Connect with us

Asia

ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်မည်ဟု ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဆို

ကမ္ဘောဒီးယားနိုင်ငံ Ream ဆိပ်ကမ်းရှိ China-Cambodia Joint Support and Training Center ဖွင့်လှစ်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားနေသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်အား ၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ နယ်စပ်အခြေအနေနှင့် စပ်လျဉ်း၍ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက် ညပိုင်းက လူမှုကွန်ရက်တွင် ပို့စ်ရေးသားဖော်ပြခဲ့သည်။

ဟွန်မန်နက်က “ကျွန်တော့်အနေနဲ့ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် ကွာလာလမ်ပူမှာ ကျင်းပမယ့် အထူးအစည်းအဝေးတက်ရောက်မှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ ယခုအကြိမ် အစည်းအဝေးက ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီချက်ရရှိခဲ့ပြီး ရည်မှန်းချက်မှာ “အပစ်အခတ်ရပ်စဲရေး ချက်ချင်းရရှိရန်” ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ၏ ယခုအကြိမ် အထူးအစည်းအဝေးအား အဆိုပြုမှု၊ ညှိနှိုင်းပေးမှုနှင့် ကြီးမှူးကျင်းပပေးမှုကို ကျေးဇူးတင်ကြောင်း ဟွန်မန်နက်က ပို့စ်တွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် အန်ဝါ၏ ဖိတ်ကြားမှုအရ ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်အား ဆွေးနွေးရန် အဖွဲ့ကို ဦးဆောင်၍ မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က ဇူလိုင် ၂၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ်တွင် နယ်စပ်မှ နေရပ်စွန့်ခွာလာသူများ ယာယီနေရာချထားရေးစခန်းကို ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
柬埔寨首相说将率团参加柬泰停火会谈
新华社金边7月28日电(记者吴长伟)柬埔寨首相洪玛奈27日晚在社交媒体平台发文说,将率领柬埔寨代表团前往马来西亚,出席就柬埔寨与泰国边境局势召开的会议。
洪玛奈说:“2025年7月28日,明天,我将率领柬埔寨代表团参加在吉隆坡举行的特别会议。”他说,此次会议得到了柬泰两国领导人的同意,目的是“达成立即停火”。
洪玛奈在帖文中感谢马来西亚总理安瓦尔倡议、协调和主持这次特别会议。
泰国总理府发言人集拉育27日说,应安瓦尔邀请,泰国代理总理普坦28日上午将率团前往马来西亚讨论地区和平方案。(完)
图说1:4月5日,柬埔寨首相洪玛奈在中柬云壤港联合保障和训练中心挂牌仪式上致辞。新华社发(尼多拉摄)
图说2:这是7月26日拍摄的柬埔寨奥多棉吉省的一处边境撤离人员安置场所。新华社发(绍库特摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.