North America
နိုင်ငံ ၁၄ နိုင်ငံအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟု ထရမ့် ကြေညာ

နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ဩဂုတ် ၁ ရက်မှစ၍ ဂျပန်၊ တောင်ကိုရီးယား စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ တင်သွင်းသောကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မတူကွဲပြားစွာ ကောက်ခံသွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ၎င်းကိုယ်ပိုင်တည်ထောင်သည့် “Truth Social” ဝက်ဘ်ဆိုက်တွင် ၎င်းအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တောင်အာဖရိက၊ လာအို၊ မြန်မာ၊ တူနီးရှား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီနား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆာဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံ၏ အကြီးအကဲများအား ရေးသားပေးပို့သည့် စာလွှာများအား ထုတ်ပြန်ခဲ့ပြီး စည်းကြပ်ခွန်အသစ်တွင် အခြားလုပ်ငန်းအခွန်အခ မပါဝင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစာလွှာများ၏ အကြောင်းအရာများအရ ဂျပန်၊ တောင်ကိုရီးယား၊ တူနီးရှား၊ ကာဇက်စတန်နိုင်ငံများကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း၊ တောင်အာဖရိကနှင့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားကို စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားကို စည်းကြပ်ခွန် ၃၂ ရာခိုင်နှုန်း၊ ဆာဘီးယားနှင့် ဘင်္ဂလားဒေ့ရှ်ကို စည်းကြပ်ခွန် ၃၅ ရာခိုင်နှုန်း၊ ထိုင်းနှင့် ကမ္ဘောဒီးယားကို စည်းကြပ်ခွန် ၃၆ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး လာအိုနှင့် မြန်မာနိုင်ငံကမူ မြင့်မားသည့်စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်းကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။
အကယ်၍ အဆိုပါနိုင်ငံများက လက်တုံ့ပြန်မှုအနေဖြင့် စည်းကြပ်ခွန်ကို တိုးမြှင့်ပါက အမေရိကန်သည် ယခုအကြိမ် အခွန်နှုန်းထား အခြေခံပေါ်တွင် အလားတူပမာဏ စည်းကြပ်ခွန် ထပ်မံ မြှင့်တင်သွားမည် ဖြစ်ကြောင်း အဆိုပါအကြောင်းအရာများ လုံးဝနီးပါးတူညီသော စာလွှာတွင် ထရမ့်က စာလွှာလက်ခံရရှိသည့် နိုင်ငံခေါင်းဆောင်များအား သတိပေးပြောကြားထားသည်။
တစ်ချိန်တည်းတွင်ပင် အကယ်၍ ယင်းနိုင်ငံများ သို့မဟုတ် ၎င်းနိုင်ငံများ၏ လုပ်ငန်းများက အမေရိကန်နိုင်ငံအတွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ရန် ဆုံးဖြတ်ပါက စည်းကြပ်ခွန်ကောက်ခံခြင်း ခံရမည် မဟုတ်ကြောင်း၊ အကယ်၍ သက်ဆိုင်ရာနိုင်ငံများက ပြည်တွင်းဈေးကွက်ကို အမေရိကန်အတွက် တံခါးဖွင့်လှစ်ထားမည်ဆိုလျှင် စည်းကြပ်ခွန်နှင့် စည်းကြပ်ခွန်မဟုတ်သော ကုန်သွယ်ရေးအတားအဆီးများကို တစ်ချိန်တည်းတွင် ဖယ်ရှားသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဤသို့ဆိုလျှင် “ကျွန်တော်တို့အနေနဲ့ ဒီစာလွှာထဲက အကြောင်းအရာတွေကို ချိန်ညှိသွားမယ်။ သက်ဆိုင်ရာ စည်းကြပ်ခွန်နှုန်းက တိုးတာ ဒါမှမဟုတ် လျှော့ချတာမျိုး ပြင်ဆင်သွားမယ်။ ဒါက ကျွန်တော်တို့ နိုင်ငံတွေအကြားက ဆက်ဆံရေးပေါ်မှာ မူတည်တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
