Latin America
ပီရူး-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ခိုင်မာလျက်ရှိကြောင်း ပီရူးနိုင်ငံ သမ္မတ ဆို

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
လတ်တလောနှစ်များတွင် ပီရူးသည် တရုတ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံအနေဖြင့် အဓိကကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့ကြောင်း ပီရူးနိုင်ငံ သမ္မတ Dina Boluarte က ဇူလိုင် ၂၈ ရက် နိုင်ငံတော်မိန့်ခွန်းပြောကြားရာတွင် ထောက်ပြခဲ့သည်။
ဇူလိုင် ၂၈ ရက်သည် ပီရူးနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၂၀၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ သမ္မတ Boluarte က နိုင်ငံတော်မိန့်ခွန်းပြောကြားရာတွင် ပီရူး-တရုတ် ဆက်ဆံရေးကို အလေးထားပြောကြားခဲ့ပြီး ပီရူးသည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပီရူးသမ္မတနိုင်ငံအစိုးရ၏ ၂၀၂၄ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အတူတကွ လှုပ်ရှားမှုအစီအစဉ်များ” အတွင်း သတ်မှတ်ထားသော ရည်မှန်းချက်အသီးသီးကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်လျက်ရှိကြောင်း ထောက်ပြခဲ့သည်။
ချန်ကေး (Chancay) ဆိပ်ကမ်းသည် တရားဝင် ရင်းနှီးမြှုပ်နှံလည်ပတ်ပြီး တောင်အမေရိကတိုက် ပစိဖိတ်ကမ်းရိုးတန်းရှိ ထောက်ပံ့ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနှင့် နည်းပညာများ ပေါင်းစပ်ထားသော အချက်အချာအသစ်တစ်ခုအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ပီရူး၏ ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်အပေါ် ရည်မှန်းချက်သည် အခြေခံအဆောက်အုံတည်ဆောက်ခြင်းအဆင့်သာ မဟုတ်ဘဲ ယင်း၏ ပင်မရည်မှန်းချက်မှာ ပြည်တွင်းပြည်ပ ချိတ်ဆက်မှု၊ ဒေသတွင်းစီးပွားရေး တက်ကြွမှုကို လှုံ့ဆော်မှု၊ ဒေသတွင်း မျှတစွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်ဖြစ်ကြောင်း Boluarte က ပြောကြားခဲ့သည်။
ယခုအကြိမ် အစိုးရ၏ လုပ်ငန်းအောင်မြင်မှုရလဒ်များကိုလည်း Boluarte က မိန့်ခွန်းတွင် ပြန်လည်သုံးသပ်ခဲ့သည်။ ယခုနှစ်နှောင်းပိုင်းတွင် ပီရူး ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းတန်ဖိုး တိုးတက်နှုန်းသည် ၃.၁ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းကြားတွင် ဆက်လက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အစိုးရ၏ အသေးစားနှင့် အငယ်စား ကုမ္ပဏီလုပ်ငန်းများအပေါ် ထောက်ပံ့မှုအား ဆက်လက်မြှင့်တင်ခြင်းနှင့်အမျှ အဆိုပါနိုင်ငံ အလုပ်အကိုင်ရရှိမှု တည်ငြိမ်စွာ တိုးတက်လာပြီး ပျမ်းမျှလစာ အဆက်မပြတ်မြင့်တက်ကာ အခြေခံအဆောက်အအုံတည်ဆောက်မှုကို စဉ်ဆက်မပြတ်တွန်းအားပေး၍ စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းက သန်းနှင့်ချီသော ပီရူးပြည်သူလူထုအား အကျိုးပြုစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ချန်ကေး (Chancay) ဆိပ်ကမ်းသည် ပီရူးနိုင်ငံ မြို့တော် လီမာမှ မြောက်ဘက် ၈၀ ကီလိုမီတာ အကွာတွင် တည်ရှိပြီး တရုတ်-ပီရူး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်း၏ အဓိက စီမံကိန်းဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဆိပ်ကမ်းကို တရားဝင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ (Xinhua)
……………………….
(Chinese Version)
秘鲁总统:秘中全面战略伙伴关系不断巩固
新华社墨西哥城7月28日电(记者孟宜霏)利马消息:秘鲁总统博鲁阿尔特28日在发表全国讲话时指出,近年来,秘鲁不断巩固与中国的全面战略伙伴关系,推动两国在重点领域深化合作。
7月28日是秘鲁独立204周年纪念日。博鲁阿尔特在国会发表全国讲话时特别提到了秘中关系,指出秘鲁正在积极落实《中华人民共和国政府和秘鲁共和国政府2024年至2029年共同行动计划》中设定的各项目标。她表示,钱凯港正式投入运营,逐渐发展成为南美洲太平洋沿岸的一个集物流、工业与科技为一体的新枢纽。
博鲁阿尔特说,秘鲁对港口发展的构想远不止于基础设施建设,其核心在于实现内外联通,激发区域经济活力,推动区域均衡发展。
博鲁阿尔特还在讲话中回顾了本届政府工作成果。她表示,预计今年底秘鲁国内生产总值增长率将维持在3.1%至3.5%之间。随着政府持续加大对小微企业的支持力度,该国就业岗位稳步增长,平均月薪不断提高,基础设施建设持续推进,经济复苏惠及数百万秘鲁民众。
钱凯港位于秘鲁首都利马以北80公里,是中秘共建“一带一路”重点项目。2024年11月正式开港。(完)
图说:7月28日,秘鲁总统博鲁阿尔特在利马发表全国讲话前经过仪仗队。新华社发(玛丽安娜·巴索摄)