Connect with us

Asia

ဂျပန်နိုင်ငံဒေသအများအပြားတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်၊ ဒီရေလှိုင်းအမြင့်ဆုံး ၃ မီတာ အထိရှိနိုင်

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း ခူရှိရိုမြို့ရှိ ဒေသတွင်းဆိပ်ကမ်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/Kyodo News)

တိုကျို၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ် အရှေ့ပိုင်းပင်လယ်ပြင်၌ အင်အားပြင်းငလျင်၏သက်ရောက်မှုကြောင့် ဂျပန်မိုးလေဝသ အေဂျင်စီက ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက် ဒေသအများအပြားတွင် ဆူနာမီ သတိပေးချက်နှင့် ဆူနာမီအား သတိပြုရန် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ၏ ဇူလိုင် ၃၀ ရက် သတင်းအရ သိရသည်။

ငလျင်ဖြစ်ပွားပြီးနောက် ဂျပန်မိုးလေဝသအေဂျင်စီသည် ဆူနာမီရေလှိုင်း၏ အမြင့်ဆုံး ခန့်မှန်းအမြင့်အား ၁ မီတာ မှ ၃ မီတာအထိ မြှင့်တင်ခဲ့သည်။ သတိပေးချက်လွှမ်းခြုံသော အတိုင်းအတာများတွင် ဟော့ကိုင်းဒိုး၊ အရှေ့မြောက်ပိုင်းဒေသမှ ကန်တို၊ ချူဘူ၊ ခန်ဆိုင်းဒေသနှင့် တောင်ပိုင်းကျွန်းများပါဝင်ပြီး ကမ်းရိုးတန်းဒေသ အများအပြားကို သတိပေးချက်ဧရိယာအတွင်း ထည့်သွင်းထားသည်။

သက်ဆိုင်ရာဒေသနေပြည်သူများအနေဖြင့် ပင်လယ်ကမ်းစပ်နှင့်မြစ်ဝမှ ချက်ချင်းထွက်ခွာ၍ ကုန်းမြင့်ပိုင်းဒေသများသို့ အမြန်ဆုံးသွားရောက်ကာ ဘေးအန္တရာယ်ရှောင်ရန်၊ ပင်လယ်ကမ်းစပ်သို့သွားရောက်၍ ဒီရေလှိုင်းများ ကြည့်ရှုခြင်းအား တားမြစ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက တိုက်တွန်းထားသည်။

ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲမှ ထုတ်ပြန်သည့်သတင်းအရ ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Kamchatka ကျွန်းဆွယ်အနီးတစ်ဝိုက် အာဗာချာပင်လယ်ကွေ့၌ ဇူလိုင် ၃၀ ရက်က အင်အား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်သည် Kamchatka ဒေသ မြို့တော် Petropavlovsk-Kamchatsky မှ ၁၆၁ ကီလိုမီတာ အကွာတွင်ဖြစ်ကာ ငလျင်အနက်သည် ၃၂ ကီလိုမီတာဖြစ်ကြောင်း၊ ဒေသတွင်း၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက်ကွန်ရက်က အစောပိုင်းကာလတွင် အဆိုပါငလျင်အင်အားမှာ ၈.၀ အဆင့်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မကြာမီ အဆိုပါအဖွဲ့အစည်းကပင် ငလျင်အင်အားကို ၈.၇ အဆင့်အထိ ပြင်ဆင်ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ ဖူကူရှီးယားခရိုင် အီဝါကီမြို့တွင် လမ်းပန်းဆက်သွယ်ရေး အချက်အလက်ပြ ဖန်သားပြင်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Xinhua/Kyodo News)

——————-
(Chinese Version)
日本多地发布海啸预警 最大浪高可达3米
新华社东京7月30日电(记者李子越 陈泽安)据日本气象厅30日消息,受俄罗斯堪察加半岛东部海域强烈地震影响,日本气象厅已对太平洋沿岸多个地区发布海啸警报和海啸注意预警。
地震发生后,日本气象厅将预计最大海啸浪高逐步从1米提升至3米。警报覆盖范围从北海道、东北地区到关东、中部、近畿及南部岛屿,多个沿海地区被列入警戒区域。气象厅呼吁相关地区居民立即远离海岸和河口,尽快向高地避难,严禁前往海边观潮。
据俄罗斯科学院“统一地球物理局”堪察加分部发布的消息,远东堪察加半岛附近阿瓦恰湾30日上午发生7.5级地震,震中距离堪察加边疆区首府堪察加彼得罗巴甫洛夫斯克市161公里,震源深度为32公里,当地已发布海啸预警。美国地质调查局地震信息网早些时候表示,此次地震震级为8.0级,随后该机构将震级调整至8.7级。(完)
1、这是7月30日在日本北海道钏路拍摄的当地港口。新华社/共同社
2、这是7月30日在日本福岛县岩城拍摄的交通显示屏。新华社/共同社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.