China
တရုတ်နှင့် ဥရောပသမဂ္ဂ ၁၃ ကြိမ်မြောက် အဆင့်မြင့် မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပ

ဘရပ်ဆဲလ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kaja Kallas နှင့်အတူ ၁၃ ကြိမ်မြောက် တရုတ်- ဥရောပသမဂ္ဂ အဆင့်မြင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်- ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့်နှစ်ဖြစ်သလို ကုလသမဂ္ဂထူထောင်သည့် နှစ် ၈၀ ပြည့်နှစ်လည်းဖြစ်ရာ မကြာမီတွင် ကျင်းပမည့် တရုတ်- ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ အများ၏ အာရုံစိုက်မှု ခံရလျက်ရှိကြောင်း၊ လွန်ခဲ့သော နှစ် ၅၀ အတွင်း တရုတ်- ဥရောပသမဂ္ဂ ဆက်ဆံရေးသည် ကြမ်းတမ်းသော ကာလများ တွေ့ကြုံခဲ့ရသလို အခက်အခဲများစွာကိုလည်း ကျော်လွှားခဲ့ကြောင်း၊ လျှောက်လှမ်းခဲ့သော လမ်းအား အလုံးစုံပြန်လည်သုံးသပ်မှသာလျှင် ရှေ့ဆက်လျှောက်မည့်လမ်းကို မှန်ကန်စွာ လက်ကိုင်ထားနိုင်မည်ဖြစ်ကြောင်း၊ တရုတ်- ဥရောပသမဂ္ဂ ဆက်ဆံရေး အနေအထားသည် မိတ်ဆက်ဖြစ်ပြီး ပြိုင်ဘက်မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အဓိက အခြေခံလမ်းစဉ်၊ တည်ငြိမ်ရေးအတွက် အုတ်မြစ်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ဤမူဘောင်အောက်တွင် ညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်ဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည် ကို နှစ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းက ရှင်းလင်းစွာ ပြသနေကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် ဥရောပသမဂ္ဂကြားတွင် အခြေခံအကျိုးစီးပွားပဋိပက္ခမရှိဘဲ ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများ ရှိကြကြောင်း၊ နှစ်ဖက်လုံးက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးရမည်ဖြစ်သလို ကုလသမဂ္ဂ၏ အဓိကကျသော အနေအထားနှင့် နိုင်ငံတကာ ဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုမှတစ်ဆင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ဆက်လက်လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ မသေချာမှု၊ မတည်ငြိမ်မှု အရှိန်အဟုန်မြင့်တက်လာခြင်းကို ရင်ဆိုင်ရာတွင် အင်အားကြီး ၂ ရပ်နှင့် စီးပွားရေးအစုအဖွဲ့ကြီး ၂ ခု အနေဖြင့် တရုတ်- ဥရောပသမဂ္ဂသည် ကူးလူးဖလှယ်မှု အားဖြည့်ရန်၊ နားလည်မှု နက်ရှိုင်းစေရန်၊ အပြန်အလှန် ယုံကြည်မှု တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် လုပ်ဆောင်ကာ စစ်ပွဲအပြီး နိုင်ငံတကာ စည်းစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာကြီးအတွက် ရှားပါးလှသော သေချာမှုကို ပံ့ပိုးပေးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအတူ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်လမ်းညွှန်ပေးရန် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အပြုသဘောဆောင်သော အောင်မြင်မှုရလဒ်များ ရရှိရေးအား တွန်အားပေးဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ် နိုင်ငံခြားရေးသည် တရုတ်ယဉ်ကျေးမှု၏ သဟဇာတဖြစ်သောဗီဇကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေး၊ အားလုံးပါဝင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံအားပေးကြောင်း၊ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ဆိုင်ရာကိစ္စများတွင် တရုတ်နိုင်ငံသည် ယနေ့ကမ္ဘာ့မှတ်တမ်း၌ အကောင်းဆုံးနိုင်ငံကြီးဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမဟုတ်၍ အမေရိကန် လျှောက်လှမ်းခဲ့သော လမ်းကြောင်းဖြင့် တရုတ်အပေါ် ရောင်ပြန်မထိုးသင့်ကြောင်း၊ တရုတ်-ဥရောပသမဂ္ဂ သမိုင်းယဉ်ကျေးမှု၊ တန်ဖိုးအမြင်ချင်းမတူညီကြရာ ကွဲပြားမှုများကြောင့် ပြိုင်ဘက်ဟု ရှုမြင်၍ မရကြောင်း၊ သဘောထားကွဲလွဲမှုရှိလာခြင်းကြောင့် ထိပ်ဆိုင်ရင်ဆိုင်မှုရှာဖွေခြင်း ပြုလုပ်၍ မရကြောင်း၊ လက်ရှိတွင် ဥရောပသည် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးသော အချိန်ကာလတွင် ဤစိန်ခေါ်မှုများသည် တရုတ်နိုင်ငံမှလာခြင်း မဟုတ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် လေ့လာသင်ယူမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ ဘုံတိုးတက်ကောင်းမွန်မှုဖြင့် လူသားမျိုးနွယ် ယဉ်ကျေးမှုအတွက် တရုတ်- ဥရောပသမဂ္ဂ ကူညီပံ့ပိုးမှုအသစ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော အသိအမြင်ထားရှိရန်၊ တရုတ်နိုင်ငံအပေါ် ပိုမိုအပြုသဘောဆောင်၍ လက်တွေ့ကျသည့် မူဝါဒကို လက်ကိုင်ထားကျင့်သုံးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဖြစ်သော တရုတ်- ဥရောပသမဂ္ဂအနေဖြင့် အရေးကြီးဆုံးမှာ အပြန်အလှန်လေးစားခြင်းနှင့် အပြန်အလှန်၏ အဓိကကျသော အကျိုးစီးပွားကို စောင့်ရှောက်ခြင်းဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဥရောပတစ်သားတည်းဖြစ်တည်ခြင်း၊ ဥရောပသမဂ္ဂက မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှုအားမြှင့်တင်ခြင်း၊ နိုင်ငံတကာရေးရာများတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို အစဉ်အမြဲ ထောက်ခံအားပေးကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့်လည်း လက်တွေ့ကျသော လုပ်ဆောင်မှုများဖြင့် တရုတ်၏ အဓိကကျသော အကျိုးစီးပွားကို လေးစားနိုင်ရန် မျှော်လင့်ကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် ပတ်သက်နေကြောင်း၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ သည် ထိုင်ဝမ်အပါအဝင် တရုတ်တစ်နိုင်ငံလုံး၏ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ကိစ္စကို အမှန်တရားနှင့် တရားဥပဒေမှ အပြည့်အဝ ဖြေရှင်းပေးခဲ့ပြီးဖြစ်ရာ ဥရောပသမဂ္ဂအနေဖြင့် တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို လက်တွေ့အခိုင်အမာ လိုက်နာရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Kaja Kallas က ဥရောပသမဂ္ဂနှင့် တရုတ်သည် မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဖက်သည် ကုလသမဂ္ဂ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ထောက်ခံအားပေးခြင်း၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာစည်းစနစ် ထိန်းသိမ်းကာကွယ်ခြင်း စသည့် အရေးပါသော ကိစ္စရပ်များတွင် ဘုံတာဝန်ဝတ္တရားနှင့် အရေးကြီးသော သက်ရောက်မှုများရရှိကြကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲအား ကောင်းမွန်စွာ ပြင်ဆင်ထားရန်၊ စိတ်ရင်းအမှန်ဖြင့် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် အပြန်အလှန်နားလည်မှု တိုးတက်စေပြီး ပိုမို အပြုသဘောဆောင်သော ဥရောပသမဂ္ဂ- တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ပိုမို ဟန်ချက်ညီ၍ တရားမျှတမှုရှိသော ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်း၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၊ အီရန်နျူကလီးယားအရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ (Xinhua)
…………………………………
(Chinese Version)
中欧举行第十三轮高级别战略对话
新华社布鲁塞尔7月3日电 当地时间7月2日,中共中央政治局委员、外交部长王毅在布鲁塞尔同欧盟外交与安全政策高级代表卡拉斯举行第十三轮中欧高级别战略对话。
王毅说,今年是中欧建交50周年,也是联合国成立80周年,即将举行的新一次中欧领导人会晤备受瞩目。50年来,中欧关系历经风风雨雨,迈过沟沟坎坎,只有全面回顾走过的路,才能正确把握前行方向。中欧关系发展历程表明,双方关系的定位是伙伴而不是对手,合作是主基调和压舱石,双方应在这一框架下通过沟通妥处分歧。中欧不存在根本利害冲突,有着广泛共同利益。双方都支持多边主义和开放合作,都支持联合国核心地位和国际关系民主化,都坚持通过对话和平解决争端。面对国际局势不确定、不稳定性上升,中欧作为两大力量和两大经济体,应加强交往、深化了解、增进互信、推进合作,共同维护战后国际秩序,为世界提供稀缺的确定性。中方愿同欧方推动新一次中欧领导人会晤取得积极成果,为中欧关系未来发展指明方向。
王毅表示,中国外交秉持中华文明的和谐基因,倡导和平、包容、合作。在和平与安全问题上,中国是当今世界记录最好的大国。中国不是美国,不应用美国走过的道路镜像中国。中欧历史文化、价值观不同,不能因为有差异就视为对手,不能由于出现分歧就寻求对抗。当前欧洲面临各种挑战,但过去、现在、未来都不是来自中国。双方应相互尊重、相互借鉴,共同发展、共同进步,为人类文明做出中欧新的贡献。希望欧方真正树立客观理性对华认知,奉行更加积极务实对华政策。
王毅强调,中欧作为全面战略伙伴,最重要的是相互尊重和照顾彼此核心利益。中方一贯支持欧洲一体化,支持欧盟增强战略自主,在国际事务中发挥建设性作用。希望欧方也能以实际行动尊重中方核心利益。台湾问题事关中国主权和领土完整,联合国2758号决议早已从事实和法理上彻底解决了包括台湾在内全中国在联合国的代表权问题,希望欧方切实恪守一个中国原则。
卡拉斯表示,欧中是伙伴,双方在支持联合国主导地位、维护国际法和国际秩序等重大议题上有着共同责任和重要影响。欧盟坚持一个中国政策,愿同中方筹备好新一次中欧领导人会晤,通过坦诚沟通,增进相互了解,发展更具建设性的欧中关系,开展更为均衡、公平的经贸合作。
双方还就乌克兰危机、以巴冲突、伊朗核问题等交换了看法。(完)
图说:7月2日,中共中央政治局委员、外交部长王毅在布鲁塞尔同欧盟外交与安全政策高级代表卡拉斯举行第十三轮中欧高级别战略对话。 新华社记者 彭子洋 摄