Asia
ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက “လွှတ်တော်နှစ်ရပ် လွှတ်တော်အမတ်များ မျက်နှာစုံညီအစည်းအဝေး” ကျင်းပမည်၊ ရှိဂဲရု အီရှီဘာအား ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ထားရှိ၊ မရှိကို ဆွေးနွေးနိုင်ခြေရှိ

တိုကျို၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ဇူလိုင် ၂၉ ရက်တွင် အဆင့်မြင့်အလွှာ အစည်းအဝေးကျင်းပခဲ့ရာ ပါတီအတွင်းပိုင်းက အထက်လွှတ်တော်ရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် မကျေနပ်မှုများနှင့် အရေးယူရန် တောင်းဆိုမှုအသံများကို တုံ့ပြန်ရန်အတွက် မကြာမီကာလအတွင်း ပါတီအတွင်းပိုင်း ဆုံးဖြတ်နိုင်မှုရှိသည့် “လွှတ်တော်နှစ်ရပ် လွှတ်တော်အမတ်များ မျက်နှာစုံညီအစည်းအဝေး” အား ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ဇူလိုင် ၂၀ ရက်တွင် ကျင်းပခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲအတွင်း ရှုံးနိမ့်ခဲ့ရာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ခိုမေတိုပါတီတို့ဖြင့် ဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့သည် အထက်လွှတ်တော်၏ လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော်အား ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမရှိပေ။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ဇူလိုင် ၂၈ ရက်တွင် အထက်၊ အောက် လွှတ်တော်နှစ်ရပ် လွှတ်တော်အမတ်များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ လွှတ်တော်အမတ် အများအပြားက ပါတီခေါင်းဆောင်အလွှာအား အရေးယူရန်အတွက် “လွှတ်တော်နှစ်ရပ် လွှတ်တော်အမတ်များ မျက်နှာစုံညီအစည်းအဝေး” ကျင်းပသင့်ကြောင်း အဆိုပြုခဲ့ပြီး ထို့အတွက် ပူးတွဲလက်မှတ်ထိုးတင်ပြမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပေါ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ဇူလိုင် ၂၉ ရက်တွင် အဆင့်မြင့်အလွှာ အစည်းအဝေး ကျင်းပခဲ့ပြီး မကြာမီကာလအတွင်း “လွှတ်တော်နှစ်ရပ် လွှတ်တော်အမတ်များ မျက်နှာစုံညီအစည်းအဝေး” ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းဖော်ပြကြသည်။
မျက်နှာစုံညီအစည်းအဝေး၏ အသေးစိတ်ဆွေးနွေးမှုအကြောင်းအရာကို သက်ဆိုင်ရာလွှတ်တော်အမတ်များ၏ အကြံပြုချက်အား ကြားနာပြီးနောက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဟီရိုရှိ မိုရိယာမာ့က အဆင့်မြင့်အလွှာ အစည်းအဝေးပြီးနောက် မီဒီယာများအား ပြောကြားခဲ့သည်။
“မျက်နှာစုံညီအစည်းအဝေးအတွင်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအသစ်အား စော၍ရွေးချယ်ရန် ဆွေးနွေးမည်လား” ဟူသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဟီရိုရှိ မိုရိယာမာ့က အဆိုပါမေးခွန်းသည် “အလွန်ရှုပ်ထွေး” ပါကြောင်း၊ ဥက္ကဋ္ဌ စော၍ရွေးချယ်မှုနှင့်ပတ်သက်လာပါက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရွေးကောက်မှု စီမံခန့်ခွဲမှု ကော်မတီမှ ဆုံးဖြတ်၍ စီမံသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာသည်လည်း ဇူလိုင် ၂၉ ရက် အဆင့်မြင့်အလွှာ အစည်းအဝေးအား တက်ရောက်ခဲ့သည်။ ၎င်းကအစည်းအဝေးတွင် လွှတ်တော်အမတ်များ ညှိနှိုင်းဆွေးနွေးပွဲတွင် အဆိုပြုထားသည့် အကြံပြုချက်များအား အလေးအနက် ရှုမြင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ဇူလိုင် ၂၈ ရက်တွင်ကျင်းပသည့် လွှတ်တော်အမတ်များ ညှိနှိုင်းဆွေးနွေးပွဲ၌ ၎င်းဆက်လက် တာဝန်ထမ်းဆောင်မည့် ဦးတည်ချက်အား ထပ်မံအလေးထားပြောကြားခဲ့ရာ အကြောင်းပြချက်မှာ လက်ရှိ ဂျပန်-အမေရိကန် စည်းကြပ်ခွန် သဘောတူညီချက် အကောင်အထည်ဖော်မှုနှင့် အထက်လွှတ်တော် ရွေးကောက်ပွဲအား ဘက်စုံခြုံငုံသုံးသပ်မှု လုပ်ငန်းများလုပ်ဆောင်မှု မပြီးစီးသေးခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ “လွှတ်တော်နှစ်ရပ် လွှတ်တော်အမတ်များ မျက်နှာစုံညီအစည်းအဝေး” သည် ပါတီညီလာခံပြီးနောက် အကြီးဆုံးအစည်းအဝေးဖြစ်ကာ အရေးကြီးကိစ္စရပ်များကို ဆုံးဖြတ်မှုများ လုပ်ဆောင်နိုင်သည်။ ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ဥက္ကဋ္ဌ ထပ်မံရွေးကောက်တင်မြောက်ရန် လိုအပ်ပါက အထူးသတ်မှတ်ချက်အရ ၎င်းပါတီ အထက်၊ အောက်လွှတ်တော်နှစ်ရပ် လွှတ်အမတ်များနှင့် ခရိုင်များမှ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဌာနခွဲ ပူးတွဲအဖွဲ့ချုပ် ကိုယ်စားလှယ်များ စုစုပေါင်း အဖွဲ့ဝင်တစ်ဝက်ကျော်၏ သဘောတူညီမှု ရရှိမှသာ “ယာယီပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲ” စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————–
(Chinese Version)
日本自民党将召开“两院议员总会” 或讨论石破茂去留
新华社东京7月29日电(记者李子越 陈泽安)日本自民党29日召开高层会议,决定近期召开党内具有决议效力的“两院议员总会”,以回应党内对参议院选举失败的不满以及要求追责的声音。
自民党在本月20日举行的参议院选举中失利,自民党和公明党组成的执政联盟未能保持过半席位。28日,自民党召开众参两院议员恳谈会。据日媒报道,多名议员提出应召开“两院议员总会”以追究党领导层责任,并为此发起联署。对此,自民党29日上午召开高层会议,决定将于近期召开“两院议员总会”。
自民党干事长森山裕在高层会议后对媒体说,总会的具体议题将在听取相关议员的意见后进行协商。针对“是否在总会中讨论提前选举新任自民党总裁”这一问题,森山表示,该问题“非常复杂”,如涉及提前改选总裁,将由自民党总裁选举管理委员会判断和处理。
日本首相、自民党总裁石破茂也出席了29日的高层会议。他在会上表示,将认真对待恳谈会上提出的意见。他在28日的恳谈会上重申其留任方针,理由是目前尚未完成履行日美关税协议及全面总结参议院选举的工作。
自民党“两院议员总会”是仅次于党大会的会议,可对重要事项进行决议。如需在总裁任期中途重新选举,须按特别规定,获得该党众参两院议员与各都道府县自民党支部联合会代表合计过半数成员的同意,方可启动“临时总裁选举”。(完)
图说:7月21日,在日本东京,日本首相石破茂在记者会上发言。新华社/共同社