China
ထိုင်ဝမ်နှင့်ဆက်စပ်သော ဥပေဒေမူကြမ်းအား အမေရိကန် တွန်းအားပေးလုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ထိုင်ဝမ်သည် ကုလသမဂ္ဂနှင့် အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံများသာ ပါဝင်တက်ရောက်နိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ရန် မည်သည့်အခြေအမြစ်၊ အကြောင်းပြချက် သို့မဟုတ် လုပ်ပိုင်ခွင့် မရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း အခြေခံမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ကို အခိုင်အမာလိုက်နာပြီး သက်ဆိုင်ရာ ဥပဒေမူကြမ်းအား တွန်းအားပေးလုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန် အောက်လွှတ်တော် အတည်ပြုခဲ့သော “ထိုင်ဝမ် ခွဲခြားဆက်ဆံခြင်းမပြုရေး ဥပဒေမူကြမ်း” နှင့် စပ်လျဉ်း၍ ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် အောက်လွှတ်တော်က လတ်တလောတွင် “ထိုင်ဝမ် ခွဲခြားဆက်ဆံခြင်းမပြုရေး ဥပဒေမူကြမ်း” ကို ထောက်ခံမဲအပြည့်ဖြင့် အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တွင် ပါဝင်ရေး၊ စီးပွားရေးကြီးကြပ်မှုလုပ်ငန်းများတွင် ပါဝင်နိုင်ခွင့်၊ နည်းပညာအထောက်အပံ့ရရှိရေးနှင့် လူပုဂ္ဂိုလ်များ IMF တွင် ရာထူးတာဝန်များထမ်းဆောင်နိုင်ရေး အရည်အချင်း ပြည့်မီခွင့်အတွက် ထောက်ခံမှုပေးရန် အမေရိကန်အစိုးရအား တောင်းဆိုထားသည်ကို သတင်းအရ သိရကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ပြောကြားလိုပါသနည်း ဟူ၍ သတင်းထောက်တစ်ဦးက အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံသာ ရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်မြေ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံများသာ ပါဝင်တက်ရောက်နိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ရန် ထိုင်ဝမ်မှာ မည်သည့်အခြေအမြစ်၊ အကြောင်းပြချက် သို့မဟုတ် လုပ်ပိုင်ခွင့် မရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။
“အမေရိကန်အနေနဲ့ တရုတ်တစ်နိုင်ငံတည်း အခြေခံမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် (၃) ရပ်ကို အခိုင်အမာလိုက်နာပြီး နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေး အခြေခံလမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့၊ သက်ဆိုင်ရာ ဥပဒေမူကြမ်းကို တွန်းအားပေးလုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့၊ ထိုင်ဝမ်အရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်တာတွေ ရပ်တန့်ဖို့၊ ‘ထိုင်ဝမ် ခွဲထွက်ရေး’ အင်အားစုတွေထံ မှားယွင်းတဲ့ သတင်းစကားပါးမှုတွေကို ရပ်တန့်ဖို့ ကျွန်မတို့ တိုက်တွန်းလိုပါတယ်” ဟူ၍ မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
外交部:敦促美方停止推进有关涉台法案
新华社北京7月3日电(记者许可、马卓言)针对美国国会众议院通过所谓“台湾非歧视法案”,外交部发言人毛宁3日表示,台湾没有任何根据、理由或权利参加联合国及其他只有主权国家才能参加的国际组织,敦促美方恪守一个中国原则和中美三个联合公报,停止推进有关法案。
当日例行记者会上,有记者问:据报道,美国国会众议院近日全票通过“台湾非歧视法案”,要求美政府支持中国台湾地区加入国际货币基金组织,获得参与经济监督、取得技术协助以及人员在国际货币基金组织任职的资格。发言人对此有何评论?
毛宁表示,世界上只有一个中国,台湾是中国领土不可分割的一部分,中华人民共和国政府是代表全中国的唯一合法政府。台湾没有任何根据、理由或权利参加联合国及其他只有主权国家才能参加的国际组织。
“我们敦促美方恪守一个中国原则和中美三个联合公报,遵守国际法和国际关系基本准则,停止推进有关法案,停止借台湾问题干涉中国内政,停止向‘台独’分裂势力发出错误信号。”毛宁说。(完)