Connect with us

International Organizations

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို တရုတ်ကိုယ်စားလှယ် ချေပပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီက ဂါဇာလူသားချင်းစာနာထောက်ထားမှု အခြေအနေဆိုင်ရာ အရေးပေါ် တံခါးဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇူလိုင် ၂၄ ရက် ကျင်းပသည့် ကုလသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးပြောကြားရာတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို ချေပပြောကြားခဲ့သည်။

ထိုသို့ ပြောကြားရာတွင် ဖုချုံးက အမေရိကန်ကိုယ်စားလှယ်၏ ရှင်းကျန်းဒေသဆိုင်ရာ ကိစ္စရပ်များအပေါ် အခြေအမြစ်မရှိ စွပ်စွဲပြောဆိုမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး အပြည့်အဝ ငြင်းဆိုကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ရှင်းကျန်းဒေသသည် လူမှုရေးတည်ငြိမ်မှု၊ စီးပွားရေးသာယာဝပြောဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိပြီး သမိုင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အကောင်းဆုံးကာလကို ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အမေရိကန်သည် ရှင်းကျန်းဒေသဆိုင်ရာ အကြောင်းအရာများကို အချိန်ပေးကြံစည် သတင်းလုပ်နေခြင်း၊ တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ကြံစည်နေခြင်းသည် ၎င်း၏ ဗိုလ်ကျကြီးစိုးမှု ပင်ကိုစရိုက်၊ “စံနှုန်းနှစ်မျိုးသတ်မှတ်ခြင်း” ပုံစံကို ပေါ်လွင်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော ၆ နှစ်ကာလအတွင်း များပြားလှသော အစ္စလာမ်မစ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်းတစ်ရာကျော်သည် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးအသွင်ပြောင်းခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို အကြောင်းပြ၍ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီတွင် မတူညီသော နည်းလမ်းများဖြင့် ထုတ်ဖော်ပြသခဲ့ရာ ယင်းက “ရှင်းကျန်းဒေသကိုအသုံးချခြင်းဖြင့် တရုတ်ကိုထိန်းချုပ်မည့်” အမေရိကန်၏ ကြံစည်မှုသည် ပျက်စီးခဲ့ရပြီး တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်အား တားဆီးထိန်းချုပ်ရေးဖြင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်မည့် ဆိုးရွားသော ရည်ရွယ်ချက်မှာ လုံးဝ မအောင်မြင်ကြောင်း အပြည့်အဝပြသထားသည်ဟု ဖုချုံးက ထောက်ပြခဲ့သည်။

အမေရိကန်အနေဖြင့် မူစလင်တို့၏ လူ့အခွင့်အရေးကို အမှန်တကယ်ဂရုစိုက်ပေးလိုပါက ဂါဇာ၏ လူ့ပြည်ငရဲဘုံကဲ့သို့ဖြစ်နေသော အခြေအနေကို အဘယ်ကြောင့် လျစ်လျူရှုထားသနည်း၊ ပါလက်စတိုင်းပြည်သူများ၏ သမိုင်းကြောင်း မတရားမှုများကို အဘယ်ကြောင့် မျက်ကွယ်ပြုထားသနည်း ဟု ဖုချုံးက ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်းနိုင်ငံအတွင်း သေနတ်အကြမ်းဖက်မှုများ၊ လူမျိုးရေးခွဲခြားမှုစသည့် နာတာရှည်ပြဿနာများကို မျက်ကွယ်ပြုလျက်၊ နိုင်ငံ့ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာချိုးနှိမ်ခံရမှုကို ဂရုမစိုက်ဘဲ လူ့အခွင့်အရေးအကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများကို စိတ်ကြိုက်ဝင်ရောက်စွက်ဖက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှ ပြည်သူများ၏ လူ့အခွင့်အရေးကို ထိပါးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း၊ နည်းလမ်းများ ပြောင်းလဲခြင်းဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းကာကွယ်ရေးအတွက် ကောင်းမွန်သော၊ လက်တွေ့ကျသော ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရန် ဖျောင်းဖျလိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
中国代表在联合国安理会驳斥美国代表涉疆谎言
新华社联合国7月24日电 中国常驻联合国代表傅聪24日在联合国安理会关于联合国同伊斯兰合作组织合作问题公开会上发言,驳斥美国代表涉疆谎言。
傅聪说,中方对美国代表就涉疆问题的无端指责表示坚决反对、完全拒绝。当前新疆社会稳定、经济繁荣发展、人民安居乐业,正处于历史上最好的发展时期。美国处心积虑炒作涉疆议题,妄图干涉中国内政、遏制中国发展,其霸权本质、“双标”嘴脸暴露无遗。
傅聪指出,过去6年,包括广大伊斯兰国家在内的上百个国家在联大第三委员会以不同方式表态,支持中方正义立场,明确反对将人权问题政治化,反对以人权为借口干涉别国内政。这充分表明,美国“以疆制华”的图谋早已破产,借反华遏华挑起阵营对抗的险恶用心已完全失败。
傅聪还说,美国如果真的关心穆斯林的人权,为何对加沙的人间炼狱置若罔闻?为何对巴勒斯坦人民的历史不公视若无睹?美国对国内枪支暴力、种族歧视等痼疾视而不见,不顾国民人权和尊严遭到践踏,却打着人权幌子,肆意干涉别国内政,侵犯了大量发展中国家人民的人权。中方奉劝美国反躬自省、改弦更张,多为维护国际和平与安全做些好事实事。(完)
图说:这是7月16日在位于纽约的联合国总部拍摄的安理会加沙人道局势紧急公开会现场。新华社记者 谢锷 摄