Connect with us

North America

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် ရက် ၅၀ ကြာ နောက်ဆုံးကန့်သတ်ရက်ကို လျှော့ချရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ထရမ့်ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အမေရိကန်သမ္မတ ထရမ့်က လေယာဉ်ပေါ်သို့မတက်မီ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်တွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းသည် ရုရှားနိုင်ငံ သမ္မတ ပူတင်အပေါ် “အလွန် စိတ်ပျက်မိ” ကြောင်း၊ ယင်းမတိုင်ခင် ရုရှားအပေါ် သတ်မှတ်ထားသော ရက် ၅၀ အတွင်း ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရမည့် နောက်ဆုံးကန့်သတ်ရက်ကို လျှော့ချရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမားနှင့် ဗြိတိန်နိုင်ငံ စကော့စလန် South Ayrshire ကောင်စီဒေသ၌ တွေ့ဆုံဆွေးနွေးမှုမစတင်မီ သတင်းထောက်များထံ ပြောကြားခဲ့သည်။

ထရမ့်အား ၎င်းသတ်မှတ်ထားသော “ရက် ၅၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည်” ဟူသော နောက်ဆုံးကန့်သတ်ရက်ကို ရှေ့တိုးမည်လားဟု မေးမြန်းရာတွင် ၎င်းက “ဒီနေ့ကစပြီး ၁၀ ရက် ၁၂ ရက်ခန့်လောက်ဖြစ်တဲ့ နောက်ဆုံးကန့်သတ်ရက်အသစ်တစ်ခု သတ်မှတ်ဖို့ လုပ်ထားပါတယ်။ ထပ်စောင့်စရာအကြောင်းလည်းမရှိတော့ဘူး၊ ဘာတိုးတက်မှုမှလည်း ကျွန်တော်တို့ မတွေ့ရဘူး” ဟူ၍ ဖြေကြားခဲ့သည်။

ဇူလိုင် ၁၄ ရက်တွင် ရုရှားနှင့် ယူကရိန်းတို့သည် ရက် ၅၀ အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိပါက အမေရိကန်သည် ရုရှားကို “အလွန် ပြင်းထန်” သော စည်းကြပ်ခွန်ကောက်ခံမည်ဖြစ်ကြောင်း ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးသည်။ (Xinhua)
…………………..
(Chinese Version)
特朗普称将考虑缩短俄乌和平协议50天期限
新华社伦敦7月28日电(记者郑博非)美国总统特朗普在英国苏格兰南艾尔郡与英国首相斯塔默会晤前对在场记者表示,他对俄罗斯总统普京“十分失望”,将考虑缩短此前对俄罗斯设置的50天内达成俄乌和平协议的期限。
当特朗普被问及他曾设下的“50天内结束乌克兰战争”最后期限是否会提前时,他回答说:“我打算从今天起,设定一个新的最后期限,大约是10到12天。没有理由再等下去了……我们根本看不到任何进展。”
特朗普7月14日曾威胁称,如果俄罗斯和乌克兰50天内没有达成和平协议,美国将对俄罗斯征收“非常严厉”的关税。(完)
图说:2025年6月24日,在美国华盛顿白宫,美国总统特朗普在南草坪登机前回答记者提问。新华社记者 胡友松 摄