China
“ကဏ္ဍ ၄ ခု အားကောင်းရေးအသွင်” ကောင်းမွန်စွာ ဖော်ဆောင်၍ နည်းပညာအောင်မြင်မှုရလဒ်များကို လက်တွေ့ထုတ်လုပ်မှုစွမ်းအားအဖြစ် ပြောင်းလဲရန် အရှိန်မြှင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း MIIT ဆို

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) အနေဖြင့် “ကဏ္ဍ ၄ ခု အားကောင်းရေးအသွင်” ကောင်းမွန်စွာ ဖော်ဆောင်၍ နည်းပညာအောင်မြင်မှုရလဒ်များကို လက်တွေ့ထုတ်လုပ်မှုစွမ်းအားအဖြစ် ပြောင်းလဲရန် အရှိန်မြှင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း MIIT သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကန်းရှောင်ပင်းက ဇူလိုင် ၂၈ ရက်တွင် ထုတ်လွှင့်သော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီးတွင် ပြောကြားခဲ့သည်။
ပထမအနေဖြင့် ကုမ္ပဏီလုပ်ငန်းများ ဆန်းသစ်တီထွင်မှု ပင်မအနေအထားကို အားကောင်းစေပြီး ကုမ္ပဏီလုပ်ငန်းများ ဦးဆောင်သော စက်မှုလုပ်ငန်း၊ ပညာရပ် လေ့လာမှုနှင့် သုတေသနကို နက်ရှိုင်းစွာ ပေါင်းစည်းကာ ကုမ္ပဏီလုပ်ငန်းများက နိုင်ငံကုန်ထုတ်လုပ်မှု ဆန်းသစ်တီထွင်မှုဗဟိုဌာနနှင့် MIIT ၏ အဓိကဓာတ်ခွဲခန်းများစသည့် စွမ်းရည်မြင့်ဆန်းသစ်တီထွင်မှုပလက်ဖောင်းများ ဦးဆောင် တည်ဆောက်ခြင်းကို အားပေးထောက်ပံ့ရမည်ဖြစ်ကြောင်း၊ ကွင်းဆက်ကုမ္ပဏီလုပ်ငန်းနှင့် အသုံးပြုသူကုမ္ပဏီလုပ်ငန်းတို့၏ နှစ်ဖက်မောင်းနှင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ နည်းပညာဆိုင်ရာ အဓိကပြဿနာများဖြေရှင်းမှုနှင့် သရုပ်ပြအသုံးချမှုကို အတူတကွ ဟန်ချက်ညီညီတွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ဆန်းသစ်တီထွင်မှုနှင့် ဝန်ဆောင်မှု ပလက်ဖောင်း စွမ်းရည်အဆင့်မြှင့်တင်ခြင်းကို အားကောင်းစေပြီး အနေအထား ရှင်းလင်းပြတ်သားသော၊ ဟန်ချက်ညီစွာ ပူးပေါင်းချိတ်ဆက်သော၊ တံခါးဖွင့်မျှဝေသော စက်မှုနည်းပညာဆန်းသစ်တီထွင်မှု ပလက်ဖောင်းစနစ်ကို ဖန်တီးရမည်ဖြစ်ကြောင်း၊ နိုင်ငံကုန်ထုတ်လုပ်မှု ဆန်းသစ်တီထွင်မှုဗဟိုဌာန အသစ်များကို အရှိန်မြှင့် တည်ဆောက်ကာ ကုန်ထုတ်လုပ်မှုကဏ္ဍ အဓိကဓာတ်ခွဲခန်းများကို ကောင်းမွန် အားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း စမ်းသပ်စက်ရုံများစွာ ပျိုးထောင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်း စမ်းသပ်ဝန်ဆောင်မှု ကွန်ရက် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထွန်းသစ်စနှင့် အနာဂတ်စက်မှုလုပ်ငန်း လမ်းကြောင်းအသစ်များကို အာရုံစိုက်ကာ ထူးချွန်သော လုပ်ငန်းမြှင့်တင်ရေးကိရိယာများ ပျိုးထောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် နည်းပညာဝန်ဆောင်မှုအထောက်အပံ့ကို အားကောင်းစေရမည်ဖြစ်ပြီး ကုမ္ပဏီလုပ်ငန်းများအတွက် တိုင်းတာမှုဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ စံချိန်စံညွှန်းအတိုင်း အကောင်အထည်ဖော်ခြင်း၊ စစ်ဆေး စိစစ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် သိပ္ပံနည်းပညာဆိုင်ရာ သတင်းအချက်အလက်များစသည့် “One-Stop” အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်အသွင်ပြောင်း၊ ကျွမ်းကျင်မှုအသွင်ပြောင်း နည်းပညာ လွှဲပြောင်းရေး အဖွဲ့အစည်းများနှင့် အရည်အသွေးမြင့် နည်းပညာ စီမံခန့်ခွဲရေးအဖွဲ့များကို အရှိန်မြှင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် ယန္တရားပြုပြင်ပြောင်းလဲမှု အာမခံချက်အား အားကောင်းစေရမည်ဖြစ်ကြောင်း၊ နည်းပညာအောင်မြင်မှုရလဒ်ဖြစ်သော “အရင်သုံး နောက်မှငွေချေခြင်း”၊ ပိုင်ဆိုင်မှုစာရင်း စီမံခန့်ခွဲခြင်းစသည့် ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက် တွန်းအားပေးပြီး အောင်မြင်မှုရလဒ် အသွင်ပြောင်းခြင်းမှ အကျိုးအမြတ်ခွဲဝေမှုယန္တရားကို ပြည့်စုံကောင်းမွန်စေကာ သိပ္ပံနည်းပညာဆိုင်ရာ အောင်မြင်မှုရလဒ်မှ အားပေးအားမြှောက်ပြုသောယန္တရားနှင့် ကောင်းမွန်သော ဂေဟစနစ်ကို အသွင်ပြောင်းဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ဆန်းသစ်တီထွင်မှုကွင်းဆက်၊ ကုန်ထုတ်လုပ်မှုကွင်းဆက် လစ်လပ်မှုမရှိချောမွေ့စွာချိတ်ဆက်မှုတွင် ကုမ္ပဏီလုပ်ငန်းကြီးများ ဆန်းသစ်တီထွင်မှုအရင်းအမြစ်ဖွင့်လှစ်ရန် လှုံ့ဆော်မှုအား မလုံလောက်ခြင်း၊ အသေးစားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်းများတွင် ဆန်းသစ်တီထွင်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဆန်းသစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရာတွင် အချက်အလက်များ မညီမျှခြင်း စသည့်ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း ကန်းရှောင်ပင်းက ပြောကြားခဲ့သည်။
ထို့ကြောင့် အကြီးစား၊ အလတ်စားနှင့် အသေးစား ကုမ္ပဏီလုပ်ငန်းများ စုစည်းကူးလူးချိတ်ဆက်ပေးသည့် “ရာနှင့်ချီသော အခမ်းအနားများ၊ သောင်းနှင့်ချီသော ကုမ္ပဏီလုပ်ငန်းများ” လှုပ်ရှားမှုများ စဉ်ဆက်မပြတ် စီစဉ်ကျင်းပကာ ကုမ္ပဏီလုပ်ငန်းကြီးအား “လိုအပ်ချက်ဆိုင်ရာ ကြေညာချက်များ” ထုတ်ပြန်၍ အသေးစားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်းများက “တောင်းဆိုမှုများကို