China
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဝူဟူမြို့က စက်ရုပ်ထုတ်လုပ်သူ Efort တွင် “တရုတ်ဉာဏ်ရည်တုထုတ်ကုန်” များအား ကြည့်ရှုခြင်း

ဝူဟူ(အန်းဟွေး)၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
မကြာမီရက်များက တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဝူဟူမြို့ရှိ Efort Intelligent Equipment Co.,Ltd. သို့ သတင်းထောက်သွားရောက်ခဲ့ပြီး စက်ရုပ်ထုတ်လုပ်မှုလုပ်ငန်း၏ တိုးတက်ရှင်သန်အားကောင်းလာမှုကို အနီးကပ် သွားရောက်ခံစားခဲ့သည်။
Efort ကို ၂၀၀၇ နှစ်တွင် ထူထောင်ခြင်းဖြစ်ပြီး ၎င်းထုတ်လုပ်သည့် စက်ရုပ်များကို အီလက်ထရွန်းနစ်၊ ဆိုလာပြား၊ လစ်သီယမ်ဘက်ထရီများ၊ မော်တော်ကားနှင့် မော်တော်ကား အစိတ်အပိုင်းပစ္စည်းများ၊ ရထားပို့ဆောင်ရေး၊ သင်္ဘောများနှင့် အခြားလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ လက်ရှိတွင် ပြည့်စုံသည့် အချက်အချာနည်းပညာ သုတေသနပြု၊ ထုတ်လုပ်မှုစနစ် ဖြစ်တည်လာပြီ ဖြစ်ပြီး အဓိက အချက်အချာအစိတ်အပိုင်း စသည့်ကဏ္ဍများတွင် ၁၀၀ ရာခိုင်နှုန်း ကိုယ်ပိုင်အသွင်နှင့် ပြည်တွင်းထုတ်လုပ်မှုအသွင်ကို ဖော်ဆောင်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် Efort ၏ စက်မှုလုပ်ငန်းသုံး စက်ရုပ်ရောင်းအားသည် ၁၆,၀၀၀ ခု ကျော်ခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်း ပထမဆုံး နိုင်ငံတော်အဆင့် စက်ရုပ်ထုတ်လုပ်မှုလုပ်ငန်းများ စုစည်းသည့်နေရာအနေဖြင့် ဝူဟူမြို့တွင် စက်ရုပ်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက် အစအဆုံး လုပ်ငန်းပေါင်း ၃၀၀ ကျော် စုဝေးနေရာ စက်ရုပ်တစ်ခုလုံး၊ အဓိကအစိတ်အပိုင်း၊ စနစ်များစုစည်းခြင်း၊ လုပ်ငန်းအသုံးချခြင်း ဟူသော ကုန်ထုတ်လုပ်ငန်းကွင်းဆက်တစ်ခုလုံး လွှမ်းခြုံပါဝင်ပေသည်။ ၂၀၂၄ ခုနှစ်တွင် ဝူဟူ စက်ရုပ်ထုတ်လုပ်မှုလုပ်ငန်း၏ ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၄၀ ဘီလီယံကျော် ရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဝူဟူမြို့ Efort Intelligent Equipment Co.,Ltd တွင် လူပုံစံတူစက်ရုပ်တစ်မျိုးကို ဝန်ထမ်းများက ချိန်ညှိစမ်းသပ်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
活力中国调研行丨安徽芜湖:在机器人生产企业埃夫特看“中国智造”
新华社照片,芜湖(安徽),2025年7月4日
近日,记者走进位于安徽省芜湖市的埃夫特智能机器人股份有限公司,近距离感受机器人产业的蓬勃活力。埃夫特成立于2007年,生产的机器人广泛应用于电子、光伏、锂电、汽车及汽车零部件、轨交、船舶等行业,目前已形成较为完整的核心技术研发体系,在关键核心部件等方面实现100%自主化和国产化。2024年,埃夫特工业机器人销量超过16000台。 作为全国首个国家级机器人产业集聚区,芜湖汇聚300多家机器人产业链上下游企业,形成涵盖机器人整机、核心零部件、系统集成、行业应用的全产业链。2024年,芜湖机器人产业产值超400亿元。
1. 7月3日,在位于安徽省芜湖市的埃夫特智能机器人股份有限公司内,一款人形机器人在动作捕捉设备帮助下进行训练。 新华社记者 张铖 摄
2. 7月3日,在位于安徽省芜湖市的埃夫特智能机器人股份有限公司内,工作人员在调试一款人形机器人。新华社记者 张铖 摄