Connect with us

Africa & Middle East

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် မည်ကဲ့သို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေးမည်ဟု အီရန် ပြောကြား

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei အား ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အရာရှိများသည် လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ “နည်းပညာ အရေးကိစ္စ ဆွေးနွေး” နိုင်ခြေရှိကြောင်း၊ နှစ်ဖက်က မည်ကဲ့သို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဇူလိုင် ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဥရောပတိုက်အနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား ပြန်လည်စတင်ပိုင်ခွင့်မရှိဟု ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။

အီရန်အနေဖြင့် ယူရေနီယံသန့်စင်ခြင်း အပါအဝင် နျူကလီးယားအစီအစဉ်များကို ဆက်လက် တွန်းအားပေး ဖော်ဆောင်သွားမည်ဟုလည်း Esmaeil Baghaei က ထပ်မံအတိအလင်းပြောကြားခဲ့သည်။

အီရန်နျူကလီးယားအဆောက်အဦ၏ လက်ရှိအခြေအနေ အသေးစိတ်နှင့်စပ်လျဉ်း၍ ၎င်းက IAEA ၏ သက်ဆိုင်ရာ အစီရင်ခံစာအား စောင့်ဆိုင်းနေကြောင်း၊ အီရန်အနေဖြင့် လွှတ်တော်ဥပဒေမူကြမ်း၏ အခြေခံပေါ်တွင် မည်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်အပေါ် ဆွေးနွေးရန်အတွက် IAEA နှင့် ပရိုတိုကောလ် (Protocol) အသစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပ ဘက်အသီးသီးအနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား ဟူသည်အား အသုံးပြုပိုင်ခွင့်မရှိကြောင်း Esmaeil Baghaei က ထပ်မံပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဒါကိုကန့်ကွက်ပြီး ဥရောပဘက်ကိုလည်း ရပ်တည်ချက်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါယန္တရားအား အလွဲသုံးပါက အီရန်ဘက်က ပြတ်သားသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထား‌ ပြောကြားခဲ့သည်။

အီရန်သည် ဇွန် ၂၅ ရက်တွင် ဥပဒေကြမ်းကို အတည်ပြု၍ အီရန်နှင့် IAEA ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် အီရန်၏ နျူကလီးယားအဆောက်အဦ ဘေးကင်းလုံခြုံမှုနှင့် အီရန်က နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုပိုင်ခွင့်ကို အာမခံပေးနိုင်ပြီး အီရန်၏ အဆင့်မြင့် အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရရှိထားသည်မှလွဲ၍ IAEA က စောင့်ကြည့်လေ့လာသူအနေဖြင့် အီရန်ပြည်တွင်းသို့ ဝင်ရောက်ပြီး စစ်ဆေးအတည်ပြုမှုလုပ်ဆောင်ခြင်းအား တားမြစ်လိုက်သည်။ ထို့နောက် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အဆိုပါဥပဒေကြမ်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုထားသည့် အီရန်နျူကလီးယားသဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်း၏နျူကလီးယားအစီအစဉ်အား ကန့်သတ်ရန် ကတိပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုကို ပယ်ဖျက်ပေးမည်ဖြစ်သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး အီရန်နျူကလီးယား သဘောတူညီချက်အား စိစစ်အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်တွင် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားပါဝင်ပြီး အီရန်၏ စည်းကမ်းချိုးဖောက်သော လုပ်ရပ်အား ရင်ဆိုင်ရန်အတွက် သဘောတူညီချက်အား လက်မှတ်ရေးထိုးထားသည့် နိုင်ငံများက အစီအမံများ လုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း၊ အဆိုပါယန္တရား၏ သက်တမ်းမှာ ယခုနှစ် အောက်တိုဘာ ၁၈ ရက်အထိဖြစ်ကြောင်း သိရသည်။

အနောက်တိုင်းနိုင်ငံများက လတ်တလောကာလများတွင် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား ပြန်လည်စတင်မည်ဟူ၍ အကျပ်ကိုင်ကာ အီရန်က IAEA နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ပြန်လည်ဖော်ဆောင်ရန်၊ အီရန်နျူကလီးယားသဘောတူညီချက်အရ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုပမာဏအား ကန့်သတ်ခြင်း စသည်တို့ အပါအဝင် အီရန်နျူကလီးယား သဘောတူညီချက်အား ဆက်လက်ဖော်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
伊朗说将与国际原子能机构探讨如何继续合作
新华社德黑兰7月28日电 伊朗外交部发言人巴加埃28日在新闻发布会上说,国际原子能机构官员可能在未来两周内访伊“讨论技术问题”,双方还将探讨如何继续合作。他重申欧洲无权启动“快速恢复制裁”机制。
巴加埃再次明确表示,伊朗将继续推进包括铀浓缩在内的核计划。关于伊朗核设施现状细节,他说,正在等待国际原子能机构的相关报告。伊朗将在议会法案基础上,与国际原子能机构制定新的议定书,以探讨如何继续合作。
巴加埃重申,欧洲各方无权使用所谓“快速恢复制裁”机制。“我们对此表示反对,并已向欧洲阐明立场”。他强调,若滥用此机制,必将面临伊朗的坚决回应。
伊朗议会6月25日批准法案,暂停伊朗与国际原子能机构的合作。该法案禁止国际原子能机构观察员进入伊朗境内进行核查,除非能够保障伊朗核设施安全以及伊朗和平利用核能的权利,并且需要得到伊朗最高国家安全委员会批准。伊朗总统佩泽希齐扬批准了这一法案。
根据2015年签订的伊核协议,伊朗承诺限制其核计划,国际社会解除对伊制裁。联合国安理会随后通过第2231号决议,对伊核协议加以核可。该决议包含“快速恢复制裁”机制,允许协议签署国采取措施应对伊朗的违规行为,这一机制的有效期至今年10月18日。
西方国家近期以启动“快速恢复制裁”机制相要挟,要求伊朗继续履行伊核协议,包括与国际原子能机构恢复全面合作、按照伊核协议限制核发展规模等。(完)
图说:5月26日,伊朗外交部发言人巴加埃在首都德黑兰出席新闻发布会。新华社记者 沙达提 摄