Connect with us

Europe

အရေးပေါ်လှုပ်ရှားမှုများ လုပ်ဆောင်၍ ဂါဇာဒေသပြည်သူများ အခက်အခဲအား အဆုံးသတ်ရန် ဗြိတိန်၊ အမေရိကန်ခေါင်းဆောင်များ တိုက်တွန်း

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံတွင် အာဟာရချို့တဲ့သော ကလေးငယ်တစ်ဦးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမားနှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့သည် ဇူလိုင် ၂၈ ရက်တွင် ဗြိတိန်နိုင်ငံ စကော့တလန် South Ayrshire ဒေသ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်က ဂါဇာကမ်းမြောင်ဒေသ၌ ချက်ချင်းအပစ်ရပ်ရန်၊ အရေးပေါ်လှုပ်ရှားမှုများ လုပ်ဆောင်၍ အဆိုပါဒေသပြည်သူများ အခက်အခဲအား အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြောင်း ဗြိတိန်အစိုးရဝက်ဘ်ဆိုက်က ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နှစ်ဖက်က ကနဦးတွင် ဂါဇာကမ်းမြောင်ဒေသ၏ “တုန်လှုပ်ဖွယ်” မြင်ကွင်းများအကြောင်း ဆွေးနွေးခဲ့ပြီး အရေးပေါ်လှုပ်ရှားမှုများ လုပ်ဆောင်၍ အဆိုပါအခက်အခဲအား အဆုံးသတ်ရန် လိုအပ်ကြောင်း တစ်ပြေးညီ ယူဆကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။ နှစ်ဖက်က ချက်ချင်းအပစ်ရပ်၍ အဆိုပါဒေသ ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးရန် ထပ်မံတိုက်တွန်းခဲ့ပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှု အကူအညီများ ဂါဇာကမ်းမြောင်ဒေသသို့ “ပမာဏ အများအပြားနှင့် လျင်မြန်စွာ” ဝင်ရောက်ရေးအား ခွင့်ပြုရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု၏ “ဂါဇာကမ်းမြောင်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှုမရှိ” ဟူသော ပြောဆိုချက်အား သဘောတူညီမှုရှိ၊ မရှိကို နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု မလုပ်ဆောင်ခင် ထရမ့်အား သတင်းထောက်က မေးမြန်းခဲ့ရာ ၎င်းက “ဗီဒီယိုမြင်ကွင်းအရ ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော် သိပ်သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီကလေးတွေက ကြည့်ရတာ သိပ်ပြီးငတ်မွတ်နေကြပုံပါပဲ” ဟု ဆိုခဲ့သည်။

ထို့နောက်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က “အဲဒါက တကယ့်ငတ်မွတ်ခေါင်းပါးမှုပါ။ ကျွန်တော်တွေ့လိုက်ရပါတယ်။ ဒါကလူတွေကိုလိမ်လို့မရပါဘူး” ဟု ပြောကြားခဲ့သည်။ အစ္စရေးအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသသို့ ပို့ဆောင်ရောက်ရှိမှုကို အာမခံရမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့ပြီး “အစားအစာ တစ်အောင်စတိုင်း ရောက်အောင် ပို့ဆောင်နိုင်တာကို သူတို့အာမခံပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဆိုခဲ့သည်။

ကီယာစတားမားကမူ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တိုးမြှင့်ပေးရန် တိုက်တွန်းကြောင်း၊ အဆိုပါဒေသ၏အခြေအနေသည် “လုံးဝသည်းညည်းခံနိုင်ဖွယ် မရှိ” ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမြို့ Nablus ၌ ပါလက်စတိုင်းပြည်သူများက ဂါဇာဒေသအပေါ် အစ္စရေး၏ ငတ်မွတ်မှုမူဝါဒကျင့်သုံးခြင်းအား ဆန္ဒပြနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
英美领导人呼吁采取紧急行动结束加沙民众苦难
新华社伦敦7月28日电(记者赵家淞)英国政府网站28日发布消息说,英国首相斯塔默与美国总统特朗普当天在英国苏格兰南艾尔郡举行会晤,双方呼吁立即在加沙地带实现停火,采取紧急行动结束该地区民众的苦难。
消息说,双方一开始就讨论了加沙地带“令人震惊”的场景,并一致认为需要采取紧急行动结束这场苦难。双方再次呼吁立即停火,为该地区的和平铺平道路,同时强调必须允许人道主义援助“大规模和快速”进入加沙地带。
在双方会晤前,特朗普被现场记者问及是否同意以色列总理内塔尼亚胡“加沙地带不存在饥荒”的表态,他说:“根据电视画面来看,我不太同意,因为那些孩子看起来非常饥饿。”
在随后的新闻发布会上,特朗普说:“那是真正的饥荒,我看到了,这是骗不了人的。”他强调,以色列应确保人道主义物资能够送达加沙地带,“我希望他们确保每一盎司的食物都能送到”。
斯塔默则呼吁增加对加沙地带的人道主义援助,并表示该地区形势令人“完全无法容忍”。(完)
1、这是7月23日在加沙城一所医院里拍摄的营养不良的儿童。新华社发(里泽克·阿卜杜勒贾瓦德摄)
2、7月22日,巴勒斯坦民众在约旦河西岸城市纳布卢斯示威,抗议以色列对加沙实施的饥饿政策。新华社发(艾曼·诺巴尼摄)