China
ပေကျင်းမြို့ရှိ မိယွင်ရေလှောင်တမံတွင် ငှက်ကလေးများ အသိုက်မှ ထွက်ခွာပျံသန်း

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင်ရေလှောင်တမံ ငှက်ကျွန်းပေါ်မှ ငှက်ကလေးများသည် အသိုက်မှ အသီးသီး ပျံသန်းထွက်ခွာလာခဲ့သည်။ မိယွင်ရေလှောင်တမံ စီမံခန့်ခွဲရေးဌာန၏ ရေဂေဟဗေဒစီမံစောင့်ရှောက်သူ၏ လေ့လာတွေ့ရှိချက်အရ ငှက်ကျွန်းပေါ်မှ ငဟစ်မီးခိုး (Grey heron)၊ တင်ကျီးငှက် (Great cormorant)၊ ဝေသာလီဗျိုင်း (Little egret) စသည့် ငှက်မျိုးစိတ်များ၏ သားပေါက်အရေအတွက်မှာ တည်ငြိမ်မှုရှိကြောင်း၊ အကောင်ပေါက်လာသော ငှက်ကလေးများသည် အရွယ်ရောက်ငှက်တို့၏ ဂရုတစိုက် ပြုစုပျိုးထောင်ပေးမှုကြောင့် လတ်တလောရက်များတွင် အစမ်း ပျံသန်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။
မိယွင်ရေလှောင်တမံသည် မကြာသေးမီနှစ်များတွင် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ လူသားများ၏ အနှောင့်အယှက်လျှော့ချခြင်းစသည့် နည်းလမ်းများဖြင့် ငှက်များအတွက် တည်ငြိမ်သော မျိုးပွားသည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်။ လက်ရှိတွင် ငှက်ကျွန်းသည် ငဟစ်မီးခိုး (Grey heron)၊ တင်ကျီးငှက် (Great cormorant)၊ ဝေသာလီဗျိုင်း (Little egret) စသည့် ငှက်မျိုးစိတ် ၁၀ ခုကျော်အား ဤနေရာတွင် လာရောက် ကျက်စားနေထိုင်ရန် ဆွဲဆောင်နိုင်ခဲ့ပြီး နှစ်စဉ် မျိုးပွားသော ငှက်ကလေး အကောင်အရေအတွက်မှာ ၂,၀၀၀ နီးပါးရှိရာ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ၏ အရေးပါသော “ငှက်ကလေးမွေးမြူရေးစခန်း” ဖြစ်လာသည်။(Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ မိယွင်ရေလှောင်တမံ ငှက်ကျွန်းပေါ်မှ တင်ကျီးငှက် (Great cormorant) များအား ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
北京密云水库:幼鸟离巢飞翔
新华社照片,北京,2025年7月3日
近日,北京市密云水库鸟岛的幼鸟陆续离巢飞翔。据密云水库管理处水生态所管护员观测,鸟岛上的苍鹭、鸬鹚、白鹭等种群繁殖数量稳定,孵化的幼鸟在成鸟精心哺育下,近日陆续进行试飞活动。
密云水库近年来通过林木抚育、减少人为干扰等方式,为鸟类营造了稳定的繁殖环境。目前鸟岛已吸引苍鹭、鸬鹚、白鹭等十余种鸟类在此栖息,年繁殖幼鸟近2000只,成为华北地区重要的鸟类”育儿所”。
图说1:7月2日在密云水库鸟岛拍摄的小白鹭。 新华社记者 李欣 摄
图说2:7月2日在密云水库鸟岛拍摄的小鸬鹚。新华社记者 李欣 摄