North America
အမေရိကန် “ကြီးမြတ်၍ တင့်တယ်လှပမှု” ဥပဒေမူကြမ်း၏ သက်ရောက်မှု မည်သို့ ရှိသနည်း

နယူးယောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အမေရိကန် အောက်လွှတ်တော်က အထက်လွှတ်တော်ဗားရှင်းဖြစ်သည့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” အခွန်နှင့် အသုံးစရိတ် ဥပဒေမူကြမ်းကို ဇူလိုင် ၂ ရက်တွင်စတင်၍ ဆွေးနွေးခဲ့သည်။ အထက်လွှတ်တော်သည် ယခင်က အောက်လွှတ်တော် အတည်ပြုခဲ့သော ဥပဒေကြမ်းအား အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဗားရှင်းအသစ်အား အောက်လွှတ်တော်က ထပ်မံအတည်ပြုပြီးမှသာ အမေရိကန် သမ္မတ လက်မှတ်ရေးထိုး၍ ဥပဒေဖြစ်လာရန် တင်သွင်းရမည် ဖြစ်သည်။ ဤဥပဒေမူကြမ်းသည် ဖက်ဒရယ်အကူအညီများကို လျှော့ချလိုက်ခြင်း၊ ရေရှည်ကြွေးမြီတိုးလာခြင်း၊ လူကုံထံနှင့် လုပ်ငန်းကြီးများအတွက် အခွန်လျှော့ချခြင်း စသည်တို့ကြောင့် အငြင်းပွားခံရလျက်ရှိပေသည်။ လူအချို့က ယင်းမှာ “ဆင်းရဲသားများထံမှ ဓားပြတိုက်ပြီး ချမ်းသာသူများကို ကူညီခြင်း” ဖြစ်ကြောင်း၊ အမေရိကန်ကို ဘဏ္ဍာရေး ရေရှည်မတည်တံ့နိုင်သည့် လမ်းကြောင်းပေါ်ကို တွန်းပို့လိမ့်မည် ဖြစ်ကြောင်း ဝေဖန်ကြသည်။
ဤဥပဒေမူကြမ်း၏ အဓိက အကြောင်းအရာများမှာ အဘယ်နည်း။ နောက်ဆက်တွဲ ဥပဒေပြုရေးကို တွန်းအားပေးရာတွင် အတားအဆီး မည်မျှရှိမည်နည်း။ အကောင်အထည်ဖော်ဆောင်ပြီးနောက် မည်သို့သော သက်ရောက်မှုများ ရှိလာမည်နည်း။
ဥပဒေမူကြမ်း၏ အဓိက အကြောင်းအရာများမှာ အဘယ်နည်း
“ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်းသည် ထရမ့် ၂၀၂၅ ခုနှစ် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ထုတ်ပြန်သည့် အထင်ကရ ဥပဒေပြုရေးအစီအစဉ် ဖြစ်သည်။
ယင်းဥပဒေမူကြမ်းတွင် အဓိကအားဖြင့် ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်က အတည်ပြုထားသည့် လုပ်ငန်းနှင့် တစ်သီးပုဂ္ဂလအခွန်လျှော့ချမှုအစီအမံများကို သက်တမ်းတိုးခြင်း၊ မုန့်ဖိုးနှင့် အချိန်ပိုကြေး ဝင်ငွေ အခွန်ကင်းလွတ်ခွင့်ပေးခြင်း စသည်အကြောင်းအရာတို့ ပါဝင်ရာ ၎င်း၏ အဓိကအချက်မှာ လုပ်ငန်းခွန် လျှော့ချခြင်း ဖြစ်သည်။ ထိုမတိုင်မီ အောက်လွှတ်တော်ဗားရှင်းသည် အခွန်လျှော့ချမှု အစီအမံများကို ၂၀၂၅ ခုနှစ်မှ ၂၀၂၉ နှစ်အထိ၊ ဆိုလိုသည်မှာ ထရမ့်အစိုးရသက်တမ်းကုန်ဆုံးသည်အထိသာ သက်တမ်းတိုးထားခြင်းဖြစ်သော်လည်း အထက်လွှတ်တော်ဗားရှင်းကမူ အခွန်လျှော့ချသည့်အစီအမံကို ကာလအကန့်အသတ်မရှိ ရာသက်ပန်အသွင်ပြောင်းထားခြင်း ဖြစ်သည်။
အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံး၏ ခွဲခြမ်းစိတ်ဖြာမှုများအရ ဥပဒေမူကြမ်းပါ အခွန်လျှော့ချသည့် အစီအမံ သက်တမ်းတိုးမှုတွင်ပင်လျှင် လာမည့်ဆယ်စုနှစ်တွင် အသုံးစရိတ် ကန်ဒေါ်လာ ၄.၅ ထရီလီယံ ကျော်စေမည် ဖြစ်သည်။ အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်းမှာ လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်၏ လိုငွေပြမှုကို ကန်ဒေါ်လာ ၃.၃ ထရီလီယံနီးပါး တိုးလာစေမည် ဖြစ်ပြီး အမေရိကန်၏ ကြွေးမြီအများဆုံးအတိုင်းအတာကို ကန်ဒေါ်လာ ၅ ထရီလီယံအထိ တိုးမြှင့်မည်ဖြစ်သည်။
အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်းအရ ဆေးကုသမှုအာမခံနှင့် အခြားသော ဖက်ဒရယ်အကူအညီများ၏ လျှော့ချမှုက အသေးစားအခွန်လျှော့ချ၊ ကင်းလွတ်ခွင့်မှ မိသားစုအများအပြားအပေါ် ဆောင်ကြဉ်းပေးသည့် တိုးတက်ကောင်းမွန်မှုကို ထိခိုက်စေမည် ဖြစ်ရာ နောက်ဆုံးအကျိုးခံစားရသူမှာ အဓိကအားဖြင့် လူကုံထံ သူဌေးများသာဖြစ်ကြောင်း အမေရိကန် မီဒီယာများက ပညာရှင်များ၏ သုံးသပ်ချက်ကို ကိုးကား၍ ထောက်ပြထားသည်။ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ်အချို့က အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်းသည် “ဆင်းရဲသားများထံမှ ဓားပြတိုက်ပြီး ချမ်းသာသူများကို ကူညီခြင်း” ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။
နောက်ဆုံးဗားရှင်းဥပဒေမူကြမ်းသည် “အကြီးမားဆုံးသော အကျိုးအမြတ်ကို ချမ်းသာသူများအတွက် ထားပေးမည်ဖြစ်ရာ ထို့အတွက် သန်းနှင့်ချီသော ဝင်ငွေနည်းပညာ အမေရိကန်သားများက ဧရာမကြီးမားသော စီးပွားရေးဆုံးရှုံးနစ်နာမှုခံရနိုင်ကြောင်း” The New York Times က သုံးသပ်ထားသည်။
အကယ်၍ ယင်းဥပဒေကို အကောင်အထည်ဖော်နိုင်ပါက ဝင်ငွေအနည်းပါးဆုံးအဆင့်ရှိ အမေရိကန်နိုင်ငံသား ငါးပုံတစ်ပုံ၏ နှစ်စဉ် အခွန်ဆောင်ပြီး ဝင်ငွေသည် လာမည့်ဆယ်စုနှစ်အတွင်း ယေဘုယျအားဖြင့် ၂.၃ ရာခိုင်နှုန်းကျဆင်းသွားမည် ဖြစ်ကြောင်း၊ သို့သော် ဝင်ငွေအများဆုံးအဆင့်ရှိ အမေရိကန်နိုင်ငံသား ငါးပုံတစ်ပုံ၏ နှစ်စဉ် အခွန်ဆောင်ပြီး ဝင်ငွေသည် ၂.၃ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဖြစ်ကြောင်း ယေးလ်တက္ကသိုလ် ဘတ်ဂျက်စမ်းသပ်ခန်း၏ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုများကို ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။
နောက်ဆက်တွဲ ဥပဒေပြုရေးကို တွန်းအားပေးရာတွင် အတားအဆီး မည်မျှရှိမည်နည်း
ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် အများစု နေရာယူထားသည့် အမေရိကန် အောက်လွှတ်တော်တွင် မေ ၂၂ ရက်က ၁ မဲ အားသာချက်ဖြင့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်းကို ခဲယဉ်းစွာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါဥပဒေမူကြမ်းကို အထက်လွှတ်တော်က အဓိကကျသည့်ပြောင်းလဲမှုများ ပြုလုပ်ကာ အတည်ပြုခဲ့ပြီးနောက် ဥပဒေမူကြမ်း၏ ပြုပြင်ထားသည့်အပိုင်းများသည် အောက်လွှတ်တော်၏ သဘောတူညီချက် ထပ်မံရယူရန်လိုအပ်ပြီး ထို့မှသာ ဥပဒေအသက်ဝင်ရေး ထရမ့်လက်မှတ်ထိုးရန် တင်သွင်းနိုင်မည် ဖြစ်သည်။
ထိုမတိုင်မီ ထရမ့်သည် ဇူလိုင် ၄ ရက်မတိုင်မီ ဤဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုရန် လွှတ်တော်အား တိုက်တွန်းခဲ့သည်။ ဇူလိုင် ၁ ရက် ညနေတွင် ထရမ့်က အထက်လွှတ်တော်ဗားရှင်းဥပဒေမူကြမ်းကို အောက်လွှတ်တော် ရီပက်ဘလစ်ကန်အမတ်များ ညီညွတ်စွာဖြင့် မဲပေးထောက်ခံကြရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထပ်မံတိုက်တွန်းခဲ့သည်။ အစီအစဉ်အရ အောက်လွှတ်တော်သည် ဇူလိုင် ၂ ရက်မှစ၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အချေအတင်ဆွေးနွေးမှုနှင့် မဲပေးမှုများ လုပ်ဆောင်မည် ဖြစ်သည်။
နည်းပညာရှုထောင့်မှ ကြည့်လျှင် အောက်လွှတ်တော်အနေဖြင့် ထရမ့် မျှော်မှန်းထားသည့်နေ့မတိုင်မီ ယင်းဥပဒေကို အတည်ပြုရန် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြသည်။
အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Hakeem Jeffries က ယင်းဥပဒေမူကြမ်းကို “ကြီးမား၍ အကျည်းတန်မှု” ဟု တင်စားထားပြီး ၎င်းမှာ “အမေရိကန်သမိုင်းတစ်လျှောက် အကြီးအကျယ်ဆုံးသော” ဘီလျံနာသူဌေးများအား အခွန့်လျှော့ချရေး ဥပဒေမူကြမ်း၊ ကျန်းမာရေးစောင့်ရှောက်မှုလျှော့ချရေး ဥပဒမူကြမ်းနှင့် အာဟာရထောက်ပံ့မှုလျှော့ချရေး ဥပဒေမူကြမ်းဟု ဆိုထားသည်။
ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ်အားလုံး မဲပေးဆုံးဖြတ်ပွဲကို တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်းနှင့် ယင်းဥပဒေမူကြမ်းကို ကန့်ကွက်ရန် “ဥပဒေပြုရေးကိရိယာနှင့် ရွေးချယ်စရာ အားလုံးကို” အသုံးပြုရန် စဉ်စားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှေးရိုးစွဲ ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် အများအပြားက အထက်လွှတ်တော်ဗားရှင်း ဥပဒေမူကြမ်းအပေါ် ပြင်းပြင်းထန်ထန်မကျေနပ်ကြောင်းကို အချက်ပြပြောကြားပြီးဖြစ်ရာ အောက်လွှတ်တော်တွင် သက်ဆိုင်ရာဥပဒေစိစစ်ရေး တွန်းအားပေးမှုကို မဲပေးကန့်ကွက်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အနက် ဆေးကုသမှု ကူညီခြင်း၊ ဝင်ငွေနည်းပါးလူအုပ်စုကို ကယ်ဆယ်ကူညီခြင်း၊ ကျောင်းသားကျောင်းသူ ချေးငွေ ထောက်ပံကြေးနှင့် စွမ်းအင်သစ်ကဏ္ဍထောက်ပံ့မှုအသုံးစရိတ်ကို လျှော့ချသည့် အကြောင်းအရာများက အောက်လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခံရနိုင်ကြောင်း ခန့်မှန်းရသည်။