လက်ခံဖြေရှင်း” ရန် အားပေးရမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာဆိုင်ရာ အောင်မြင်မှုရလဒ်များဖြင့် အသေးစားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်းများအား စမတ်နည်းပညာထောက်ပံ့ပေးသည့် အထူးလှုပ်ရှားမှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ကာ တက္ကသိုလ်များနှင့် သုတေသနဌာနများရှိ သိပ္ပံသုတေသနအခြေခံအဆောက်အအုံများနှင့် သိပ္ပံသုတေသနကိရိယာများကို ကုမ္ပဏီလုပ်ငန်း အထူးသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများထံ တစ်ဆင့်တိုး ဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ကုမ္ပဏီလုပ်ငန်းနှင့် သိပ္ပံနည်းပညာသုတေသနအဖွဲ့အစည်းများအကြား ပုံမှန်ဆက်သွယ်နိုင်သော အများပြည်သူဆိုင်ရာပလက်ဖောင်း ထူထောင်ပြီး ကုမ္ပဏီလုပ်ငန်းများ “အမှန်တကယ်လိုအပ်ချက်များ” ရှာဖွေဖော်ထုတ်နိုင်ရန် ကူညီကာ “သုတေသနပြင်ပ ဦးနှောက်များ” ကို ကျွမ်းကျင်စွာအသုံးချ၍ သိမ်မွေ့သည့်လူရည်ချွန်ဖိတ်ခေါ်မှုပုံစံကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ နည်းပညာ၊ လူရည်ချွန် စသည့် အဆင့်မြင့်အချက်များစုစည်းမှုကို ထိရောက်စွာမြှင့်တင်ရမည်ဖြစ်ကြောင်း ကန်းရှောင်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ Zhongqing Robot Technology Co., Ltd ၏ ဝန်ထမ်းတစ်ဦးက လူပုံစံတူ စက်ရုပ်အား စမ်းသပ်နေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(Chinese Version)
中国经济圆桌会|工业和信息化部:做好“四个强化” 加快推动科技成果转化为现实生产力
新华社北京7月28日电(记者唐诗凝)工业和信息化部科技司副司长甘小斌在新华社28日推出的“中国经济圆桌会”大型全媒体访谈节目中表示,工业和信息化部将做好“四个强化”,加快推动科技成果转化为现实生产力。
一是强化企业创新主体地位,加强企业主导的产学研深度融合,支持领军企业牵头建设国家制造业创新中心、工业和信息化部重点实验室等高能级创新平台。发挥链主企业和用户企业双带动作用,协同推动技术攻关和示范应用。
二是强化创新和服务平台能级提升,打造定位明晰、协同贯通、开放共享的产业科技创新平台体系。加快新建一批国家制造业创新中心,做优做强制造业领域重点实验室。培育若干个国家级制造业中试平台,打造全国制造业中试服务网络。聚焦新兴和未来产业新赛道培育一批卓越孵化器。
三是强化科技服务支撑,为企业提供计量校准、标准实施、检验检测、认证认可、知识产权、科技信息等“一站式”公共服务。加快培育市场化、专业化技术转移机构和高素质技术经理人队伍。
四是强化机制改革保障,大力推进科技成果“先用后付”、资产单列管理等改革,完善成果转化收益分配机制,形成科技成果转化激励机制和良好生态。
“当前,创新链产业链无缝衔接还存在大企业开放创新资源动力不足、中小企业创新成本高、创新合作信息不对称等问题。”甘小斌说。
甘小斌表示,对此,要持续组织“百场万企”大中小企业融通对接活动,鼓励大企业“发榜”中小企业“揭榜”;深入开展科技成果赋智中小企业专项行动,推动高校院所科研基础设施和科研仪器进一步向企业特别是中小企业开放。
“此外,要建立企业、科研机构常态化对接公共平台,帮助企业提炼‘真实需求’,巧借‘科研外脑’,实现‘柔性引才’,切实推动技术、人才等高端要素汇聚企业。”甘小斌说。(完)
图说1:工业和信息化部科技司副司长甘小斌在第二十期“中国经济圆桌会”大型全媒体访谈节目录制现场发言。新华社记者 陈晔华 摄
图说2:2025年6月25日,深圳市众擎机器人科技有限公司的工作人员在调试人形机器人。新华社记者 李安 摄