China
နှစ်ပေါင်း ၂၅ နှစ်ကြာ “မျောက်လေး” များအား စောင့်ရှောက်နေသည့် အဖိုးအို တောဘူကျယ်

လားဆ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဇူလိုင်လတွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လျင်ကျီးမြို့ ကုန်းပုကျန်းသာခရိုင် ကျုံ့ဆားကျေးရွာစု လျင်ကျယ်ရွာက စိမ်းလန်းစိုပြည်လျက်ရှိသည်။ ဤနေရာသည် နာမည်ကျော်ကြားသည့် နိုင်ငံတော် အဆင့် (၂) အဓိက ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန် တိဘက်မက္ကာကွေမျောက်များ နားခိုရာဒေသဖြစ်သည်။ တိဘက်မက္ကာကွေမျောက်များ သစ်ပင်တောအုပ်များကြားတွင် ဖြတ်သန်းကူးလူးသွားခြင်း၊ သို့မဟုတ် တောင်ကုန်းပေါ်တွင် နားခိုနေခြင်းတို့ဖြင့် နေရာတကာ တွေ့မြင်နိုင်သည်။
မျောက်အုပ်နားသို့ ကုန်တင်ကားတစ်စီး တဖြည်းဖြည်း မောင်းနှင်ချဉ်းကပ်လာရာ တိဘက်မက္ကာကွေမျောက်များက တစ်ခဏအတွင်းမှာပင် စုဝေးလာကြသည်။ အဖိုးအို တောဘူကျယ်က အပြုံးအပြည့်ဖြင့် ကားတံခါးကိုဖွင့်ပြီး ရင်ခွင်ထဲမှ မြေပဲတစ်အိတ်လိုက် ထုတ်လာကာ ၎င်းအနားတွင် ဝန်းရံနေသော တိဘက်မက္ကာကွေမျောက်များထံ ဖြန့်ကြဲလိုက်သည်။
“ဒီတိဘက်မက္ကာကွေမျောက်တွေက အစာချေးမများဘူး။ အသီး၊ မြေပဲ၊ ပြောင်းဖူး သူတို့အကုန်ကြိုက်တယ်” ဟု ၎င်းကပြောကြားခဲ့သည်။
တောဘူကျယ်က ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် သစ်တောစောင့်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်မှစ၍ မျောက်အုပ်အား ကာကွယ်စောင့်ရှောက်သည့်တာဝန်ကို တိတ်တဆိတ် စတင်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။ တောင်ထဲ၌ကင်းလှည့်ချိန်တွင် မျောက်လေးများနှင့် တွေ့ဆုံတိုင်း ၎င်းက အမြဲ ကိုယ်နှင့်တစ်ပါတည်းသယ်ဆောင်လာသော အစားအစာများကို အဆိုပါ တောင်များကြားက “အိမ်နီးချင်း” များနှင့် ခွဲပေးလေ့ရှိသည်။
အဆိုပါစေတနာကလည်း လျင်ကျယ်ရွာက ရွာသူ၊ ရွာသားများအပေါ် ပျံ့နှံ့သွားခဲ့သည်။ တိဘက်မက္ကာကွေမျောက်များ အမှိုက်များ မှားယွင်းစားသုံးခြင်းမှ ကာကွယ်ရန် အဆိုပါမျောက်များ ပုံမှန်လှုပ်ရှားသည့်ဒေသများကို အားလုံးက ကိုယ်တိုင် သန့်ရှင်းရေးလုပ်လာကြသည်။
လူနှင့်မျောက်တို့ ယှဉ်တွဲနေထိုင်မှု ပိုမိုသဟဇာတဖြစ်လာသည်နှင့်အမျှ တိဘက်မက္ကာကွေမျောက် မိသားစုသည်လည်း တစ်နေ့တခြား တိုးပွားလာခဲ့သည်။ စာရင်းကောက်ယူမှုများအရ လက်ရှိ အဆိုပါနေရာ၌ ခိုနားနေသည့် တိဘက်မက္ကာကွေမျောက်များ အကောင်ရေမှာ ၇,၀၀၀ ကျော်ရှိကြောင်း သိရသည်။
“သူတို့က ကျွန်တော့်ကားကို မှတ်မိကြတယ်” ဟု အဖိုးအို တောဘူကျယ်က ဆိုသည်။ “ကျွန်တော်လာတာနဲ့ သူတို့က ကျွန်တော့်အနားကနေ တစ်လှမ်းမကွာလိုက်ကြတာ၊ ကျွန်တော့်ကလေးတွေအတိုင်းပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လျင်ကျီးမြို့ရှိ လျင်ကျယ်ဂေဟယဉ်ကျေးမှု ခရီးသွားရှုခင်းသာတွင် ဝန်ထမ်းများက အဖိုးအို တောဘူကျယ် (အလယ်) အတွက် တိဘက်မက္ကာကွေမျောက်များစားသည့် မြေပဲများ ပြင်ဆင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လျင်ကျီးမြို့ရှိ လျင်ကျယ်ဂေဟယဉ်ကျေးမှု ခရီးသွားရှုခင်းသာတွင် ခရီးသွားဧည့်သည်များက တိဘက်မက္ကာကွေမျောက်များအား ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
多布杰老人:二十五载守护“猴娃”
新华社照片,拉萨,2025年7月24日
在林则生态文化旅游景区,多布杰老人被藏猕猴围绕(7月23日摄)。
7月,西藏林芝市工布江达县仲莎乡林则村绿意盎然。这里是远近闻名的国家二级重点保护野生动物藏猕猴的栖息地。藏猕猴或穿梭于树丛间,或栖息在山坡上,身影随处可见。
一辆皮卡车缓缓地驶近猴群,藏猕猴们一下子聚拢过来,多布杰老人笑容满面推开车门,从怀里掏出一大袋花生,撒向簇拥在他身边的藏猕猴们。“这些藏猕猴们不挑食,水果、花生、玉米它们都喜欢吃。”
多布杰老人说,2000年前后,他在担任护林员时便悄然担起守护猴群的责任。每次巡山相遇,他总会将随身携带的食物分给这些山间的“邻居”。这份善意也感染了林则村的乡亲们。大家自发清理藏猕猴常活动的区域,防止藏猕猴们误食垃圾。随着人猴相处愈发和谐,藏猕猴家族也日益兴旺。据统计,现有7000余只藏猕猴在此栖息。
“它们认识我的车。”多布杰老人说道,“我一来,它们就寸步不离地跟着我,就像我的孩子一样。”
1:在林则生态文化旅游景区,多布杰老人在给藏猕猴喂花生(7月23日摄)。新华社记者 丁增尼达 摄
2、在林则生态文化旅游景区,工作人员在为多布杰老人(中)准备喂藏猕猴吃的花生(7月23日摄)。新华社记者 丁增尼达 摄
3、在林则生态文化旅游景区,游客在给藏猕猴拍照(7月23日摄)。新华社记者 丁增尼达 摄