“အလားတူစည်းကြပ်ခွန်” ကို ရက်ပေါင်း ၉၀ ခေတ္တဆိုင်းငံ့ရန်၊ အကောင်အထည်ဖော်ဆောင်မည့်အချိန်ကို ဇူလိုင် ၉ ရက်မှ ဩဂုတ် ၁ ရက်သို့ ရွှေ့ဆိုင်းရန် အမိန့်ကြေညာချက်တစ်ရပ်ကို ထရမ့်က လက်မှတ်ထိုးရန် စီစဉ်နေကြောင်း အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt က ဇူလိုင် ၇ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထရမ့်သည် ယခုသီတင်းပတ်တွင် ကုန်သွယ်ဖက်များအား စာလွှာပေးပို့ကာ အမေရိကန် ကောက်ခံမည့် စည်းကြပ်ခွန်နှုန်းထား အစီအစဉ်ကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ ဩဂုတ် ၁ ရက်မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်မရသေးသော နိုင်ငံများအပေါ် စည်းကြပ်ခွန်နှုန်းထားသည် ဧပြီလတွင် ကြေညာခဲ့သည့် “အလားတူစည်းကြပ်ခွန်” အဆင့်ကို ပြန်လည်ထားရှိသွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဇူလိုင် ၆ ရက်တွင် CNN ၏ မေးမြန်းမှု၌ ပြောကြားခဲ့သည်။
ထရမ့်က ဧပြီ ၂ ရက်တွင် “အလားတူစည်းကြပ်ခွန်” ဟူ၍ ကောက်ခံသွားမည်ဟု ကြေညာခဲ့ရာ အမေရိကန် ဘဏ္ဍာရေးဈေးကွက် ထိုးကျမှု ဖြစ်ပွားခဲ့သည်။ ဘက်ပေါင်းစုံ၏ ဖိအားများအောက်တွင် ထရမ့်က ဧပြီ ၉ ရက်တွင် ကုန်သွယ်ဖက်အချို့အပေါ် မြင့်မားသည့် “အလားတူစည်းကြပ်ခွန်” ကောက်ခံမှုကို ရက်ပေါင်း ၉၀ ကြာ ယာယီဆိုင်းငံ့သွားမည်ဖြစ်သော်လည်း ၁၀ ရာခိုင်နှုန်း “အခြေခံစည်းကြပ်ခွန်” ကို ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့ပြန်သည်။
ထရမ့်၏ စည်းကြပ်ခွန်ထပ်တိုးကောက်ခံမည့် ကြေညာချက်သတင်းများ၏ သက်ရောက်မှုကြောင့် အမေရိကန် စတော့ရှယ်ယာဈေးကွက်၏ အညွှန်းကိန်းများသည် ဇူလိုင် ၇ ရက်တွင် အလုံးစုံ ကျဆင်းခဲ့သည်။ (Xinhua)
——————-
(Chinese Version)
特朗普宣布将对14国加征关税
新华社纽约7月7日电(记者徐兴堂)美国总统特朗普7日表示,将从8月1日起分别对来自日本、韩国等14个国家的进口产品征收25%至40%不等的关税。
特朗普在自己创立的“真实社交”网站上陆续发布了他写给日本、韩国、马来西亚、哈萨克斯坦、南非、老挝、缅甸、突尼斯、波黑、印度尼西亚、孟加拉国、塞尔维亚、柬埔寨、泰国等14国领导人的信函,阐述征税理由,并表示新关税将不包括其他行业关税。
根据这些信的内容,日本、韩国、马来西亚、突尼斯、哈萨克斯坦将被征收25%的关税,南非和波黑将被征收30%的关税,印度尼西亚将被征收32%的关税,塞尔维亚和孟加拉国将被征收35%的关税,泰国和柬埔寨将被征收36%的关税,老挝和缅甸则面临高达40%的关税。
在这些内容几乎完全相同的信中,特朗普警告收信国领导人称,如果想提高关税作为回应,美国将在此次税率基础上再提高同等额度的关税。同时,如果这些国家或其企业决定在美国境内生产产品,将不会被征收关税。如果相关国家将国内市场向美国开放,同时消除关税和非关税贸易壁垒,那么,“我们可能会对这封信的内容进行调整,相关关税税率可以向上或者向下调整,这取决于我们国家之间的关系”。
白宫新闻发言人卡罗琳·莱维特7日下午在记者会上说,特朗普计划签署行政令,延长“对等关税”90天暂缓期,将实施时间从7月9日推迟到8月1日。
美国财政部长贝森特6日接受美国有线电视新闻网采访时表示,特朗普本周将向贸易对象发送信函,告知美方计划征收的关税税率。对于8月1日之前未能与美国达成贸易协议的国家,关税税率将恢复到4月宣布的“对等关税”水平。
特朗普4月2日宣布开征所谓“对等关税”,引发美国金融市场暴跌。在多方压力下,特朗普又在4月9日宣布暂缓对部分贸易对象征收高额“对等关税”90天,但维持10%的“基准关税”。
受特朗普宣布加征关税消息影响,美国股市主要股指7日全线下跌。(完)
1. 6月27日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