Connect with us

North America

ပူတင်နှင့် ထရမ့်တို့ ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းအခြေအနေ ဆွေးနွေး

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော အမေရိကန် သမ္မတ ထရမ့် (ယာ) နှင့် ရုရှား သမ္မတ ပူတင်တို့အား ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ/အေပီ)

မော်စကို/ ဟူစတန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် ဇွန် ၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြရာ ၎င်းတို့က နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်းအရေးနှင့် အရှေ့အလယ်ပိုင်းအခြေအနေစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားများ ဖလှယ်ခဲ့ကြသည်။ သက်ဆိုင်ရာ ဆွေးနွေးမှုအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဖုန်းခေါ်ဆိုက “မည်သည့်တိုးတက်မှုမျှ မရရှိခဲ့” ဟု ထရမ့်က အဆိုပါညပိုင်းတွင် ပြောကြားခဲ့သည်။

ပူတင်နှင့် ထရမ့်တို့သည် ၁ နာရီနီးပါးကြာ ဖုန်းပြောဆိုခဲ့ကြပြီး အီရန်နှင့် အရှေ့အလယ်ပိုင်းအခြေအနေကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်ဝက်ဆိုက် သတင်းအရ သိရသည်။ အငြင်းပွားမှု၊ သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခအားလုံးကို နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းအရ ဖြေရှင်းသင့်ကြောင်း ရုရှားက အလေးထား ပြောခဲ့ကြောင်း သိရသည်။ ရုရှား-အမေရိကန် နှစ်ဖက်သည် ဆီးရီးယား နောက်ဆုံးတိုးတက်မှုအခြေအနေနှင့် စပ်လျဉ်း၍လည်း ပြောကြားခဲ့ကြပြီး ယင်းနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ထရမ့်က ထိပ်တိုက်ရင်ဆိုင်မှုကို အမြန်ဆုံး ရပ်တန့်ရန်နှင့်စပ်လျဉ်း၍ ထပ်မံ ပြောကြားခဲ့ကြောင်း၊ ပူတင်က ရုရှားသည် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုဖြင့် ပဋိပက္ခကို ဖြေရှင်းရေးကို ဆက်လက်ရှာဖွေသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ပူတင်က ဒုတိယအကြိမ် ရုရှား-ယူကရိန်း တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုမှ ရရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတူညီမှု၏ ဖော်ဆောင်ရေး အခြေအနေကို ထရမ့်အား အကြောင်းကြားခဲ့ကြောင်း Ushakov က ပြောကြားခဲ့သည်။ ရုရှားဘက်က စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်အား တွန်းအားပေးဆောင်ရွက်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် လက်ရှိအခြေအနေနှင့် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြစ်ပေါ်စေသည့် “လူအများသိပြီးသားဖြစ်သော အရင်းအမြစ်များ” ကို ဖယ်ရှားပြီး ယူကရိန်းတွင် သတ်မှတ်ထားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပူတင်က အလေးအနက်ထား ပြောကြားခဲ့သည်ဟု Ushakov က ပြောကြားခဲ့သည်။
ရုရှားသည် ထိုရည်မှန်းချက်များကို စွန့်လွှတ်မည် မဟုတ်ကြောင်း၊ ရုရှား-အမေရိကန် နှစ်ဖက်က နှစ်နိုင်ငံ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သမ္မတ လက်ထောက်တို့မှတစ်ဆင့် ဆွေးနွေးမှုများကို ဆက်လက်ထိန်းသိမ်းထားရန် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က ၎င်းနှင့် ပူတင်တို့သည် အီရန်၊ ယူကရိန်းစသည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ဖုန်းပြောဆိုခဲ့ကြကြောင်း၊ ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြပြီး “ဖုန်းအကြာကြီး ပြောခဲ့ကြပေမဲ့ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး”၊ ယင်းနှင့် ပတ်သက်၍ ၎င်း ပျော်ရွှင်မှုမရှိခဲ့ကြောင်း အဆိုပါနေ့ ညပိုင်းတွင် အမေရိကန် Andrews လေတပ်အခြေစိုက်စခန်း၌ သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
普京与特朗普通电话讨论乌克兰和中东局势
新华社莫斯科/休斯敦7月3日电(记者刘恺 徐剑梅)俄罗斯总统普京与美国总统特朗普3日通电话,双方就双边关系、乌克兰问题、中东局势等议题交换意见。特朗普当天晚些时候称,就相关议题,通话“没有取得任何进展”。
据克里姆林宫网站消息,俄总统助理乌沙科夫表示,普京与特朗普通话持续近一小时,详细讨论伊朗及中东局势。俄方强调,所有争议、分歧和冲突应通过政治和外交手段解决。俄美双方还谈及叙利亚局势最新发展,俄美双方将继续就此对话。
乌沙科夫表示,谈及乌克兰问题时,特朗普再次提出有关尽早停止对抗的问题。普京说,俄方将继续寻求通过政治谈判解决冲突。普京向特朗普通报第二轮俄乌直接谈判所达成人道主义协议的执行情况。他还表示,俄方已准备好继续推进谈判进程。
乌沙科夫表示,普京强调,俄罗斯将在乌克兰实现既定目标,即消除导致当前局势和激烈对抗的“众所周知的根源”。俄罗斯不会放弃这些目标。俄美双方同意继续通过两国外交和国防部门以及总统助理保持沟通。
当天晚些时候,特朗普在美国安德鲁斯空军基地回答记者提问时说,他与普京就伊朗、乌克兰等问题通电话,讨论了多个事项,“通话持续很长时间,但没有取得任何进展”。特朗普表示,他对此感到不快。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.