အကောင်အထည်ဖော်ဆောင်ပြီးနောက် မည်သို့သော သက်ရောက်မှုများ ရှိလာမည်နည်း
ရေတိုကြည့်မည်ဆိုလျှင် ရင်းနှီးမြှုပ်နှံသူများက ယင်းဥပဒေမူကြမ်းနောက်ကွယ်က ထင်ဟပ်နေသည့် အမေရိကန်ချေးငွေယူခြင်း၏ စဉ်ဆက်မပြတ်ဖြစ်မှုအပေါ် စိုးရိမ်ပူပန်စိတ်များကို ဖော်ပြရာ ရေတိုအတွင်း အရင်းအနှီးငွေများ အမေရိကန်ငွေတိုက်ဈေးကွက်မှ နုတ်ထွက်စေမည် ဖြစ်သည်။
အထက်လွှတ်တော်က ဇွန် ၃၀ ရက်တွင် ဤပြင်ဆင်ထားသောဥပဒေမူကြမ်းအား မဲခွဲဆုံးဖြတ်မှု စတင်သည့် အချိန်တွင် ကန်ဒေါ်လာနှင့် အဓိကငွေကြေး ၆ မျိုး လဲလှယ်နှုန်း၏ ကန်ဒေါ်လာအညွှန်းကိန်းမှာ ယင်းနေ့တွင် ၀.၅၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ လက်ရှိတွင် ကန်ဒေါ်လာသည် ၁၉၇၃ ခုနှစ်မှစ၍ အဆိုးရွားဆုံးသော ပထမနှစ်ဝက်ကို ဖြတ်သန်းခြင်းဖြစ်ရာ ထရမ့်၏ ကုန်သွယ်ရေးနှင့် စီးပွားရေး မူဝါဒများသည် ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံသူများအား ကန်ဒေါ်လာ နောက်ထပ်တစ်ကြိမ် အန္တရာယ်နှုတ်ခမ်းဝရောက်နေမှုကို ပြန်လည်စိစစ်သုံးသပ်ရန် တွန်းအားပေးလျက်ရှိသည်။
ရေရှည်ကြည့်မည်ဆိုလျှင် ယင်းဥပဒေမူကြမ်းသည် ဝင်ငွေမြင့်မားသည့်လူအုပ်စုကို ဆက်လက်၍ အကျိုးခံစားစေမည်ဟု ခန့်မှန်းရပြီး ဝင်ငွေနည်းပါးသော လူအုပ်စုအများအပြား၏ ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုသည် ရိုက်ခတ်ခံရမည်ဖြစ်ရာ ဝင်ငွေနည်းပါးသူများအတွက် အကျိုးဖြစ်ထွန်းစေသည့် အခွန်လျှော့ချသည့် အစီအမံတချို့မှာမူ ထရမ့်အစိုးရလက်ထက်အတွင်း တစ်စတစ်စ လျောနည်းပျက်ပြေသွားမည် ဖြစ်သည်။
၂၀၃၄ ခုနှစ်တွင် အထက်လွှတ်တော်ဗားရှင်းဥပဒေမူကြမ်းသည် အမေရိကန်နိုင်ငံသား ၁၁.၈ သန်းကို ဆေးကုသမှုအာမခံမရှိသော အခြေအနေဖြစ်စေမည်ဟု အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံး၏ ကြိုတင်ခန့်မှန်းထားသည်။
အမေရိကန်၌ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု နေ့စဉ်နှင့်အမျှ ဆိုးရွားလာသည့် အလားအလာသည် လူမှုအဖွဲ့အစည်း တည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုကို အကျိုးမဖြစ်ထွန်းနိုင်သည့် သက်ရောက်မှုရှိစေရုံသာမက ထရမ့်အစိုးရ၏ မူဝါဒ ပြန်လည်ဝါးမြိုတိုက်စားမှုကြောင့် နောက်ဆုံးတွင် ၎င်း၏စီမံအုပ်ချုပ်မှုအပေါ် လက်တွေ့ထိရောက်မှု ရှိစေမည် ဖြစ်ကြောင်း အမေရိကန်နယ်ပယ်အသီးသီးက ကျယ်ကျယ်ပြန့်ပြန့်ယူဆကြသည်။
