဂတ်များအား ချစ်ခင်ကြင်နာခြင်း လှူဒါန်းအခမ်းအနားကို မြန်မာနိုင်ငံ နေပြည်တော်၌ ဇူလိုင် ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ မိသားစုများထံ လူသုံးကုန်ပစ္စည်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များ လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရှိ CFPD ရုံး ညွှန်ကြားရေးမှူး ဝမ်လေ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အကူအညီများ လက်ခံရရှိသူ ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)


………………………
(Chinese Version)
中国和平发展基金会在内比都开展“丝路心相通”关爱未来捐赠活动
7月25日,中国和平发展基金会联合广东省一心公益基金会、缅中交流合作协会在内比都开展“丝路心相通”关爱未来捐赠活动,向遭遇震灾影响的缅甸教育工作者和师生家庭援助生活物资和太阳能照明灯。中国和平发展基金会驻缅甸办事处主任王磊、缅甸教育部基础教育司相关负责人和部分受助代表参加活动。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.