China
ကမ္ဘာ့လူငယ် ငြိမ်းချမ်းရေး ညီလာခံသို့ ရှီကျင့်ဖိန် သဝဏ်လွှာပေးပို့

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင် ၂၉ ရက်တွင် ကမ္ဘာ့လူငယ် ငြိမ်းချမ်းရေး ညီလာခံသို့ သဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်က တရုတ်ပြည်သူများသည် ကမ္ဘာ့ပြည်သူများနှင့်အတူ အသက်သွေးချွေးဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုဖြင့် ဖက်ဆစ်ဝါဒအား အမြစ်ပြတ်တိုက်ခိုက်ခဲ့ပြီး ရရှိလာသည့် ငြိမ်းချမ်းရေးမှာ ခဲယဉ်းကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး၏အနာဂတ်သည် လူငယ်များလက်ဝယ်တွင်ရှိကြောင်း၊ နိုင်ငံအသီးသီးမှ လူငယ်မိတ်ဆွေများက ယခုအကြိမ်ညီလာခံကို အခါအခွင့်အဖြစ် အသုံးပြု၍ အတွေးအခေါ်များ ဖလှယ်ကာ နားလည်မှုများ တိုးမြှင့်ပြီး ချစ်ကြည်ရင်းနှီးမှုများရရှိ၍ ငြိမ်းချမ်းရေးအယူအဆအား အဆိုပြုသူ၊ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လှုပ်ရှားသူအဖြစ် အတူထမ်းဆောင်ခြင်းဖြင့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန်အတွက် ဉာဏ်ပညာနှင့် အင်အားများ အကျိုးထမ်းဆောင်ပေးရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ကမ္ဘာ့လူငယ် ငြိမ်းချမ်းရေး ညီလာခံကို ဇူလိုင် ၂၉ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ရာ ခေါင်းစဉ်မှာ “ငြိမ်းချမ်းရေးအတွက် အတူလက်တွဲ” ဟူ၍ ဖြစ်ပြီး တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်းနှင့် တရုတ်ပြည်လုံးဆိုင်ရာ လူငယ်များအသင်းချုပ်တို့မှ အတူတကွကျင်းပခြင်းဖြစ်သည်။ (Xinhua)
#China #XiJinping #WorldYouthConferenceForPeace #တရုတ် #ရှီကျင့်ဖိန် #ကမ္ဘာ့လူငယ်ငြိမ်းချမ်းရေးညီလာခံ
——————–
(Chinese Version)
习近平向世界青年和平大会致信
新华社北京7月29日电 7月29日,国家主席习近平向世界青年和平大会致信。
习近平指出,今年是中国人民抗日战争暨世界反法西斯战争胜利80周年。80年前,中国人民同世界人民一道,经过艰苦卓绝的浴血奋战,彻底打败法西斯主义,赢得了来之不易的和平。
习近平强调,和平的未来寄托在青年身上。希望各国青年朋友们以这次大会为契机,交流思想、增进了解、收获友谊,一起做和平理念的倡导者、和平发展的行动者,为推动构建人类命运共同体贡献智慧和力量。
世界青年和平大会当日在北京举行,主题为“一起为和平”,由中国人民对外友好协会和中华全国青年联合会共同举办。(完)