North America
“ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းအား ထရမ့် လက်မှတ်ရေးထိုး

နယူးယောက်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၄ ရက် ညနေပိုင်းတွင် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းအား လက်မှတ်ရေးထိုးခဲ့ရာ အငြင်းပွားမှုများရှိနေသည့် အဆိုပါဥပဒေကြမ်းသည် တရားဝင်ဥပဒေဖြစ်လာကြောင်း အမှတ်သင်္ကေတဖြစ်လာသည်။
အမေရိကန်အောက်လွှတ်တော်သည် မဲအားသာချက် အနည်းငယ်ဖြင့် အဆိုပါဥပဒေကြမ်းအား ဇူလိုင် ၃ ရက်တွင် အတည်ပြုခဲ့ရာ ထရမ့်သည် ၎င်း၏ဆန္ဒအတိုင်း အဆိုပါဥပဒေကြမ်း လက်မှတ်ရေးထိုးသည့် အခမ်းအနားအား အမေရိကန် “လွတ်လပ်ရေးနေ့” ဂုဏ်ပြုအခမ်းအနား၏ အစိတ်အပိုင်း တစ်ခုအဖြစ် လုပ်ဆောင်နိုင်ခဲ့သည်။
လက်မှတ်ရေးထိုးသည့် အခမ်းအနားမတိုင်မီ ထရမ့်က အမှာစကားပြောကြားရာ၌ အဆိုပါ ဥပဒေကြမ်းက အဘယ်ကြောင့် “ကြီးမြတ်၍ တင့်တယ်လှပ” ရခြင်းကို ထပ်မံရှင်းလင်းပြောကြားခဲ့ပြီး အထက်လွှတ်တော် လူများစုပါတီခေါင်းဆောင် John Thune နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson တို့၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ချီးကျူးခဲ့သည်။
အဆိုပါဥပဒေကြမ်းသည် ထရမ့်၏ အရေးကြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို ပေါ်လွင်စေပြီး အဓိကအကြောင်းအရာအနေဖြင့် စည်းကြပ်ခွန်လျှော့ချခြင်း၊ ဆေးကုသရေးအာမခံနှင့် အာဟာရထောက်ပံ့မှု စီမံကိန်း အသုံးစရိတ် လျှော့ချခြင်း၊ စစ်ရေးနှင့် နယ်စပ်ကာကွယ်ရေးအသုံးစရိတ် ထပ်တိုးခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
အမေရိကန်လွှတ်တော် ပါတီနှစ်ရပ် လွှတ်တော်အမတ်များက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်းထန်စွာ သဘောထားကွဲလွဲမှုများရှိကြသည်။ ဇူလိုင် ၃ ရက်တွင် အောက်လွှတ်တော်၌ မဲပေးရာတွင် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်အားလုံးနှင့် ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် ၂ ဦးက ကန့်ကွက်မဲပေးခဲ့သည်။ အဆိုပါဥပဒေကြမ်းကြောင့် အမေရိကန်၏ မြင့်မားနေပြီဖြစ်သော ဘဏ္ဍာရေးလိုငွေပြမှုသည် အနာဂတ် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃.၃ ထရီလီယံခန့် ထပ်မံတိုးပွားလာနိုင်ပြီး အမေရိကန်ပြည်သူ ဆယ်သန်းကျော်ကလည်း ဆေးကုသရေးထောက်ပံ့ကြေးငွေနှင့် အစားအစာ ထောက်ပံ့ကြေးငွေများ ဆုံးရှုံးသွားလိမ့်မည်ဟု အမေရိကန်မီဒီယာများက ယူဆကြသည်။ (Xinhua)
———————-
(Chinese Version)
特朗普签署“大而美”税收和支出法案
新华社纽约7月4日电(记者徐兴堂)美国总统特朗普4日下午签署“大而美”税收和支出法案,标志着这一备受争议的法案正式成为法律。
这项法案于3日在美国会众议院以微弱优势获得通过,特朗普如愿将签署仪式变成美国“独立日”庆祝活动的一部分。
签署仪式前,特朗普发表讲话再次解释了为什么这个法案“大而美”,并称赞国会参议院多数党领袖约翰·图恩和众议院议长迈克·约翰逊的努力。
这项法案体现了特朗普的重要执政议程,主要内容包括减税、削减医疗保险和营养补助项目支出、增加军事和边境安全支出等。
美国会两党议员对该法案意见分歧严重。在3日众议院的投票中,所有民主党议员和两名共和党议员投了反对票。美国媒体认为,该法案将使美国已经高企的财政赤字在未来十年再增加约3.3万亿美元,同时上千万美国民众将失去医疗补助和食物补贴。(完)
图说:7月4日,在美国首都华盛顿白宫,美国总统特朗普发表讲话。新华社记者 胡友松 摄