Connect with us

Asia

ကမ္ဘောဒီးယားဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းကြည်းတပ် ဆို၊ နယ်စပ်ပဋိပက္ခပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား ဆို

မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ (အလယ်)၊ ထိုင်းနိုင်ငံ ယာယီ ဝန်ကြီးချုပ် Phumtham Wechayachai (ယာ) နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက် (ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မလေးရှားနိုင်ငံပိုင်သတင်းဌာန)

ဘန်ကောက်/ ဖနွမ်းပင်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်သော်လည်း ထိုင်းဘက်က နှစ်ဖက်ရှေ့တန်းတပ်ဖွဲ့ တပ်မှူးတို့ စေ့စပ်ညှိနှိုင်းမှုရရှိရန် ကြိုးစားလျက်ရှိကြောင်း၊ အချိန်ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ ရွှေ့ဆိုင်းထားကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ဇူလိုင် ၂၉ ရက်က ဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇူလိုင် ၂၉ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် သဘောတူညီချက်အသက်ဝင်သည့် ပထမဆုံးအချိန်တွင်ပင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် အပစ်အခတ်ရပ်စဲခဲ့ကြောင်း၊ သို့သော် သဘောတူညီချက်အသက်ဝင်ပြီးနောက် ကမ္ဘောဒီးယားဘက်က နေရာအများအပြားတွင် လက်နက်များသုံး၍ ထိုင်းပိုင်နက်ကို တိုက်ခိုက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ကြည်းတပ် ပြောရေးဆိုခွင့်ရှိသူ Winthai Suvari က ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ထိုင်းဘက်က တရားဝင် ခုခံကာကွယ်ပိုင်ခွင့် ဘောင်အတွင်းမှ သင့်လျော်သော တန်ပြန်အရေးယူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၈ ရက် ညပိုင်းတွင် အပစ်အခတ်ရပ်စဲပြီးနောက် နယ်စပ်ဒေသတစ်နေရာသည် ကမ္ဘောဒီးယား နှောင့်ယှက်မှုများခံခဲ့ရရာ နှစ်ဖက် ထပ်မံအပြန်အလှန်ပစ်ခတ်မှုများ နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ အခြား ဒေသတစ်နေရာတွင်လည်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ဒေသအားလုံး အပစ်အခတ်ရပ်စဲခဲ့ကြပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ စစ်တပ်က အဆိုပါနေ့ အစောပိုင်းတွင် လူမှုကွန်ရက်မှ တစ်ဆင့် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့ အပစ်အခတ်ရပ်စဲရန် သဘောတူပြီးနောက် နယ်စပ်အငြင်းပွားမှုဖြစ်ပွားရာဒေသတွင် လက်နက်ကိုင်ပဋိပက္ခများ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အပြုသဘောဆောင်တဲ့ ရလဒ်ကတော့ စစ်ရေးဇုန်အားလုံး အပြန်အလှန်ပစ်ခတ်မှုတွေ နောက်ထပ် ထပ်မဖြစ်တာပါပဲ” ဟူ၍ ၎င်းက ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထိရောက်မှုရှိစွာ ဖော်ဆောင်နိုင်ရေးကို