ထရမ့်အစိုးရ၏ စည်းကြပ်ခွန်၊ ငွေကြေးဖောင်းပွမှုနှင့် အစိုးရအသုံးစရိတ် စီမံမှုပုံစံအပေါ် အများက ကျယ်ကျယ်ပြန့်ပြန့် ကျေနပ်မှု မရှိကြကြောင်း၊ စီးပွားရေးဆိုးရွားလာမည်ဟု ယူဆသည့် ဖြေကြားသူများ၏ အချိုးအစားမှာ ၂၀၂၃ ခုနှစ်မှစ၍ မည်သည့်အချိန်အခါထက်မဆို များပြားကြောင်း အမေရိကန် CNBC သတင်းချန်နယ်၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ (Xinhua)

အမေရိကန် သမ္မတ ထရမ့်အား ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
热点问答|美国“大而美”法案影响几何
新华社纽约7月2日电 热点问答|美国“大而美”法案影响几何 新华社记者刘亚南
美国国会众议院2日开始讨论参议院版本的所谓“大而美”税收与支出法案。由于参议院对众议院先前通过的该法案有较大修改,众议院须再次通过新版本才能提交美国总统特朗普签字并成为法律。这一法案因造成联邦援助削减、长期债务增加和为富人和大企业减税等而备受争议,被一些人士批评“劫贫济富”、将美国进一步推上财政不可持续道路。
这一法案焦点内容有哪些?推进后续立法阻力有多大?实施后将产生哪些影响? 法案焦点内容有哪些
“大而美”法案是特朗普2025年初重返白宫后推出的标志性立法议程。 该法案主要内容包括延长特朗普在其第一个任期内于2017年通过的企业和个人减税措施,让小费和加班工资收入免于纳税等,其核心条款是降低企业税。此前的众议院版本仅将减税举措从2025年延长到2029年,即特朗普政府任期结束之时,而参议院版本则将减税举措无限期永久化。
根据美国国会预算办公室的分析,仅法案中的延长减税措施在未来十年就将带来超过4.5万亿美元支出成本。同时,参议院版本法案在未来十年将使美国赤字增加近3.3万亿美元,美国债务上限也将提高5万亿美元。
美国媒体援引专家分析指出,根据参议院版本法案,医疗保险和其他联邦援助的削减,将抵消轻微税收减免给许多家庭带来的改善,最终受益者主要是富人。一些民主党参议员指责参议院版本法案是“劫贫济富”。
《纽约时报》评论,最新版本法案“将最大利益留给了富人,数以百万计低收入美国人可能因此遭受巨额经济损失”。报道援引耶鲁大学预算实验室的最新分析称,如果法案得以实施,处于收入最低水平的五分之一美国人的年度税后收入将在未来十年内平均下降2.3%,而处于收入最高水平的五分之一美国人的年度税后收入将增长约2.3%。 推进后续立法阻力有多大
共和党议员占多数的美国国会众议院5月22日以一票优势艰难通过“大而美”法案。目前,在参议院对该法案作出实质性调整并通过后,法案的修改部分需要再次获得众议院同意,方可提交特朗普签字生效。
特朗普此前曾呼吁国会在7月4日前通过这一法案。1日下午,特朗普通过社交媒体再次呼吁众议院的共和党人团结起来,投票支持参议院版本的法案。根据议程,众议院2日开始进行程序性辩论和投票。
分析人士认为,从技术角度看,众议院要在特朗普期望的日期前通过法案面临很大挑战。
众议院民主党领袖哈基姆·杰弗里斯曾用“大而丑”形容该法案,称其为“美国历史上最大规模”的亿万富翁减税法案、医保削减法案和营养补助削减法案。他表示,所有民主党籍众议员预计均将出席表决,并会考虑使用“所有立法工具和选项”反对这一法案。 多名立场保守的共和党籍众议员已暗示对参议院版本法案的严重不满,并表示可能投票阻止在众议院推进相关法案的审议。其中,削减医疗补助、低收入群体救助、学生贷款补助和新能源补贴支出的内容预计会在众议院遭遇强烈反对。
实施后影响几何
短期来看,投资者对这一法案背后体现出的美国借贷可持续性表现出担忧情绪,导致短期内资金逃离美国国债市场。
就在参议院30日就这一法案修正案开始投票之际,衡量美元对六种主要货币汇率的美元指数当天下跌0.54%。当前,美元经历了1973年以来最糟糕的上半年表现,特朗普的贸易和经济政策正促使全球投资者重新审视对美元的风险敞口。
长期来看,该法案预计将持续让高收入群体受益,而大量低收入群体的医疗保健受到冲击,对低收入者有利的一些减税措施则将在特朗普政府任期内逐渐退出。美国国会预算办公室预计,到2034年,参议院版本法案将让1180万美国人处于没有医疗保险的境地。
美国各界普遍认为,美国贫富分化日益严峻的前景不仅会对社会稳定和经济增长带来不利影响,特朗普政府的政策反噬,最终还将对其执政产生实质性影响。
美国消费者新闻与商业频道近期进行的一项调查显示,特朗普政府对关税、通货膨胀和政府支出的处理方式已引发广泛不满,认为经济将恶化的受访者比例高于2023年以来任何时期。(完)
1. 这是1月18日在美国华盛顿拍摄的国会大厦。新华社记者吴晓凌摄
2. 6月27日,美国总统特朗普在华盛顿白宫出席记者会。新华社记者胡友松摄