Connect with us

North America

ထရမ့်က “အလားတူစည်းကြပ်ခွန်” ခေတ္တဆိုင်းငံ့ကာလကို ဩဂုတ် ၁ ရက်အထိ သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း အိမ်ဖြူတော် ဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်အား ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က “အလားတူစည်းကြပ်ခွန်” ကို ရက် ၉၀ ကြာ ခေတ္တဆိုင်းငံ့ကာလ သက်တမ်းတိုးကာ အကောင်အထည်ဖော်မည့်အချိန်ကို ဇူလိုင် ၉ ရက်မှ ဩဂုတ် ၁ အထိ ရွှေ့ဆိုင်းမည်ဖြစ်သော အမိန့်ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။

အမေရိကန်ဘက်က ကောက်ခံရန်စီစဉ်ထားသည့် စည်းကြပ်ခွန် အခွန်နှုန်းထားများကို အကြောင်းကြားရန် ထရမ့်သည် ယခုသီတင်းပတ်တွင် ကုန်သွယ်ဖက်များထံ အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း၊ ဩဂုတ် ၁ ရက်မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီမှုမရှိရသေးသော နိုင်ငံများအပေါ် စည်းကြပ်ခွန် အခွန်နှုန်းထားသည် ဧပြီလတွင် ကြေညာထားသည့် “အလားတူစည်းကြပ်ခွန်” ပမာဏသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent က CNN သတင်းဌာန၏ ဇူလိုင် ၆ ရက် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ထရမ့်က ဩဂုတ် ၁ ရက်မှစ၍ ဂျပန်နှင့် တောင်ကိုရီးယားမှ တင်သွင်းသော ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက် အစောပိုင်းတွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် မလေးရှား၊ ကာဇက်စတန်၊ တောင်အာဖရိက၊ လာအိုနှင့် မြန်မာနိုင်ငံများမှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိရှိသော စည်းကြပ်ခွန် ကောက်ခံသွားမည်ဟု ထပ်မံကြေညာခဲ့သည်။

ထရမ့်က ဧပြီ ၂ ရက်တွင် “အလားတူ စည်းကြပ်ခွန်” ဟူ၍ ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ အမေရိကန် ဘဏ္ဍာရေးဈေးကွက် အပြင်းအထန် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ဘက်ပေါင်းစုံ၏ ဖိအားများအောက်တွင် ထရမ့်က ဧပြီ ၉ ရက်တွင် အချို့သော ကုန်သွယ်ဖက်နိုင်ငံများအပေါ် မြင့်မားသော “အလားတူ စည်းကြပ်ခွန်” ကောက်ခံမှုကို ခေတ္တဆိုင်းငံ့ပေးကြောင်း ကြေညာခဲ့သော်လည်း “အခြေခံ စည်းကြပ်ခွန်” ၁၀ ရာခိုင်နှုန်းကို ဆက်လက်ထိန်းထားခဲ့ကြောင်း သိရသည်။ (Xinhua)


…………………………………
(Chinese Version)
美国白宫:特朗普拟将“对等关税”暂缓期延长至8月1日
新华社纽约7月7日电 美国白宫新闻发言人卡罗琳·莱维特7日下午在记者会上证实,美国总统特朗普计划签署行政令,延长“对等关税”90天暂缓期,将实施时间从7月9日推迟到8月1日。
美国财政部长贝森特6日接受美国有线电视新闻网采访时表示,特朗普本周将向贸易对象发送信函,告知美方计划征收的关税税率。对于8月1日之前未能与美国达成贸易协议的国家,关税税率将恢复到4月宣布的“对等关税”水平。
特朗普7日早些时候在社交媒体上宣布,将从8月1日起分别对来自日本和韩国的进口产品征收25%的关税。当天下午,他又宣布对马来西亚、哈萨克斯坦、南非、老挝、缅甸征收25%至40%的关税。
特朗普4月2日宣布开征所谓“对等关税”,引发美国金融市场暴跌。在多方压力下,特朗普又在4月9日宣布暂缓对部分贸易对象征收高额“对等关税”90天,但维持10%的“基准关税”。(完)
图说:7月7日,在美国首都华盛顿白宫,白宫新闻发言人卡罗琳·莱维特出席记者会。新华社记者 胡友松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.