သေချာစေရန်အတွက် နှစ်ဖက် ရှေ့တန်းတပ်မှူးတို့သည် ဇူလိုင် ၂၉ ရက်နံနက်ပိုင်းတွင် အလွတ်သဘော အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နယ်စပ်အခြေအနေသည် ပြေလျော့ကောင်းမွန်မှုများရှိလာခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံက မလေးရှားနိုင်ငံ အထူးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက်စိတ်ဓာတ်အရ အပစ်အခတ်ရပ်စဲရေးဟာ ဇူလိုင် ၂၈ ရက် သန်းခေါင်ယံမှာ အသက်ဝင်မှာ ဖြစ်ပြီး ရှေ့တန်းအခြေအနေကလည်း ပြေလျော့ကောင်းမွန်သွားပါပြီ” ဟူ၍ ၎င်းက လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ၏ ကြီးမှူးကျင်းပမှုအောက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါနေ့ ည ၁၂ နာရီမှစ၍ “ချက်ချင်း၊ ခြွင်းချက်မရှိ” အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြရာ နှစ်နိုင်ငံ ရက်အနည်းငယ်ဆက်တိုက်ကြာမြင့်ခဲ့သော နယ်စပ်ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။ နှစ်နိုင်ငံသည် ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီတွင် ဒေသတွင်း တပ်မှူးတို့အား အလွတ်သဘောအစည်းအဝေးခေါ်ယူကျင်းပရန်နှင့် ဩဂုတ် ၄ ရက်တွင် ကမ္ဘောဒီးယားဘက်က နယ်စပ်ရေးရာ ပူးပေါင်းကော်မတီ အစည်းအဝေး ကြီးမှူးကျင်းပရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ နယ်စပ်ပြည်နယ်ဖြစ်သော Buri Ram ပြည်နယ်တွင် ယာယီ ခိုလှုံရာစခန်းအဖြစ် သုံးထားသော အားကစားကွင်းတစ်နေရာ၌ ဒေသခံပြည်သူများ စုဝေးနေစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ နယ်စပ်ပြည်နယ်ဖြစ်သော Buri Ram ပြည်နယ်တွင် ယာယီ ခိုလှုံရာစခန်းအဖြစ် သုံးထားသော အားကစားကွင်းတစ်နေရာ၌ ဒေသခံပြည်သူများ စုဝေးနေစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
综合消息|泰国陆军称柬方违反停火协议 柬方称边境冲突已结束
新华社曼谷/金边7月29日电(记者陈倩慈 吴长伟)
泰国陆军29日称,柬埔寨违反停火协议,但泰方仍在努力实现双方前线部队指挥官谈判,时间推迟至当地时间10时。柬埔寨国防部发言人马莉淑洁达29日早上表示,柬泰边境冲突已经结束。
泰国陆军发言人文泰·苏瓦里29日上午发表声明说,泰方在协议生效第一时间即在泰柬边境地区停火。但协议生效后,柬方仍在多处地点使用武器进攻泰国领土。声明说,泰方有必要在合法自卫权范围内采取适当反制措施。
泰国陆军通报说,28日晚停火后,边境一处区域遭柬方骚扰,双方再次交火并持续至早晨。另一处区域也发生交火,交火持续至当地时间29日5时30分。
泰国军方当天早些时候曾通过社交媒体表示,泰柬边境所有地区已经停火。
柬国防部发言人马莉淑洁达29日在新闻发布会上说,两国领导人同意停火后,边境争议地区的武装冲突已经结束。“积极的结果是,所有军区都不再发生交火。”她表示,双方前线指挥官29日上午将举行非正式会议,以确保停火协议有效实施。
柬埔寨首相洪玛奈29日早表示,28日午夜停火生效后,柬埔寨和泰国边境局势有所缓和。他在社交媒体上说:“根据柬泰两国在马来西亚特别会议上达成的协议精神,停火在28日午夜生效,前线局势已得到缓和。”
在马来西亚总理安瓦尔主持下,柬埔寨和泰国28日举行会谈并同意从当日24时起“立刻且无条件”停火,结束两国持续数日的边境冲突。两国还同意于29日7时召开区域指挥官非正式会议,并于8月4日由柬埔寨主办边境联合委员会会议。(完)
图说1:7月28日,在马来西亚布特拉加亚,马来西亚总理安瓦尔(中)、泰国代理总理普坦(右)和柬埔寨首相洪玛奈(左)握手。新华社/马来西亚国家新闻社
图说2:7月28日,在泰国边境省份武里南府,当地民众聚集在一处用作避难所的体育馆。新华社发(拉亨摄)